TTNUOctober 9, 20112min05
Spoken English Patterns (9) He was ashamed of her +verb(ing).        သူမ ဒါလုပ်ခြင်း အတွက် သူ့ မှာ မျက်နှာ ပူခဲ့ရတယ်။   (1) He was ashamed of her telling lies. သူမရဲ ့ လိမ်ညာမုသား ပြောခြင်း အတွက် သူ ့မှာ မျက်နှာ ပူခဲ့ရသေးတယ်။ (2) He was ashamed of her borrowing a lump sum of money from his friends. သူမရဲ ့ သူ့ သူငယ်ချင်းတွေဆီက […]


TTNUOctober 6, 20112min04
Spoken English Patterns (8)   You don’t + verb (Infinitive), what’s your excuse?        မင်းအဲဒါမလုပ်ဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။   (1) You don’t do class work, what’s your excuse? မင်း အတန်းတွင်း လေ့ကျင့်ခန်းတွေ မလုပ်ဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။ (2) You don’t say “Thank you” to your teacher, what’s your excuse? ဆရာမ ကိုကျေးဇူးတင်ပါတယ် လို့ မင်းမပြောဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။ (3) You don’t participate in the discussion, […]


TTNUOctober 6, 20111min010
Best Teacher (13)    ကျမ အမေ (ဝါ) ကျမရဲ ့ လက်ဦးဆရာ အမေရှိစဉ်က ခဏခဏ ပြောဘူးတယ်။ ညည်းက ဆရာမပီပီ သိပ် ဆရာလုပ်တာပဲအေ တဲ့။ အမေ တို့ စိတ်ထဲမှာတော့ ရှေးရှေးတုန်းက အတွေးအခေါ်တွေ စွဲမြဲနေတာလေ။ ဥပမာ… နေမကောင်းတာနဲ့ တန်းပြီး ဆရာမောင် ဆေးနီလုံး တိုက်တော့တာပဲ၊ ဗိုက်နာတယ်အမေ ဆိုတာနဲ့ ချက်ခြင်း ဗိုက်လှန်ပြီးရေနံဆီတွေ လိမ်းတော့ တာပါပဲ၊ နှာခေါင်းပိတ်ပြီ ဆိုတာနဲ့ ခြေဖဝါး ကို ရေနံဆီ သုတ်တော့တာပါပဲ။  အငယ်ကောင်တွေ နေမကောင်းလို့ အမေအဲဒီ ကုထုံးတွေ ကို အမေ သုံးတဲ့အခါ ကန့်ကွက်ဖို့ စကားစလိုက်တာနဲ့( ညည်းက ဆရာမပီပီ သိပ် ဆရာလုပ်တာပဲအေ) ဆိုတဲ့ […]


TTNUOctober 1, 20111min09
  Best Teacher (12)   ခံတွင်းမှ ဖွားသူများ ဓမ္မဘေရီ အရှင် ဝိရိယ(တောင်စွန်း) ရေးသားတော်မူတဲ့ မထေရ်မြတ်တို့ စကားဝိုင်း (၂) မှ ကိုး ကားတဲ့ အသုံးအနှုံးလေးဖြစ်ပါတယ်။ ဘုန်းဘုန်းက အောက်ပါအတိုင်း မြွက်ကြားထားပါတယ်။ “ မိဘ ဆိုတာ ရုပ်ခန္ဓာကိုယ်ကိုကြီးထွားသန့်စင်အောင် ဖွားမြင်စောင့်ရှောက် သင်ကြားပေးတဲ့ လက်ဦးဆရာများဖြစ်သလို  ဆရာဆိုတာလည်း နာမ်ခန္ဓာကိုယ်ကို ကြီးပြောင်စင်အောင် ဖွားမြင် စောင့် ရှောက်ပြုစုပေးနေတဲ့  ပဝတ္တိ မိဘတွေပါ။ လူဆိုတာ ရုပ် နာမ် နှစ်ခုလုံး ကြီးပြောင် စင်မှ လူလားမြောက်ပါတယ်။” ဘုန်းဘုန်းကြီး ဆက်မိန့်ထားတာကတော့  ဆရာ ဆရာမ ဆိုတာသူတို့ရဲ ့ နှလုံးသားထဲမှာ တပည့်သားတို့ အပေါ်မှာ တတ်သိ လိမ္မာစေချင်တဲ့ မေတ္တာ ကရုဏာတရားတွေ […]


TTNUSeptember 30, 20111min012
 Best Teacher (11) ဆရာဝတ် ဆရာမ တစ်ယောက်ဖြစ်လာဖို့  ဆရာ့ အတတ်ပညာကို ပညာရေးတက္ကသိုလ်မှာ (၅) နှစ်သင်ယူရပါတယ်။ ဒီ (၅) နှစ် အတွင်း စာတွေ့ လက်တွေ့ အများကြီး လေ့လာခဲ့ ကြရတယ်။ လက်တွေ့ တန်းပြဆင်းရင်းနဲ့လည်း  ရောက်တဲ့ နယ်ကျောင်းမှာ တပည့် များစွာကိုသင်ကြားခင်မင်ခဲ့ရပါတယ်။ နယ်ကျောင်းဆိုတာ ကိုယ် တန်းပြဆင်းချင်ရင် ဆင်းချင်တဲ့ နယ်ပေါ့။ ကျမ ကတော့ မိဘရပ်ထံ ကိုပဲ ပြန်ပြီး ကိုယ် နေခဲ့တဲ့ ကျောင်း .. နေခြည် မှာရွှေရည်လောင်းတဲ့ ငါတို့ စာသင်ကျောင်း လေး… ကိုပဲ ပြန်ပြီးလက်တွေ့ တန်းပြ ဆင်းလေ့ရှိခဲ့ပါတယ်။ ကိုယ့် ငယ်ဆရာများထံ ချဉ်းကပ်လေ့လာခွင့်တွေ ရတော့တာပေါ့။ အရင်တုန်းကသိခဲ့ရတာက အတန်းထဲမှာ […]


TTNUSeptember 27, 20111min07
Best Teacher (10) တပည့်ဝတ် ကျေပွန်ကြပြီလားကွယ်။   ဆရာတော် ဆရာကောင်း တွေ လိုအပ်နေပြီ၊ သိပ်အရေးကြီးတယ် လို့ ပြောနေကြတဲ့ တပည့်တွေ အကြောင်း စဉ်းစားကြည့်ကြစို့။ တပည့် တွေမှာ တပည့်ဝတ် (၅)ပါး ရှိ တယ်နော်။   (၁) ညီညာထကြွ (၂) ဆုံးမနာယူ (၃) လာမူကြိုဆီး (၄) ထံနီးလုပ်ကြွေး (၅) သင်တွေးအံရွတ်  ။        ။   တပည့်ဝတ် မချွတ် ငါးခုသာ တဲ့။   ဆရာဆရာမ အတန်းထဲ ဝင်လာရင် အားလုံးမတ်တပ်ရပ်ပြီး  “ မင်္ဂလာပါ ဆရာ / ဆရာမ” လို့ ညီညာထကြွ နှုတ်ဆက်ကြပါတယ်။ လမ်းမှာတွေ့ ရင်လည်း လက်အုပ်လေးချီပြီး […]


TTNUSeptember 25, 20111min06
Best Teacher (9) ဆရာမ အတွက် သစ်ခွပန်းတစ်ပွင့် ဒီ တစ်ခါရေးချင်တာကတော့  ၁၉၆၄ ခုနှစ် (မဂ္ဂဇင်းအမည် မမှတ်မိတော့) တုန်းက ဆရာ မောင်စွမ်းရည် ရေးခဲ့တဲ့ ကဗျာလေး ကို ခံစားမိတာပါ။ တပည့်ငယ်၏ နောင်ရေး ကျက်စာတွေ မင်းမကျက်ပါလ ကျက်ပါလဲ ညက်စွာမရပါဘူး ခက်ပါလှ တပည့်ရယ်။ ဆရာစိတ်မောပါဘိ ငေါက်သောအခါမျက်ရည်လည်လို့ ရိုက်မည်ရွယ် မျက်ရည်ကျလို့ မင်း ဘာကြောင့် ညံ့လေတယ် ဆရာမေးပြန်တော့။ တပည့်လေးအဖြေထွက်တာက နံနက် ဆိုစောစွာထပေမဲ့ သူများလို အချိန်ပိုမရပါဘု လင်းစမှာ ရေကိုရောင်းလို့။ ကျောင်းဆင်းချိန် ထင်းလည်ခွဲပါရ ပဲတစ်လည်မယ် ဆန်တစ်ဆုပ် အတွက် အလုပ်ရှုပ်လို့ စာမကျက်သာတယ် ခက်ပါတယ် ဆရာရဲ ့  ဝမ်းစာခင်း..တဲ့။ ဪ .. […]


TTNUSeptember 23, 20111min02
Best Teacher (8) နည်းဗျူဟာမှားမိတဲ့ ဆရာမ (  Being a trained Teacher ) ဆရာ အတတ်ပညာ ကို ရန်ကုန် ပညာရေးတက္ကသိုလ်မှာ သင်ယူခဲ့ ပြီး ပြီ မို့ ငါ အကုန်တတ်ပြီ လို့ ထင်နေလို့ မရပါဘူး။ Child Psychology ငါသိပါတယ် လို့ မောက်မာေ နလို့ မရပါဘူး။ အတွေ့ အကြုံ ထဲက တူးဖော်ရှာဖွေ ရတာတွေ လည်း အများကြီးပါ။   တစ်ခါမှာတော့ ဒီလို အတွေ့ အကြုံ တစ်ခုရ ခဲ့ပါတယ်။ (၉)တန်းက ကလေးတစ်ယောက်ပါ။ Homework ဘယ်တော့မှ မပြီးဘူး။ စာသင်နေရင် ငေးငိုင်နေတယ်။ မှုန်ကုတ်နေတာပဲ။ စာမေး […]


TTNUSeptember 22, 20111min020
  Best Teacher (7)   ဆရာ/ ဆရာမ တွေ အားလုံးထဲမှာ ကလေး တွေက စာ အသင်ကောင်းတဲ့ ဆရာ/ ဆရာမ၊ သူတို့ အပေါ်နားလည် ပေးတဲ့ ဆရာ/ ဆရာမ၊ မဆူမပူ ဘာမှ မပြောတဲ့ ဆရာ/ ဆရာမ၊ စာမေးပွဲ မေးခွန်း အစအန ပြောပြတဲ့ ဆရာ/ ဆရာမ၊ အမှတ်ပေးရက်ရောတဲ့ ဆရာ/ ဆရာမ၊ သူတို့ အတန်းပိုင် ဆရာ/ ဆရာမ၊ စသည်တို့ ကို ခင်တွယ်တတ်ကြပါတယ်။   လေ့ကျင့်ခန်းအများကြီးလုပ်ခိုင်းတဲ့ ဆရာ/ ဆရာမ၊ မျက်နှာကြောတင်းတဲ့ ဆရာ/ ဆရာမ၊ စည်းကမ်းတင်းကြပ်တဲ့ ဆရာ/ ဆရာမ၊ အလိုမလိုက်တဲ့ ဆရာ/ ဆရာမ၊ စသည်တို့ကို […]


TTNUSeptember 20, 20111min05
  Best Teacher (5) စာခဏခဏမေးလွန်း၊ လေ့ကျင့်ခန်းတွေ နေ့တိုင်းတင်ရ ထပ်ရ ဆိုတော့ သူတို့လေးတွေ ကြာတော့ အဆင် မပြေတော့ဘူးနေမှာပေါ့။  တစ်ရက် မှာတော့ လေ့ကျင့်ခန်း စာအုပ်တွေ တစ်ထပ်ကြီး သယ်လာတဲ့ ဆရာမ ကို တံခါးပိတ်ထားကြပါရောလား။ ” ဟေ့ ကောင်တွေ တံခါးဖွင့် စမ်း ”  အော်ပေမဲ့ ငြိမ်နေကြသကွဲ့။ ဒါနဲ့ တံခါးကို (Side kick) မယ် ကြံစည်နေတုန်း စီနီယာ ဆရာကြီးတစ်ဦး ရောက်လာပြီး စာရင်း ဝင်ရှင်းသွားတော့ မှ စာစသင်ရပါတော့တယ်။ ဒီ အကြောင်းကို အာစရိယပူဇော်ပွဲမှာ ထည့်ပြောကြားတော့ (၄၀-၄၅) နားချဉ်းကပ်နေပြီဖြစ်တဲ့ တပည့်တွေ သူတို့ ဆရာမအိုကြီးကို ပြုံးဖြီးဖြီးနဲ့  ကန်တော့ကြလေရဲ ့။ […]


TTNUSeptember 19, 20111min012
Best Teacher (1)  Best Teacher ဆိုတဲ့ ခေါင်းစဉ်အောက်မှာရေးချင်စရာတွေများလှပါတယ်။ဆရာမ ဖြစ်ခါစက ၊ ဖေါင်ကြီးသင်တန်းကလဲ ဆင်းကာစ၊ တစ်တိုင်းပြည်လုံး ငါ့တာဝန်လိုလို၊ ငါမကယ် သေဖွယ်ရာ လိုလို။ ပထမဆုံး အလုပ်ဝင်တဲ့ကျောင်းက မန​ ္တလေးမှာ ရှေးမင်းညီမင်းသားများ တက်ခဲ့တဲ့ ကျောင်း ၊ မင်္ဂလာပါ ဆိုတာကို လက်အုပ်လေးချီပြီး နှုတ်ဆက်တဲ့ ကလေးတွေ ရှိတဲ့ကျောင်းဗျာ။ အလုပ် လုပ်လို့ ကောင်းချက်တော့ မကျန်ပါဘူး ။ ကိုယ့် စိတ်ထဲ မှာ ငါ ခိုကပ် ပျင်းရိတဲ့ ဆရာမ မဖြစ်စေရဘူး လို့ ခိုင်ခိုင်မာမာ ကြီးကို ဆုံးဖြတ်ခဲ့ တာ။ Best Teacher (2) ဆရာမ  ပေါက်စဘဝ နဲ့ စေတနာရယ် […]


TTNUSeptember 17, 20111min04
  Spoken English Patterns (7) I’m not in the mood for +verb (ing).      ကျွန်တော် ဒါလုပ်ချင်တဲ့ စိတ် မရှိပါဘူး။   (1) I’m not in the mood for faking a stomach-ache. ကျွန်တော် ဗိုက်နာဟန်ဆောင်ချင်တဲ့ စိတ် မရှိပါဘူး။ (2) Knit a cardigan. ဆွယ်တာ တစ်ထည်ထိုးတယ်။ I’m not in the mood for___________________________. (3) Lay down to sunbathe. နေစာလှဲလျောင်းလှုံတယ်။ I’m not in the […]


TTNUSeptember 15, 20111min03
Spoken English Patterns (6)  You have the good sense to + verb (Infinitive).        ဒီလိုလုပ်ဖို့ ခင်ဗျားမှာ အတွေအခေါ် အမျှော် အမြင်ရှိတယ်။   (1) You have the good sense to help the handicapped. မသန်စွမ်းသူများကို ကူညီဖို့ ခင်ဗျားမှာ အတွေအခေါ် အမျှော် အမြင်ရှိတယ်။ (2) Persuade your co-workers to it before it’s too late. အချိန်သိပ် မနှောင်းမီဒါကိုလုပ်ဖို့ ခင်ဗျားရဲ ့ လုပ်ဖော်ကိုင်ဖက်တွေကို စည်းရုံး ပြောဆိုတယ်။ You have […]