Hands for HB Carrier

zoxnetMay 21, 20101min00
12

သူတပါး၏ သောက သို့မဟုတ် ဒုက္ခအား မမျှဝေ နိုင်သမျှ ကာလပတ်လုံး ထိုသူသည် လူ့အဖွဲ့အစည်းဝင် အပြည့်အဝ မဖြစ်သေးပေ ဟူသော အဆိုတစ်ခုကို ကျွန်တော် ဖတ်ခဲ့ရဖူးပါ၏။ ကျွန်တော်သည် အကျိုးဆောင် တစ်ယောက် မဟုတ်ပါ။ အပြည့်အဝ ကူညီနိုင်သူ တစ်ဦးမဟုတ်ပါ။ လောလောဆယ် အချိန်တွင် ကျွန်တော့်တွင်လည်း သောကတွေ ဝေနေပါ၏။ သို့သော် ကျွန်တော် မပြုနိုင်သည့်တိုင်၊ ပြုနိုင်သူများ ရှိနေနိုင်ပါသည်။ ကျွန်တော် ရှေ့တွင် ရေးခဲ့သည့်အတိုင်း ဘီ ပိုး ခံစားနေရသူများ အတွက် ပြည်တွင်း၊ ပြည်ပတွင် အလုပ်အကိုင် အခွင့်အရေး လုံးဝမရှိချေ။ အလုပ်ပိုင်ရှင်များ ဘက်ကလည်း သူတို့၏ ခိုင်လုံသော ငြင်းဆိုရသည့် အထောက်အထားများကို ပြသကြ၏။ သို့စေလျှင် ထို အရည်အချင်း ရှိ လူငယ်များသည် ဘယ်ကဲ့သို့ လုပ်ကိုင် စားသောက်ကြမည်နည်း။ မည်သူသည် ထိုသူတို့အား ကိုယ်ပိုင် အလုပ်လုပ်ကိုင်ရန် ငွေကြေးထုတ်ချေး မည်နည်း။ မည်ကဲ့သို့ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို ထူထောင်ကြမည်နည်း။ သူတို့ အတွက် တွဲခေါ်မည့်၊ လမ်းပြမည့် လက်များလိုအပ်ပါသည်။ ကျွန်တော် ဝမ်းသာအားရစွာ ကြားသိရပါသည်။ မကြာမီ ထိုသူများအတွက် လမ်းပြမည့် သို့မဟုတ် လမ်းညွှန်ပေးမည့်၊ ကူညီရိုင်းပင်းကြမည့် စေတနာ့ အဖွဲ့အစည်း တစ်ခု ရှိလာပါတော့မည် ဖြစ်ပါသည်။ ထို့အဖွဲ့အစည်း သည် Hands for HB carrier ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများလည်း ဆက်သွယ် အကြံဉာဏ်ပေးနိုင်မည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published.