15.jpeg

zoxnetMay 23, 20101min00
အခု ကျွန်တော်ပြောမယ့် Plugin လေးက WordPresser တွေ အတွက်ပါ ခင်ဗျာ။ WordPress post တွေမှာ ဗွီဒီယိုတွေ တင်ချင်တယ် ဆိုရင် လွယ်ကူဖို့ အတွက် ကြားခံထောက်ပံ့ ပေးတဲ့ ပလဂ်အင် ဖြစ်ပါတယ်။ အဲဒီ Viper’s Quicktags Plugin ကို ဒီမှာ အရင် ဒေါင်းလုဒ် လုပ်ပါခင်ဗျာ။ ပြီးရင် ထုံးစံအတိုင်း OneClick Plugin နဲ့ မိမိတို့ရဲ့ WordPress ဘလော့ဂ် ထဲက ပလဂ်အင်အုပ်စုထဲကို အင်စတောလုပ်လိုက်ပါ။ အုပ်စုထဲကို ရောက်သွားရင် Activate လုပ်ပေးပါ။ Activated ဖြစ်သွားရင် Dashboard ကို ပြန်သွားပြီး Setting ထဲမှာ Video Quicktags ဆိုတာကို တွေ့ရပါလိမ့်မယ်။ […]

images13.jpeg

zoxnetMay 23, 20101min01
အယ်ဒီတာ လူကြီးမင်းများ ခင်ဗျာ။ အဆင်ပြေမယ်ဆိုရင် Viper’s Quicktags plugin ကို တင်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ ရှယ်ရ် ချင်တဲ့ ဗွီဒီယို ဖိုင်လေးတွေရှိလို့ပါ ခင်ဗျာ။ အပန်းဖြေမှု အတွက်နဲ့ နည်းပညာပိုင်းဆိုင်ရာ ဗွီဒီယို ဖိုင်တွေပဲ တင်မှာပါ ခင်ဗျာ။ လက်ခံမယ်ဆိုရင် အလွန် ကျေးဇူးတင်မိမှာပါ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ Long live Mandalay Gazette……

121.jpeg

zoxnetMay 21, 20101min00
သူတပါး၏ သောက သို့မဟုတ် ဒုက္ခအား မမျှဝေ နိုင်သမျှ ကာလပတ်လုံး ထိုသူသည် လူ့အဖွဲ့အစည်းဝင် အပြည့်အဝ မဖြစ်သေးပေ ဟူသော အဆိုတစ်ခုကို ကျွန်တော် ဖတ်ခဲ့ရဖူးပါ၏။ ကျွန်တော်သည် အကျိုးဆောင် တစ်ယောက် မဟုတ်ပါ။ အပြည့်အဝ ကူညီနိုင်သူ တစ်ဦးမဟုတ်ပါ။ လောလောဆယ် အချိန်တွင် ကျွန်တော့်တွင်လည်း သောကတွေ ဝေနေပါ၏။ သို့သော် ကျွန်တော် မပြုနိုင်သည့်တိုင်၊ ပြုနိုင်သူများ ရှိနေနိုင်ပါသည်။ ကျွန်တော် ရှေ့တွင် ရေးခဲ့သည့်အတိုင်း ဘီ ပိုး ခံစားနေရသူများ အတွက် ပြည်တွင်း၊ ပြည်ပတွင် အလုပ်အကိုင် အခွင့်အရေး လုံးဝမရှိချေ။ အလုပ်ပိုင်ရှင်များ ဘက်ကလည်း သူတို့၏ ခိုင်လုံသော ငြင်းဆိုရသည့် အထောက်အထားများကို ပြသကြ၏။ သို့စေလျှင် ထို အရည်အချင်း ရှိ […]

image41.jpg

zoxnetMay 20, 20101min05
အစ်ကိုတို့ ရည်ရွယ်ချက်တွေကို ဘယ်သူတွေ လတ်တလော ပြောင်းနေလဲ ဆိုတာ ဒီကာတွန်းလေးက ဖော်ပြထားပါတယ်။ ဟုတ်မဟုတ် စမ်းစစ်ကြည့်ကြပါ။

image001.jpg

zoxnetMay 20, 20101min03
သစ်သားနဲ့ ဖန်တီးထားတဲ့ လှပတဲ့ ကွန်ပျူတာ အစုံလေးပါ။ ပလတ်စတစ်တွေ နဲ့ သုံးရတဲ့ ငြီးငွေ့လာတဲ့ သူတွေ အတွက် အပြောင်းအလဲလည်း ဖြစ်စေမယ့် အသစ်လေးဖြစ်ပါတယ်။ ထူးထူးခြားခြားလေးတွေ့လို့ မျှဝေလိုက်ပါတယ် ခင်ဗျာ။

57595775-888x620.jpg

zoxnetMay 20, 20101min05
ငါးမန်းတစ်ကောင် တိုက်ခိုက်ခြင်း ခံရတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အလောင်းဖြစ်ပါတယ်။ စိတ်မချမ်းမြေ့ဖွယ်ရာ ကောင်းလောက် အောင် ပျက်စီးယိုယွင်းနေပါပြီ။ အဲဒီ မတိုင်ခင်မှာတော့ သူ့မှာ အများကြီး မျှော်လင့်ချက်တွေ ရှိခဲ့မှာပါ။ အများကြီး ပျော်ရွှင်ဖို့ အားခဲထားမှာပါ။ သူ့အပေါ်ချစ်ခင်သူ အများကြီး ရှိကြမှာပါ။ အခုအချိန်မှာတော့ သူ့အပေါ် ချစ်ခင်သူတွေကတောင် မျက်လုံးမှိတ် နှာခေါင်းရှုံ့ကြမယ် ထင်ပါတယ်။

snake.jpg

zoxnetMay 18, 20101min04
အင်ဒိုနီးရှားမှာ တွေ့ရှိခဲ့တဲ့ လူဦးခေါင်းနဲ့မြွေပါ။ လေ့လာနိုင်ဖို့ အတွက် ပြတိုက်မှာ ပြသထားတယ်လို့ ဆိုပါတယ်။ ဒေါက်တာ သက်တန့်ချို ရဲ့ ဘလော့ဂ်ကနေ သိခဲ့ရတာ ဖြစ်ပါတယ်။

14.jpeg

zoxnetMay 18, 20101min02
ဘယ်လ်ဂျီယံ နိုင်ငံက နွားကြီးတွေပါ ခင်ဗျာ။ ဗလတွေကတော့ ဘယ် GYM မှာ ကစားထားမှန်း မသိပါဘူး။ ကျွန်တော်လည်း အခုတလော နွားအကြောင်း ဓါတ်ကျနေတာနဲ့ နွားအကြောင်းပဲ တင်မိပါတယ်။ အဟဲ။

UNSET1.jpg

zoxnetMay 17, 20101min02
သူ့နံမည်က Chili ပါ။ ဂင်းနစ်မှတ်တမ်း မှာ ကမာ္ဘ့အကြီးဆုံး နွားစာရင်းဝင်ဖို့ သူ့ပိုင်ရှင်က ကြိုးစားနေပါတယ်။ ကျွန်တော်ကတော့ ချက်လိုက်ရင် တော်တော်နဲ့ ကုန်မှာ မဟုတ်ဘူးလို့ပဲ ထင်ပါတယ်။

13.jpeg

zoxnetMay 17, 20101min05
ကျွန်တော် မသိပါ။ ကျွန်တော် မေးချင်ပါ၏။ ယခုမေးခွန်းများ သည် ကျွန်တော် အရွဲ့တိုက် မေးခြင်းမျိုး မဟုတ်သော မေးခွန်းများ ဖြစ်ခြင်းကို ကျွန်တော် အတိအကျ ဝန်ခံလိုပါ၏။ လူအချို့၊ သို့မဟုတ် လူအများ၏ မျှော်လင့်ချက်နှင့် သက်ဆိုင်နေသော မေးခွန်းများ ဖြစ်ပါ၏။ ဆေးပညာ လောကနှင့်လည်း တည့်တည့်သော်၎င်း၊ သွယ်ဝိုက်၍ သော်၎င်း ပတ်သက်နေသော မေးခွန်းမျိုးလည်း ဖြစ်နေပါ၏။ လက်ဝါးကို ပဲ ကြည့်၍၊ လက်ဝါးဟု ကျုံးအော်နေသော လက်ပိုင်ရှင် များအားလည်း ဖြေစေလိုသော မေးခွန်းမျိုးလည်း ဖြစ်နိုင်ပါ၏။ မေးခွန်းများအား မည်သူမဆို ဖြေဆိုနိုင်ပါ၏။ သဘောထားအားဖြင့် လည်း လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါလေ၏။ ကျွန်တော် မသိသော၊ ကျွန်တော် ဖြေ၍မရသော မေးခွန်းများအား ဖြေဆိုပေးသူ အားလုံးအတွက် […]

31.jpg

zoxnetMay 15, 20101min010
United Arab Emirates က Fujairah မှာ ထူးဆန်းတဲ့ ငါးတစ်ကောင် ဖမ်းမိပါတယ်။ ဘယ် အမျိုးအစား ဖြစ်တယ် ဆိုတာ ပညာရှင်တွေတောင် မသိကြသေးပါဘူး။ စိစစ် ဖော်ထုတ်နေကြတုန်း ပါပဲ။

21.jpeg

zoxnetMay 15, 20101min01
တန်ဖိုးကြီး ကျောက်မျက်တွေနဲ့ စီခြယ်ထားတာပါ။ တဲအိမ်စု လို့ ဒီပန်းချီကားလေးကို အမည် ပေးထားပါတယ်။ တွင်းထွက် စစ်စစ်တွေ ကိုပဲ အသုံးပြုထားပါတယ်။ ဟန်းမိတ် စစ်စစ်ပါ။ ကွာလတီ နဲ့ လက်ရာ တွေဟာ စက်နဲ့ ဖန်တီးမှုအောက် မလျော့နည်းဘူး ဆိုတာ တာဝန်ယူပါတယ်။

12.jpeg

zoxnetMay 15, 20101min06
မြန်မာ့ ဆေးပညာ လောက ကို မိတ်ဆွေတို့ ထဲထဲဝင်ဝင် သိမြင်ချင်မှ သိမြင်မှာပါ။ မြန်မာ့ ဆေးပညာ လောက ကို အနောက်တိုင်း ဆေးဆရာတွေ မမှီနိုင်တာ ရှိတယ်ဆိုတာ ထဲထဲဝင်ဝင် လေ့လာကြည့်ရင် သိနိုင်ပါလိမ့်မယ်။ မကြာသေးခင်က ရတနာပုံ သတင်းစာ မှာပဲ Hepatitis C ကို အမေရိကား မှာ အလကား ပျောက်အောင် ကုပေးနေပြီ လို့ ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် Hepatitis B ကိုတော့ ပျောက်အောင် ကုပေးနေတဲ့ နေရာကို အမေရိကား မှာ မတွေ့မိသေးပါဘူး။ ဟုတ်ကဲ့။ ကျွန်တော်တို့ မြန်မာပြည်မှာ Hepatitis B ကို ပျောက်အောင် ကုပေးနေပြီး တကယ်လည်း ပျောက်တဲ့ ဆေးနည်းတွေ ပိုင်ဆိုင်ထားတဲ့ […]