ုုko sai naungJuly 4, 20111min05
ဆင်းရဲ မွဲတေမှု ပပျောက်ရေး အကောင်အထည်ဖော်မှု၏ တစိတ်တဒေသ အဖြစ် နေရာဒေသ အနှံ့ ၂ လုံးထီ ၊ ၃ လုံးထီများကို လိုက်လံ ဖမ်းဆီးနေမှုကို အများပြည်သူများက ကြိုဆိုလျက်ရှိပါသည်။ သို့သော် ကောက်ရိုးမီး ကဲ့သို့ ခန တာ နှိမ်နင်းခြင်းမျိုးမဟုတ်ဘဲ ထာဝရ ချုပ်ငြိမ်း စေလိုကြပါသည်။ ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် လောင်းကစားလုပ်သူများကို သာ ဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ လာဘ်စား ကာ ဒိုင်များကို အကာကွယ် ပေးထားကြသော ဥပဒေဘက်တော်သားများ ကိုလည်း နိမ်နင်းသင့်ကြောင်း များကို အသံ ကျယ် ကျယ် ပြောကြားနေကြပါကြောင်း။


ုုko sai naungJune 30, 20111min07
အဆင့်မြင့် ပညာရေး အစီအစဉ်တွင် ဂုဏ်ထူးတန်းခေါ် မာစတာအတန်းမရှိ သော မြန်မာနိုင်ငံ၏ တစ်ခုတည်းသောတက္ကသိုလ် မှာ မကွေးတိုင်း ၊ မကွေးမြို့သို့ ၁၉၉၉ ခုနှစ်တွင် ရန်ကုန်မြို့၊အင်းစိန်ကျန်းမာရေးမှူးသင်တန်းကျောင်းမှ တက္ကသိုလ်ကျောင်းအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့သော အခြေခံကျန်းမာရေးတက္ကသိုလ်(university of community health) ဖြစ်ပါသည်။ ၂၀၁ဝ ခုနှစ် ကျန်းမာရေးဝန်ကြီးရုံး၏ ထုတ်ပြန်ချက် အရ ကျောင်းဆင်းဦးရေမှာ ၁၀၀ဝ နီးပါးခန့် ရှိပြီးဖြစ်ပါသည်။ ၎င်း ကျောင်းသား၊ကျောင်းသူ အားလုံးမှာ ပြည်တွင်း/ ပြည်ပ မာစတာတန်းသို့ တစ်ဦးတစ်ယောက်မျှစေလွှတ်ခံရခြင်း၊ တက်ရောက်ရခြင်းမရှိပါ။ အဆင့်မြှင်တင်ပေးခြင်းမရှိခဲ့ပါ။ယခင်ဒုတိယ ကျန်းမာရေးဝန်ကြီးဒေါက်တာ မြဦး လာရောက် စဉ် ယခုလိုဖြစ်နေတာကို မသိပါဟုပြောခဲ့ပြီး ဖြေရှင်းပေးခဲ့ ခြင်းလည်းမရှိခဲ့ပါ။ယခုကဲ့ သို့ ဖြစ်နေခြင်းသည် ကျောင်းသားအများစုအားအလွန်နစ်နာပြီး စိတ်ပျက် အားလျှော့ စေပါသည်။ […]