အောင် မြင်January 12, 20123min04
ရခိုင်ပြည်နယ်ရဲ ့ မုနိမြေဆိုတာ ကျောက်တော်မြို ့ကို ခေါ်ခြင်းဖြစ်ပါတယ်၊၊ ဘာကြောင့် မုနိမြေ ခေါ်လဲဆိုတော့ မဟာမြတ်မုနိဘုရား ကိန်းဝပ်စံပယ်တော် မူသောကြောင်း ခေါ်ခြင်း ဖြစ်ပါတယ်၊၊ မဟာမြတ်မုနိဘုရား သမိုင်းအကျဉ်းကို ဖော်ပြရမယ်ဆိုရင် BC ၅၈၈ခု၊ နန်းတက်တော်မူသည့် ရက္ခပူရ ဓညဝတီနေပြည်တော်ကြီး သခင်စန္ဒာသူရိယ ဘုရင်မင်းကြီး လက်ထက် ဂေါတမမြတ်စွာဘုရားသခင်သည် ဘိုးတော်အဉ္ဇနဖြိုကြွင်း သက္ကရာဇ် (၁၂၃)ခု၊ ဝါတော် ၂ဝမြောက်တွင် ရဟန္တာ(၅၀၀) ခြံရံကာ ပြသာဒ်ယာဉ် ပျံစီး၍ ကောင်းကင်ခရီးဖြင့် ဓညဝတီ နေပြည်တော်ကြီးသို ့ ရောက်ရှိလာကာ ဗုဒ္ဓ၏ ကိုယ်စားတော် မဟာမြတ်မုနိဘုရားကို ရင်ငွေ ့တော် ခုနှစ်လက်ခုပ် ထည့်တော်မူပြီး သွန်းလုပ်တော် မူခဲ့ပါတယ်၊၊ အဲဒီခေတ် ကာလအချိန်ကစပြီး ကျွန်တော်တို ့ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ […]