နွယ်ပင်November 20, 20101min016
သွယ်ဝိုက်၍ အမှာစကားကိုပြောခြင်(Subliminal Message) အသုံးပြုခဲ့သည့် First Eleven ဂျာ နယ်အား စာပေစိစစ်ရေး မှ နှစ်ပတ် ပိတ် လိုက်သည် ဟု သတင်းရရှိသည်။ မြန်မာ နိုင်ငံတွင် အအောင် မြင်ဆုံး အားကစား ဂျာနယ် တစ်စောင် ဖြစ်သည့် First Eleven ဂျာနယ်၏ ယခု တစ်ပတ်ထုတ် စာစောင် မျက်နှာဖုံးတွင် အင်္ဂလန် နိုင်ငံ ဘောလုံး ကလပ် အသင်းများ ဖြစ်သည့် ဆန်းဒါးလန်း အသင်း နှင့် ချယ်(လ)ဆီ အသင်း တို ့တွေ ့ဆုံမှု တွင် အချို ့စကားလုံး များ ကို မင်နီတား ၍ အရောက်မြှင့် ကာ ဖော်ပြခဲ့မှု ကြောင့်အပိတ် […]


နွယ်ပင်November 19, 20101min00
ဂျပန်နိုင်ငံရှိ League for Democracy in Burma (LDB)၏ဥက္ကဋ္ဌလည်းဖြစ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၊ ၂၀၁ဝရွေးကောက်ပွဲမသမာမှုစောင့်ကြည့်ရေးဆပ်ကော်မတီ၏ တာဝန်ခံတဦးလည်းဖြစ်သူ ဦးကျော်ကျော်စိုးသည် ဂျပန်နိုင်ငံသို့ ခေတ္တကြွရောက်လျက်ရှိသော ပီနန်ဆရာတော်ဘုရားကြီး၏ ဆင့်ခေါ်မှုကြောင့် ဆရာတော်ဘုရားအား သွားရောက်ဖူးတွေ့ခဲ့ပါသည်။ ဆရာတော်မှ ဂျပန်နိုင်ငံမြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုများကို စိတ်ဝင်တစားနှင့် မေးမြန်းဆွေးနွေးပြီး ဦးကျော်ကျော်စိုး၏ ဟီရိုရှီးမားခရီးစဉ်နှင့်ပါတ်သက်၍မေးမြန်းခဲ့ရာ ဦးကျော်ကျော်စိုးမှ ဟီရိုရှီးနားအစည်းအဝေးတွင် ဘုန်းတော်ကြီးဒလိုင်းလားမားအပါအဝင် နိုဘလ်ဆုရှင်များက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာသောကြောင့် အလွန်တရာမှ ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းလျက်ရှိကြကြောင်းကို ဆရာတော်ဘုရားအားလျှောက်ထားပါသည်။ ဆရာတော်ကြီးသည် ဦးကျော်ကျော်စိုး၏လျှောက်ထားချက်များကို စိတ်ဝင်တစားနားထောင်ပြီး ဆရာတော်ကြီးမှလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာခြင်းအတွက် အလွန်တရာမှ ဝမ်းမြောက်ကြောင်းမိန့်ကြားခဲ့ပါသည်။ တဆက်တည်းမှာပင် ဆရာတော်ကြီး ဦးကျော်ကျော်စိုးအား (အေး……အောင်ဆန်းစုကြည်အတွက် ဘုန်းကြီးပြောချင်တဲ့စကားနည်းနည်းရှိတယ်) ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပီနန်ဆရာတော်ဘုရားအနေဖြင့် အောက်ပါစကားများကို မိန့်ကြားခဲ့ပါသည်။ ဆရာတော်ဘုရားက ဒေါ်အောင်ဆန်းစုကြည်အနေနှင့်….. (၁)လက်ရှိအခြေအနေကို […]


နွယ်ပင်November 19, 20101min013
မြန်မာ့ အမျိုးသားခေါင်းဆောင်၊ ကမ္ဘာ့ ဒီမိုကရေစီ လှုပ်ရှားမှု ပြယုဂ် ဒေါ်အောင်ဆန်းစုကြည်သွားရောက် တွေ့ဆုံခဲ့တဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း) အမှတ် ၁၈ (ခ) ရပ်ကွက်၊ ကမ္ဘောဇ ၂ လမ်း၊ အမှတ် ၃၇၆ တွင် နေထိုင်နေတဲ့ အိပ်ချ်အိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ဧည့်စာရင်း ထပ်မံ ထုတ်ပေးတော့မှာ မဟုတ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်က နိုဝင်ဘာ ၁၈ ရက်နေ့ ည ၈ နာရီမှာ လူနာများအား ကူညီပေးနေသူ ဦးစူပါ (ခ) ဦးထင်အောင်ကို ပြောကြားကြောင်း သတင်းရရှိပါတယ်။ ရပ်ကွက်အာဏာပိုင်တွေဟာ လူနာတွေကို ကူညီပေးနေသူ ဦးစူပါ (ခ) ဦးထင်အောင်ကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရပ်ကွက်အာဏာပိုင်ရုံးကို နိုဝင်ဘာ […]


နွယ်ပင်November 18, 20101min03
ရ နှစ်ကြာ နေအိမ်အချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့က လွတ်မြောက်လာခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ၊ အင်တာနက်နှင့် မီဒီယာသစ် သုံးစွဲမှု၊ တိုင်းရင်းသားအရေး၊ ဂျွန်ယက်ထောကို ဘယ်သူလွှတ်လဲ၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ၊ လုံခြုံရေး အကြောင်းများ မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ကိုစိန်ဝင်းက တယ်လီဖုန်းဖြင့် မေးမြန်းထားခြင်းကို Facebook ရှိ Burma Thwe မှပြန်လည်ကူးယူဖော်ပြထားပါသည် ။ ကျနော် ပထမဆုံး အိန္ဒိယနဲ့ ပတ်သက်တဲ့ မေးခွန်းမေးချင်တယ်ခင်ဗျ၊ အိန္ဒိယလူထုအနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဘာများလုပ်ပေးနိုင်တယ် အန်တီ ထင်လဲခင်ဗျ။ ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ဒီမိုကရေစီသာ မြန်မာပြည်နဲ့ ကိုက်ညီတယ်၊ မကိုက်ညီဘူး ဆိုတာက အန်တီတို့ မြန်မာတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ […]


နွယ်ပင်November 18, 20101min07
နယူးဒေလီ (မဇ္ဈိမ) ။ ။ HIV/AIDS နှင့် နေထိုင်နေသူ ၁ဝဝ ကျော်ကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုသည်။ NLD လူမှုအထောက်အကူပြုအဖွဲ့က ထောက်ပံ့ကာ ပါတီဗဟိုဦးစီးကော်မတီဝင် မဖြူဖြူသင်းနှင့် လူငယ်များ ဦးဆောင်ကာ တည်ထောင်ထားသည့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ HIV/AIDS ကယ်ဆယ်ရေးစင်တာရှိ ဦးရေ ၁ဝဝ ကျော်ကို နိုဝင်ဘာလ ၁ရ ရက် နေ့လည် ၂ နာရီတွင် တွေ့ဆုံအားပေးခဲ့ခြင်း ဖြစ်သည်။ “လူတိုင်း၊ လူတိုင်းမှာ ကိုယ့်တန်းဖိုးနဲ့ ကိုယ်ရှိတယ်။ ဘာမှ အားငယ်စရာ မလိုဘူး။ မိမိကို်ယ် မိမိစိတ်ဓာတ် အင်အားတွေ မြှင်တင်ဖို့လိုတယ်။ အဲဒါလူနာတွေကို ပြောနေတာမဟုတ်ဘူး လူတိုင်းလူတိုင်းကို ပြောနေတာ၊ လူတိုင်းလူတိုင်းမှာ […]


နွယ်ပင်November 16, 20101min017
စည်ပင် ဝန်ထမ်းများ တာဝန် ထမ်းဆောင်စဉ် အောက်စီဂျင်ပြတ် သေဆုံးခဲမှု အား “မြန်မြန်တာ သင်္ဂြလ်လိုက် ကွာ” ဟု ပြောသည့် မြို ့တော်ဝန် အား စည်ပင်ဝန်ထမ်းများ မကျေမနပ်ဖြစ်ကြသည် ဟု သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေ နှင့် သန့်ရှင်းရေးဌာန (ကုက္ကိုင်း ရေပေးဝေရေးဌာနခွဲ )မှ ဝန်ထမ်းများ ဖြစ်ကြသော ဦးကျော်လင်း ( ၄၄ )နှစ်၊ ဦးစောနိုင် (၃၆)နှစ်၊ ဦးဆန်းလင်း (၃၅)နှစ်၊ ဦးအောင်ရွှေ (၃၂)နှစ် တို့သည် နိုဝင်ဘာ( ၉) ရက်နေ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ် မြေအောက်(၈)ပေ အနက် တွင်ရှိသော ရေဖွင့်ခလုပ်ကို ဆင်းဖွင့်စဉ် တစ်ဦးတက်မလာသဖြင့် နောက်ထပ် တစ်ဦးစီ လိုက်ဆင်းကြရင်း ၄ […]


နွယ်ပင်November 16, 20101min01
“လူရယ်လို့ ဖြစ်လာလျှင် တစ်ဦးတယောက်တည်း နေထိုင်၍ မရ ၊ အစုအဖွဲ့လေးတွေ နဲ့ ပေါင်းစပ်ရာ နေထိုင်ရာက စလို့ အုပ်စု နဲ့ ခေါင်းဆောင်ဆိုတာ ဖြစ်ပေါ်လာတယ် ။ သူတို့အုပ်စုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သင့်တော်တဲ့လူကို ခေါင်းဆောင်မြှောက်တဲ့ စနစ်ဟာ ကမာ္ဘဦး အစကတည်းက တည်ရှိနေခဲ့တာပါ ။ အဲဒီလို အစုအဖွဲ့လေးတွေ ပေါင်းစုံရာက ရွာ ၊ မြို့နယ် ၊ ခရိုင် ၊ တိုင်း ၊ နိူင်ငံ ဟူ၍ တဆင့်ပြီး တဆင့်မြင့်တက်လာတာပါ ။ ဒါဆိုရင် လူတစ်ဦးချင်းစီ ပေါင်းစုရာက ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု ကြီးဟာ အဲဒီ လူတစ်ဦးချင်းစီရဲ့ ကိုယ်စွမ်းကိုယ်စ ပေါ်မှာဘဲ မူတည်နေတယ်ဆိုတာကို လက်ခံသင့်တယ် ။ မြန်မာနိူင်ငံသား […]


နွယ်ပင်November 15, 20101min021
ဒီလ အောက်တိုဘာ ၂၀-နေ့က New York မှာ Victoria’s Secret ဖက်ရှင်က ဒီနှစ်ရဲ့ ဟောလီးဒေးဖက်ရှင် အဖြစ် မော်ဒယ် အန်ဒရီယာနာ လီမာ Andriana Lima က ဒေါ်လာနှစ်သန်းတန် ဘရာစီယာကို ပထမဆုံးဝတ်ပြပြီး ပရိသတ်တွေရှေ့မှောက်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီတန်ဖိုးကြီးပြီး လက်ရာမြောက်လှတဲ့ ဘရာစီယာရဲ့ ဒီဇိုင်းကို Damiani ကဖန်တီးခဲ့တာဖြစ်ပါတယ်။ ကျောက်မျက်ရတနာပေါင်း ၃၀၀၀-ကျော်နဲ့ စီချယ်ထားပါတယ်။ စိန် ၆၀-ကာရက်၊ နီလာ ၈၂-ကာရက် နဲ့ ဥသဖယားတွေနဲ့ စီချယ်ထားပါတယ်။ ရွှေဖြူ ၁၈-ကာရက်နဲ့ ကွပ်ထားပါတယ်။ ဘရာဇီးနိုင်ငံသူလေး လီမာကတော့ Victoria’s Secret ရဲ့ ပင်တိုင်မော်ဒယ်တယောက် ဖြစ်ပါတယ်။ သူမဟာ အပြာရောင်ခါးရှည် အင်္ကျီနဲ့ အတူ စိန်လည်ဆွဲတကုံးကို လိုက်ဖက်စွာဝတ်ဆင်ခဲ့ပါတယ်။ “ကျမကိုယ်ကျမ […]


နွယ်ပင်November 15, 20101min08
ကွားလား ဝလာလိုကျတာ။ ( ပရိသတ်တစ်ယောက်ကို လက်ညှိုးထိုး၍) ဒီလို ကျွန်မတို့ကို လာထောက်ခံတဲ့အတွက် ကျေးဇူးတင်တဲ့စကားနဲ့ပဲ စ,ပါရစေ။ပထမဦးဆုံးအနေနဲ့ ပြောရမှာက အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ တစ်ယောက် တစ်ယောက်ကို မတွေ့ရတာ တော်တော် ကြာပါပြီ —- ဒါပေမယ့် ဘယ်လောက်ပဲ မတွေ့ရတာ ကြာကြာ ကျွန်မအပေါ်မှာ ပြည်သူတွေရဲ့ ထားတဲ့ မေတ္တာနဲ့ ယုံကြည်ချက် အရ ကျွန်မတို့ ခိုင်ခိုင်မာမာ ရှိတယ် ဆိုတာ တွေ့ရလို့ အင်မတန်မှ စိတ်ချမ်းသာ ပါတယ်၊ အင်မတန်မှ အားတက် ရပါတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ဆိုရင် ပြည်သူတွေက ဘာလိုချင်လဲ ဆိုတာ ကျွန်မတို့ သိပါတယ်။ သိတယ်လို့ ထင်တယ်နော် ဘာလိုချင်လဲဆိုတာ (သိပါတယ် —-ဒီမိုကရေစီ——— […]


နွယ်ပင်November 12, 20101min00
မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောမတူတဲ့ SSA ရှမ်းပြည်မြောက်ပိုင်း တပ်မတော်နဲ့ မြန်မာစစ်အစိုးရ တပ်ဖွဲ့တွေအကြား (11.11.10) ညနေ ၅ နာရီလောက်ကစပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အရင် ဖြစ်လေ့ရှိတဲ့ ကြိုးကြား ကြိုးကြား တိုက်ပွဲမျိုး မဟုတ်ဘဲ နှစ်ဘက်စလုံးက အလုံးအရင်းနဲ့ တိုက်ခိုက်နေကြတာကြောင့် တိုက်ပွဲ ရေရှည်ဖြစ်နိုင်ပါတယ် ။အခြေအနေ အပြည့်အစုံ သိရအောင် ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို စပြောပါတယ်။ “ဒီညနေ ၅ နာရီ၊ မိုင်းနောင် ကျေးစီး မိုင်းရှူးကားလမ်းပေါ့၊ အဲဒါ မိုင်းရှူးရဲ့ အနောက်မြောက်ဘက်မှာ ရှိတယ်။ […]