naywoon niOctober 9, 20101min00
အူဝဲဆိုတဲ့ ငိုလိုက်တဲ့အသံနဲ့ ထွန်းညှိခဲ့တဲ့ဖယောင်းတိုင်ဟာ နေပူတာ.. မိုးရွာတာ.. လေတိုက်တာ.. ဆီးနှင်းကျတာတွေဖြတ်သန်းပြီး နေ့မနားညမနားနဲ့ ကိုယ့်ကိုကိုယ်လောင်မြိုက်နေခဲ့တာဟာ နှစ်ပေါင်းလေးဆယ်ကျော်လာခဲ့ပေါ့….။ ဒီလိုနဲ့ ကမ္ဘာပြေပေါ်မှာ ခုချိန်ဆိုရင် ဖယောင်းတိုင်ပေါင်း ခြောက်ဘီလီလျံကျော်ဟာ ကိုယ့်ကိုကိုယ်လောင်မြိုက်နေကြပြီးအလင်းရောင်ပေးနေခဲ့တာ…။ နှစ်ပေါင်းလေးဆယ်ဖယောင်းတိုင်ဟာ ဆန်တစိပြီနှစ်ကျပ်နဲ့လဲဝယ်စားဖူး လ္ဘက်ရည်တစ်ခွက်တစ်ကျပ်နဲ့လည်းသောက်ခဲ့ဖူး တစ်ပက်ပြားခြောက်ဆယ်တန် ဘီအီးဒီစီနဲ့လည်းမူးရစ်ဖူးပါရဲ့…။ ဘယ်လောက်ပဲကြာတယ်ပြောပြော မနေ့တစ်နေ့ကလိုပါပဲ မတမ်းတမိပေမဲ့ သတိရတိုင်းလွမ်းစရာတွေဖြစ်လို့…. အဲဒိလို ဖယောင်းတိုင်ခြောက်ဘီလီလျံထဲက တစ်တိုင်းပြီးတစ်တိုင်ထွန်းထွန်းညှိလိုက်ကြ တစ်တိုင်ပြီးတစ်တိုင်ငြိမ်းငြိမ်းသွားလိုက်ကြနဲ့ ကမ္ဘာမြေကြီးကတော့အလင်းရောင်တိုးလျော့မရှိ ဆက်လက်ချီတက်နေမြဲပဲလေ……..။ အရေအတွက်များလာတာဝန်မတိုသလို လျော့ကျသွားမှာကိုလည်းမစိုးရိမ်ရှာပါဘူး ဖယာင်းတိုင်မျာခမျာမှာသာ ကိုယ့်မီးတောက်လေးငြိမ်းမှာစိုးပြီး လောင်စာတွေထပ်ထပ်ဖြည့်နေရတာ…။ ဖယောင်းတိုင်တစ်တိုင်ငြိမ်းသွားလို့ ကမ္ဘာပျက်မသွားသလို တစ်တိုင်တိုးလာလို့လဲ ဘာမှထူးမဖြစ်ပါဘူးလေ…………။ နေဝန်းနီ


naywoon niOctober 8, 20101min02
လမင်းဟာ ကိုရီးယားမင်းသမီးလေးလို ဘောင်းဘီတိုတိုလေးဝတ်ပြီး ညထဲမှာလမ်းသလားနေတယ်။။ ခောတ်အကြိုက် အာဇာနီသီချင်းအလိုက်နဲ့ လေပြေလေးကျူနေတုံး ဗြုန်းဆို တိမ်ညိုညိုတွေငိုချ ညရဲ့အလှဟာပျက်သွားပေါ့။။ နေဝန်းနီ


naywoon niOctober 8, 20101min01
ကျွန်တော်တို့ဆီမှာစီဒီအမ်အေဖုန်းတွေနေချင်းချပေးမယ်ဆိုလို့၂၈ရက်နေ့ကသွားတိုးကြပါတယ်။ တန်းစီတာမဟုတ်ပါဘူးတိုးကြတာပါ။နေပြည်တော်ကပေးတဲံဖုန်းတွေမှတစ်နိုင်လုံးသယ်ဆောင်လို့ ကိုင်လို့ရတယ်ဆိုလားပြောနေကြတာပဲ။ကျွန်တော်သာနားမလည်တာဗျ…အရပ်ရပ်ကပွဲစားတွေ– ဖုန်းဝယ်ဖို့ရောက်နေတာသုံးလေးရက်ရှိပြီတဲ့။တစ်ယောက်ကိုအလုံး၂၀/၃၀ဝယ်ဖို့ငွေပပြည့်ယူလာ ကြပြီထိုင်စောင့်နေတာတဲ့။သူတို့ကဆိုက္ကားသမားတွေမြင်းလှည်းသမားတွေစုပြီးသွားတိုးအဲတန်းစီ ခိုင်းတာပေါ့ဗျာ။အဲဒိမှာထောင်ချီနေတဲ့လူအုပ်ကတိုးတိုက်လိုက်တာများရုံးတံခါးလဲပွင့်ထွက်သွားပြီး မိန်းကလေးတစ်ယောက်ပိပြီးလက်ကျိုးရသတဲ့။နေပြည်တော်မှာကြားလို့ကောင်းကြရဲ့………….. တစ်ယောက်ကတော့တက်နင်းမိတာခါးနာသွားသတဲ့လေ……ဒါကျွန်တော့်သူငယ်ချင်းကဆုံနေကြ စာအုပ်ဆိုင်လေးမှာတွေ့လို့ပြောသွားတာပါ။တစ်ကယ်တမ်းသုံးမဲ့သူတွေကမတိုးကြပါဘူး။ပွဲစားခ- ပေးပြီးဝယ်ကြတာပါ။အဲဒိအကြောင်းပြောရင်းက..ကျွန်တော့ကိုလာစပါတော့တယ်……………… လူပျိုကြီးလဲဖုန်းတစ်လုံးလောက်လိုတာပဲ..ဘာလို့မတိုးလဲတဲ့လေ..ကျွှန်တော်လည်းစိတ်ပေါက်ပေါက်နဲ့ ပြောလိုက်မိတယ် ” ငါက..ဒီမြို့ကဖုန်းငှားစားတဲ့လူတန်းစားပျောက်သွားမှာစိုးလို့ကိုယ်ပိုင်ဖုန်းမဝယ်တာကွ”လို့ ဟုတ်လည်းဟုတ်ပါတယ်။ကျွန်တော်တို့မြို့လေးကနေပြည်တော်ခရိုင်ထဲသွပ်သွင်းခံရပြီးမှအော်တိုဖုန်းရ တာပါ။အော်တိုဖုန်းတွေရတော့တပ်ကြတဲ့သူတွေကအခနဲ့ပြောတာလက်ခံဖို့ရည်ရွယ်ချက်နဲ့ပါ(ရည်ရွယ်ချက် တော်တော်ကောင်းတယ်နော်)သူရို့ခင်မျာမှာဖုန်းဘိုးလေးတောင်အရင်းမကျေသေးဘူး။စီဖုန်းတွေဝင်လာ လိုက်တော့တော်တော်ထိခိုက်သွားပါတယ်။ဒါကြောင့်တစ်လမှဖုန်းနှစ်ကြိမ်လောက်ဆက်စရာရှိတဲ့ကျွန်တော်က တစ်မိနစ်ငါးဆယ်ပေးပြီးတော့ပဲပြောပါ့မယ်။ကျွန်တော်သာဖုန်းဝယ်ကိုင်လိုက်ရင်ဖုန်းငှားစားတဲ့လူတန်းစားတစ် ရပ်ပျောက်ကွယ်သွားမှာစိုးရပါတယ်..။ခင်ဗျားကောဘယ်လိုတွေးမလဲ? နေဝန်းနီ


naywoon niOctober 1, 20101min00
ကျွန်တော်တို့ဆီမှာစီဒီအမ်အေဖုန်းတွေနေချင်းချပေးမယ်ဆိုလို့၂၈ရက်နေ့ကသွားတိုးကြပါတယ်။ တန်းစီတာမဟုတ်ပါဘူးတိုးကြတာပါ။နေပြည်တော်ကပေးတဲံဖုန်းတွေမှတစ်နိုင်လုံးသယ်ဆောင်လို့ ကိုင်လို့ရတယ်ဆိုလားပြောနေကြတာပဲ။ကျွန်တော်သာနားမလည်တာဗျ…အရပ်ရပ်ကပွဲစားတွေ– ဖုန်းဝယ်ဖို့ရောက်နေတာသုံးလေးရက်ရှိပြီတဲ့။တစ်ယောက်ကိုအလုံး၂၀/၃၀ဝယ်ဖို့ငွေပပြည့်ယူလာ ကြပြီထိုင်စောင့်နေတာတဲ့။သူတို့ကဆိုက္ကားသမားတွေမြင်းလှည်းသမားတွေစုပြီးသွားတိုးအဲတန်းစီ ခိုင်းတာပေါ့ဗျာ။အဲဒိမှာထောင်ချီနေတဲ့လူအုပ်ကတိုးတိုက်လိုက်တာများရုံးတံခါးလဲပွင့်ထွက်သွားပြီး မိန်းကလေးတစ်ယောက်ပိပြီးလက်ကျိုးရသတဲ့။နေပြည်တော်မှာကြားလို့ကောင်းကြရဲ့………….. တစ်ယောက်ကတော့တက်နင်းမိတာခါးနာသွားသတဲ့လေ……ဒါကျွန်တော့်သူငယ်ချင်းကဆုံနေကြ စာအုပ်ဆိုင်လေးမှာတွေ့လို့ပြောသွားတာပါ။တစ်ကယ်တမ်းသုံးမဲ့သူတွေကမတိုးကြပါဘူး။ပွဲစားခ- ပေးပြီးဝယ်ကြတာပါ။အဲဒိအကြောင်းပြောရင်းက..ကျွန်တော့ကိုလာစပါတော့တယ်……………… လူပျိုကြီးလဲဖုန်းတစ်လုံးလောက်လိုတာပဲ..ဘာလို့မတိုးလဲတဲ့လေ..ကျွှန်တော်လည်းစိတ်ပေါက်ပေါက်နဲ့ ပြောလိုက်မိတယ် ” ငါက..ဒီမြို့ကဖုန်းငှားစားတဲ့လူတန်းစားပျောက်သွားမှာစိုးလို့ကိုယ်ပိုင်ဖုန်းမဝယ်တာကွ”လို့ ဟုတ်လည်းဟုတ်ပါတယ်။ကျွန်တော်တို့မြို့လေးကနေပြည်တော်ခရိုင်ထဲသွပ်သွင်းခံရပြီးမှအော်တိုဖုန်းရ တာပါ။အော်တိုဖုန်းတွေရတော့တပ်ကြတဲ့သူတွေကအခနဲ့ပြောတာလက်ခံဖို့ရည်ရွယ်ချက်နဲ့ပါ(ရည်ရွယ်ချက် တော်တော်ကောင်းတယ်နော်)သူရို့ခင်မျာမှာဖုန်းဘိုးလေးတောင်အရင်းမကျေသေးဘူး။စီဖုန်းတွေဝင်လာ လိုက်တော့တော်တော်ထိခိုက်သွားပါတယ်။ဒါကြောင့်တစ်လမှဖုန်းနှစ်ကြိမ်လောက်ဆက်စရာရှိတဲ့ကျွန်တော်က တစ်မိနစ်ငါးဆယ်ပေးပြီးတော့ပဲပြောပါ့မယ်။ကျွန်တော်သာဖုန်းဝယ်ကိုင်လိုက်ရင်ဖုန်းငှားစားတဲ့လူတန်းစားတစ် ရပ်ပျောက်ကွယ်သွားမှာစိုးရပါတယ်..။ခင်ဗျားကောဘယ်လိုတွေးမလဲ? နေဝန်းနီ


naywoon niSeptember 26, 20101min00
ဘဝရဲ့စာမျက်နှာကို တိုက်ပွဲတစ်ပွဲလိုတင်စားရင် နိုင်သည်ဖြစ်ဖြစ် ရှုံးသည်ဖြစ်ဖြစ် တစ်ထစ်ဖြစ်တစ်ထစ် တစ်ပွဲပြီးတစ်ပွဲ ဆင်နွဲနေကြရဦးမှာ..ဟ သေခါမှသေရော နိမ္ဗာန်ဆိုတဲ့ စခန်းကိုမရောက်မချင်း အရင်ကလည်းတိုက်ခဲ့ရတာပဲ အခုလည်းတိုက်နေရတာပဲ နောင်လည်းတိုက်ရဦးမှာပဲ တစ်ခုပဲညီမလေးရေ ကိုယ်ပြုသမျှထဲ ရပ်တည်မှုတော့မပျောက်စေနဲ့ နေဝန်းနီ


naywoon niSeptember 26, 20101min00
အရိပ်ဆိုတာ နားခိုရာနေရာတစ်ခုဖြစ်သလို မလွန့်လူးသားအောင် ချုပ်ကိုင်ထားတဲ့အရာလဲဖြစ်တယ်…….။ အရိပ်တစ်ခုက အရိပ်တစ်ခုကိုနားခိုရင်း ညီမလေးရေ…….. မင်းနဲ့ငါချစ်ခဲ့ကြတာ သစ်ပင်အရိပ် ထီးအရိပ်ထက် မင်းအရိပ်မှာငါခို ငါ့အရိပ်မှာမင်းခို အချင်းချင်းချွေးသိပ် အိပ်မက်တွေမက်ခဲ့ကြတာပေါ့…….။ တစ်ယောက်ကိုတစ်ယောက် ချုပ်ကိုင်လွှမ်းမိုးမဲ့ လောင်းရိပ်တွေတော့မဖြစ်စေနဲ့ပေါ့……။။ နေဝင်းနီ


naywoon niSeptember 26, 20101min00
ငါ့အတွေးတွေထဲ ရေလာလာမရောပါနဲ့ ကမ္ဘာကျော်မဲ့ကဗျာတစ်ပုဒ်လောက် ရေးထုတ်ပါရစေဦး…။ ငါ့အချစ်တွေထဲလဲ ရေလာလာမရောနဲ့ဦး ကမ္ဘမြေကိုအကျိုးပြုမဲ့ လူသားတွေကိုချစ်ခဲ့ပါရစေဦး..။ ငါ့အရက်ခွက်ထဲလည်း ရေလာလာမရောနဲ့ဦး အရက်ကောင်ကောင်းတစ်စက်ရဲ့ အရသာလေး မြည်းစမ်းပါရစေဦး…။ ငါ့အိပ်မက်တွေထဲလဲ ရေလာလာမရောနဲ့ဦး ဖူးစသစ်ညီမလေးနဲ့ ခိုင်မြဲတဲ့အချစ်အိမ်လေးတစ်ခု တည်ဆောက်ပါရစေဦး..။ (အိပ်မက်ထဲမှာပြောတာနော်) ငါ့ရဲ့…………………… ရေလာလာမရောပါနဲ့ ရေလာလာမရောနဲ့ဦး……….။ နေဝန်းနီ


naywoon niSeptember 26, 20101min02
အင်တာနက်တဲ့ ယခုတစ်လောနေရာတိုင်းမှာဆိုင်တွေမှိုလိုပေါက်လာပြီးတော့သုံးစွဲသူတွေကိုဝန်ဆောင်မှုကောင်းကောင်းပေးလာတာ အသုံးပြုနေကြတဲံ့သူတွေကလည်း..ရည်ရွယ်ချက်အမျိုးမျိုး..အသက်အရွယ်အမျိုးမျိုး..အရောင်အသွေးအမျိုးမျိုးနဲ့-အရွယ်စုံဆိုဒ်စုံ သုံးလေးနှစ်သားကနေအသက်လေး/ငါးဆယ်အထိနေ့စဉ်တွေ့မြင်နေရတယ်။ကျွန်တော်ကောဘာထူးလဲ?အသက်လေးဆယ်ပြည့်တဲ့ နေ့မှာပဲဘဝစပြီဆိုပြီးအင်တာနက်ဆိုတဲ့စက်ပေါ်ကုတ်ကပ်တက်လာခဲ့တာပဲ။ အင်တာနက်ဆိုတာကမြန်မာစကားတော့မဟုတ်ပေဘူး။အဓိပ္ပာယ်ကိုစေ့စေ့ပေါက်ပေါက်လိုက်မေးပြန်တော့လည်း…. မပြောနိုင်ကြဘူးဗျ။အချိန်တန်ရင်တော့အင်တာနက်ခန်းထဲရောက်နေကြတာပဲ။ ကျွန်တော်နားလည်သလိုပဲပြောကြည့်မယ်နော်။။ အင်တာနက်ဆိုတာက..စက်တစ်ခုပါ။အဲဒိစက်ကရုပ်..အသံ..စကားလုံးမြောက်မြားစွာကိုသိုလှောင်သိမ်းဆည်းထားနိုင် သလိုတစ်ပြုင်နက်ထဲမှာပင်ပြန်လည်ရှာဖွေပေးနိုင်ပါတယ်။။တစ်ချိန်ထဲမှာပဲသတင်းအကြောင်းအရာအချက်အလက်များစွာကိုတစ်ဦးစီမှ တစ်ဦးစီသို့/အများဆီသို့ပြန်ဖြူးပေးနိုင်ပါတယ်။ မြန်မာပြည်မှာတော့gtalk..gmail..ပေါ့။ လူငယ်တွေကြားမှာအသုံးအများဆုံး။ခောတ်စားလာတာလဲနှစ်ပိုင်းပဲရှိသေးတော့အထူးအဆန်းသဖွယ်စိတ်ဝင်စားကြတယ်။ ဘယ်လောက်အထိကျယ်ပြန့်လာသလဲဆိုရင်Googleကနေgtalk..account.များထုတ်ပေးမှုကိုကန့်သတ်ရသည်အထိပင်……။ ဒါပေမဲ့အကောင့်အသစ်တွေကတော့နေစဉ်နဲ့အမျှထွက်ပေါ်နေမြဲ။ သိတယ်နော်။မြန်မာ့နည်းမြန်မာ့ဟန်။ မြန်မာပြည်ကနေနိုင်ငံရပ်ခြားကိုရောက်နေတဲ့သူတွေဆီကတစ်ဆင့်နည်းအမျိုးမျိုးနဲ့တောင်းခံနေကြတာပါပဲ။။ googleကနြ်မာနိုင်ငံကိုသာကန့်သတ်တာပဲ။ကျန်တဲ့နိုင်ငံတွေမှမပါတာ။ ကဲဒီတော့ဘာလုပ်ကြမလဲ?ချက်တင်(chatting)ဆိုတာတွေထိုင်ကြတာပေါ့..။chatting..ထိုင်တယ်ဆိုတာကGtalk.ဖွင့် ပြီးတစ်ဘက်နဲ့တစ်ဖက်စကားပြောကြတာပါ။ မိတ်ဆွေဖွဲ့မယ်။စကားစမြီပြောမယ်။အဆင်ပြေမယ်ဆိုရင်..vzoပြောကြမယ်လေ…..။။ ချစ်သူရည်းစားတွေဖြစ်ကြ၊စိတ်ကောက်ကြ၊ပြန်ချော့ကြနဲ့ပေါ့.၊၊ဒါလောက်နဲ့တင်ရပ်မနေကြပါဘူးဒီထက်ပိုဆီုးတဲ့ကိစ္စတွေရှိလာပါတယ်။။ ပြောရရင်လည်းမကောင်းပါဘူး။အွန်လိုင်းသရဲတွေပါ…..အွန်လိုင်းကိုအကြောင်းပြုပြီးSEXအကြောင်းတွေမကြားဝံ့မနာသာပြောနေကြတာတွေပါ 5:10:27 mandr418 hii want to see you hninhninnay 5:11:51 who are you5:12:07 mandr418 sexyboy:) hninhninnay 5:12:34 where are u5:12:34 mandr418 may i can see you?europe hninhninnay 5:12:48 why5:14:25 what your are Gmail […]


naywoon niSeptember 25, 20101min03
ဟော့ဒိသစ်ပင်တွေပေါ်မှာ သစ်ရွက်တွေမာန်ထည်နေလိုက်ပုံများ ထာဝရမကြွေကျတော့မဲ့ပုံမျိုး ၂၁-ရာစုနည်းပညာနဲံတဲ့လေ။ သူတို့ကိုသူတို့လဲ နာမယ်တွေအမျိုးမျိုးပေးပြီးကြွေးကြော်နေလိုက်ကြတာ ပြီးတော့…………… တစ်ရွက်နဲ့တစ်ရွက်လှမ်းခေါ် ပျော်ရွှင်စွာမိတ်ဆက်နေကြ သူတို့ရဲ့ချက်တင်(chatting)တွေက ကိုရီးယန်းအိုက်တင်တောင်မှ မီမယ်မထင်ရ………..။ ချစ်လိုက်ကြတာ သစ်ရွက်တွေပြောပါတယ် တစ်ရွက်နဲ့တစ်ရွက်လဲမထိရ တစ်ချို့ဆိုမြင်တောင်မမြင်ကြရပဲ လွမ်းနေလိုက်ကြ………… အကဲပိုနေလိုက်ကြတာ TV-အခန်းဆက်ရုပ်ရှင်တောင်မှလွမ်းကျန်ခဲ့ရ….။ တစ်ချို့ကကြေကွဲ တစ်ချို့ဖရိုဖရဲနဲ့လဲပြိုကုန်ကြ ဒါပေမဲ့……………… သစ်ရွက်အသစ်တွေနဲ့စည်ဝေ မကြွေတဲံသစ်ရွက်ကလဲ နာမယ်ပြောင်းလိုက်တာနဲ ့ အပင်ပြောင်းလိုက်တာနဲ့ ငှက်တွေတောင်…….. အသိုက်ဆောက်တာမျက်စေ့လည်ကုန်ပေါ့………။ ဒီလိုနဲ့……… ဗီဇတွေပြောင်းလဲ ဂေဟစနစ်တွေလဲမေ့ပေါ့ သစ်ရွက်တွေလည်းအလုပ်မလုပ်ကြတော့ တစ်ရွက်နဲ့တစ်ရွက်ချက်တင်ထိုင်ကြတာနဲ့ ပင်စည်ကလည်းအစာမချက်နိုင်တော့ ဒါနဲ့ပဲ……….. ၂၁-ရာစုနည်းပညာဟာ ဘယ်လိုများအသက်ရှင်အောင်လုပ်နေပါလိမ့်…….။ ♦♣♠နေဝန်းနီ


naywoon niSeptember 25, 20101min03
* ကျွန်တော့်အတွေးလေးပါ။ လူအတော်များများနဲ့ပါတ်သက်နေလို့ပါ။ဖတ်မိရင်ခင်ဗျားနဲ့လဲသက်ဆိုင်နေလိမ့်မယ်လို့ထင်ပါတယ်။ ဒီကနေ့လူအတော်များများပြောနေကြတဲ့အကြောင်းလေးပါ။ အဲဒါကတော့ကံစီမံရင်ဘာနဲ့မှခံထားလို့မရဘူးဆိုတဲ့အကြောင်းလေးပါ။ ကံကအရာရာကိုစီမံခန့်ခွဲတာလား? လူက..ကံကိုစီမံခန့်ခွဲမှာလား? ခင်ဗျားကောဘယ်လိုသဘောရသလဲ? ကောင်းတာတွေး၊ကောင်းတာပြော။ကောင်းအောင်နေ..ဆိုတဲ့စကားရှိပြီးသားပါ ဒါဆိုရင်ကံကောင်းတာပေါ့ ပြီးတော့အတိတ်ကံကောင်းတယ်ဆိုတာလေးကလဲတော်တော်စဉ်းစားဖို့ကောင်းပါတယ်။ အတိတ်ကံဆိုတဲ့နေရာမှာပြီးခဲ့တဲ့အတိတ်ကာလတစ်လျှောက်လုံးအကြုံးဝင်တယ်ဆိုတာလူတိုင်းမတွေး မိကြဘူး။လူတွေအတော်များများတွေးနေကြတာက-ဘာဖြစ်ခဲ့မှန်းမသိတဲ့ဘဝတစ်ခုဆိုတာကိုပဲတွေးနေ မိကြတာ။အတိတ်ဘဝကတဲ့။ ကျွန်တော်စဉ်းစားမိတာကဒီစာကိုမရေးခင်ကကျွန်တော်ပြုခဲ့တဲံကံကိုပါ။ ကျွနေ်တော်ဒီစာကိုချမရေးခင်ဖတ်မိတဲ့သူတွေအတွက်အကျိုးပြုနိုင်မဲ့စာမျိုးဖြစ်စေဖို့ရှေ့ရှုစဉ်းစားပါတယ်။ အဲ့ဒိကံနဲ့ဒီစာကိုရေးတာပါ။ ကျွန်တော်ဆိုလိုတာကသိမီလိုက်တဲ့အတိတ်ကံကိုပဲပြောချင်တာပါ။ အဲဒိကံကောင်းမှကျွန်တော်ခင်ဗျားတို့ကိုအတွေးကောင်းကောင်းဖြစ်စေမဲံဒီစာကိုဆက်ရေးနိုင်မှာမို့ပါပဲ။ စေတနာစေ့ဆော်မှုတစ်ခုနဲ့ဒီစာကိုရေးနိုင်မှာဖြစ်ပါတယ်။ ဒီလောက်ဆိုရင်ရှင်းမယ်ထင်ရဲ့။ မရှင်းသေးသူတွေအတွက်အသေးစိတ်လိုက်ဦးစို့ လက်ငင်းကြုံတွေ့နေရတဲ့အတိတ်၊ပစ္စုပ္ပန်`၊အနာဂတ်ဆိုတာနဲ ့ပြောရအောင်…………. အတိတ်ငယ်လေးများကခဏခဏကျန်ခဲ့ပြီးပစ္စုပ္ပန်တွေကအတိတ်တွေဖြစ်ကုန်ကျရင် ဒီစာကိုဖတ်နေချိန်မှာအတိတ်ဘယ်နှစ်ခုပြီးသွားပြီလဲဆိုတာဘယ်သူပြောနိုင်မှာလဲ? အဲဒိကာလတွေမှာသင့်အတွေးတွေဟာကုသိုလ်ဖြစ်ခဲ့ရဲ့လား? “ဟာဒီကောင်ဘာကြောင်နေတာလဲဒီလောက်တော့ငါလဲသိတာပဲဆိုပြီးကျွန်တော့အပေါ် ဒေါသတွေပဲထွက်နေမလား? ဒီနေရာမှာရပ်ပြီးပြန်တွေးကြည့်ပါ။ ဒီစာကိုမတွေ့ခင်ကကောသင့်ရဲ့အတွေး၊အပြော၊အနေတွေကိုမှတ်ကျောက်တင်ရဲသလား? အားလုံးပြီ