naywoon niApril 21, 20121min04
အဲဒါနဲ့ပဲ နေဝန်းနီလည်း စက်ဘီးစီးပြီး အိမ်ဘက်ပြန်လာခဲ့တယ်….။ သောက်နေကျ လ္ဘက်ရည်ဆိုင်ရှေ့ရောက်တော့ ခံတွင်းက ချဉ်လာတယ်…။ လ္ဘက်ရည်ဆိုင်ထဲ ဝင်ခဲ့မိတယ်…။ ဆိုင်ထဲရောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တာနဲ့ သူနဲ့ဝင်ထိုင်ဖြစ်တယ်…။ သူငယ်ချင်းသာပြောတာပါ အသက်က နေဝန်းနီထက်ငယ်ပါတယ်…။ ဒါပေမယ့် အတွေးအခေါ် အယူအဆချင်းကျတော့ နီးစပ်တော့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါ့လေ……….။ လ္ဘက်ရည်ဆိုင်မှာ သူငယ်ချင်းနဲ့တွေ့တော့ စကားပြောရင်းနောက်သလိုလို ပြောင်သလိုလိုနဲ့ …… “ ဒေါက်တာမောင်မောင်တို့ သဘောကောင်းလိုက်ချက်ကတော့ ဆီးအောင့်လို့နာတယ်ဆိုတာနဲ့ ဆေးနှစ်လုံးထိုးပေးလိုက်တယ်…။ ဆေးကတ်နှစ်ကတ်လည်းပေးလိုက်သေးတယ်…။ သုံးထောင့်ငါးရာပဲကျတယ်…။ မင်းတို့ အထူးကုဆေးခန်းမှာဆို စမ်းသပ်ခပဲရှိသးတယ်…။ ဆေးဖိုးမပါသေးဘူး…။ သိလား ပြီးတော့ မသက်သာရင်ပြန်လာခဲ့လို့လည်းမှာလိုက်သေးတယ်…။” လို့ပြောတော့ “ကိုနေရေ့….။ အဲဒါ ချူတာဗျ….။ မှတ်ထား နောက်တစ်ခေါက်ပြန်သွားရင် တစ်သောင်းကျော်မကုန်တော့ ပြောချင်တိုင်းပြော သိလား…။ နောက်တစ်ခေါက်ပြန်သွားတာနဲ့ မသက်သာဘူးဆိုတာ ပေါ်လွင်နေပြီ….။ ခု […]


naywoon niApril 20, 20121min03
ဆေးခန်းသွားမယ်ဆိုတော့ ဆေးရုံဆေးခန်းနဲ့ အထိအတွေ့နည်းတဲ့ နေဝန်းနီ ဘယ်ကိုသွားရမယ်မသိဘူး….။ တစ်ညလုံး အိပ်ရေးပျက်ထားတာကြောင့် ဘယ်သူနဲ့မှလည်းမတွေ့ချင် စကားလည်းမပြောချင်လောက်အောင်နှုံးချိနေတယ်…။ နေဝန်းနီ သိထားသလောက်ဆေးခန်းတွေအကြောင်းကတော့ နေပြည်တော် ဆေးရုံကြီးကအထူးကုတွေလာထိုင်တဲ့ အထူးကုဆေးခန်းကြီး က နေရာသုံးခုခွဲပြီး ရှိနေပါတယ်…။ မိန်းလမ်းပေါ်မှာပဲ မြို့တောင်စမှာတစ်ခု မြို့လယ်ခေါင်မှာတစ်ခု မြောက်ဘက်ပိုင်းမှာတစ်ခု ဆေးခန်းပိုင်ရှင်ကတော့ တစ်ဦးထဲပါ…။ လူနာတွေ သွားရလာရလွယ်ကူအောင်နေရာ တွေ ခွဲပေးထားတယ်နဲ့တူရဲ့…။ ဆေးေတွေကလည်း ပါရဂူ ကိုင်တဲ့ဆေးတွေဆိုတော့ ပြင်းလည်းပြင်း ဈေးလည်းကြီးပါတယ်…။ အထူးပြောစရာကတော့ စမ်းသပ်ခပါပဲ…။ သူတို့ဆီကတောင်းတဲ့စမ်းသပ်ခက သာမာန် အထွေထွေ ရောဂါကု ဆေးခန်းမှာဆိုရင် ထိုးဆေးကောသောက်ဆေးကောအတွက် ပြီးပါတယ်….။ ဆိုတော့ကာ ကိုယ်တတ်နိုင်ရာကိုပဲ ကိုယ်သွားရပေမပေါ့….။ ဒီတော့ ဘယ်ဆေးခန်းသွားမလဲ…။ ဒါမှမဟုတ် တိုင်းရင်းဆေးခန်းပဲသွားပြမလား ….။ နေဝန်းနီနဲ့ အတော်ရင်းနှီးနေတဲ့ တိုင်းရင်းဆေးခန်းတစ်ခုရှိတယ်…။ နေဝန်းနီ ပြန်လာကာစက ငှက်ဖျားရောဂါကို […]


naywoon niApril 19, 20121min021
ဒီစာကိုရေးနေတာကြာပြီ……။ စိတ်တိုင်းမကျတာနဲ့ထားထားတာ….။ ဒါပေမဲ့ ကိုယ်က ပရိုမဟုတ်ဘူးလေ…။ ပြီးပြည့်စုံတဲ့ စာတစ်ပုဒ်ဖြစ်မှတင်ရမယ်ဆို ပြောဖို့က နောက်ကျသွားမယ်ထင်တယ်…။ ကိုယ့်စာဖတ်မိတဲ့သူတွေ ပြင်ဆင်ဖြည့်စွက်ခွင့် ဝေဖန်ခွင့်ပေးလိုက်ချင်တယ်….။ ခေတ်အလွဲများနဲ့ ဆက်စပ်နေတယ်…။ ဒီတော့ကာ မျိုးဆက်တစ်ဆက်ကနေ တစ်ဆက် အဆင်ပြေပြေ နေနိုင်ဖို့ ဘာတွေ ပြုပြင်ထားနိုင်ခဲ့သလဲ….။ ပြန်တွေးကြည့်ရအောင် ….။ လက်ဆင့်ကမ်း ယူကြရမဲ့ မျိုးဆက်ကကော သူတို့ ရောက်ရှိနေတဲ့ အချိန်နဲ့ ကိုက်ညှိပြီး ဘာတွေ ပြင်ဆင် လက်ခံကြမလဲ…။ ဘာမှမပြင်ဆင်ပဲ အစဉ်အလာ အဟောင်း အတိုင်းသာ ဆက်လက် သုံးမယ်ဆိုရင် အစဉ်အလာ ဓလေ့ ထုံးစံရဲ့ ခြံခတ်ထားခြင်း ခံနေရမှာပဲ…။ တွေးကြည့်ပါ…။ တွေးကြည့်ကြပါ…။ ဘာမှအတွေးပဲ အချိန်တွေ ကုန်လာခဲ့တာ… . နေဝန်းနီတို့ တစ်တွေ နှစ်ပေါင်းထောင်ချီနေပါပြီ…။ အစဉ်အလာ ဓလေ့ […]


naywoon niApril 19, 20121min04
အင်း ပြောရင်းနဲ့ စကားလမ်းကြောင်းက စောင်းသွားပြန်ပြီ…။ သောက်နေကျ ဆေးလေးသောက်ပြီး အသာပြန်မှိန်းနေလိုက်တယ်….။ ဗိုက်အောင့်တာက မသက်သာဘူး ဒါကြောင့် သက်သာလိုသက်သာငြား အိမ်မှာရှိတဲ့ မုန့်လေးတစ်ခုကောက်ဝါးလိုက်တယ်…။ ပြီးတော့ရေသောက် အဲ…. ရေသောက်ပြီးတော့ ရှူးရှူးပေါက်ပေါ့….။ အဲဒါက နေဝန်းနီရဲ့ အကျင့်ပဲ…။ ဘယ်အချိန်အပြင်ကပြန်လာလာ ရှူးရှူး တန်းပေါက်တာ …။ အဲ ည အိပ်ယာဝင်ချိန်ဖြစ်ဖြစ် တစ်ရေးနိုးဖြစ်ဖြစ် ရေထသောက်ပြီးရင်လည်း ပေါက်ရမှ ဆိုတော့ ထုံးစံလိုဖြစ်နေပါပြီ…..။ အဲဒိမှာပြဿနာက စတော့တာပဲ….။ ဗိုက်အောင့်နေရာက ဆီးပါအောင့်လာတယ်…။ ရေသောက်ပြီး ရေအိမ်ဘက်အသွား ကျင်ချောင်းထဲကို ဆီးကျသလိုခံစားရပြီး ထိပ်နားဆီက အောင့်လာတာပါ…။ အောင့်နေတဲ့ အထက်နားဆီက ဆီးပြည့်လျှံလာသလိုခံစားရပြီး အပြင်းအထန်းဆီးသွားချင်လာတယ်…။ အဲဒါနဲ့ ရေအိမ်ဘေးဘက်မှာ ဆီးသွားဖို့လုပ်တော့ အောင့်နေတဲ့နေရာက တစ်ဆို့ဆို့နဲ့ နာလာတယ်…။ အဲဒါနဲ့ ဆီးကို ဇွတ်အတင်းညှစ် […]


naywoon niApril 18, 20121min011
ခေါင်းစဉ်ကြည့်ပြီး တစ်လွဲတော့ မတွေးနဲ့ဗျာ…..။ ဒီရွာထဲမှာလည်း ယမကာချစ်သူကများတော့ တော်ကြာ သင်္ကြန်တွင်း ပါဆယ်ဆွဲပြီး ခွက်ပုန်းကစ်တဲ့ အကြောင်းပြောတာထင်နေမှာစိုးရသေးရဲ့….။ အဖြစ်က ဘယ်နှစ်ကနဲ့မှမတူ ပြောတောင်မပြောချင်ပါဘူး…..။ ဟီးးး ရှက်စရာကြီး …။ ဒါပေမဲ့ သိထားရအောင်တော့ ပြောရမှာပဲ ယမကာချစ်သူတို့ရေ…..။ ဖြစ်ပုံက ဒီလိုပါ……….။ အဲသည့်နေ့က ဧပြီ ၄ ရက်မှတ်တယ်….။ အင်တာနက်ဆိုင်ကနေ ညအိမ်ပြန်သွားတော့ ဗိုက်ကအောင့်လာတယ်…။ ဒါနဲ့ သောက်နေကျ ဆေးလေးသောက်လိုက်….။ သောက်နေကျဆေးဆိုတာက ဆေးရောင်းတဲ့သူငယ်ချင်းက ဗိုက်တယ်ပြောလွန်းလို့ ပေးထားတာပါ…..။ အရင်ကတော့ ဆေးသောက်ပြီး တစ်မိနစ်လောက်ဆိုရင် သက်သာတယ်….။ ဝါးစားရတဲ့ အစာကျေဆေးပြားလည်း ပါတော့ စားပြိးရင် လေချဉ်လေ ဂေ့ ဆိုတက်လာပြီး သက်သာသွားတာများပါတယ်…။ ပြီးတော့ ဆေးတောင့်လည်းပါသေးတယ်…။ အဖြူတစ်ခြမ်း ပန်းေရောင်းတစ်ခြမ်းနဲ့ အထဲက သကြားခဲလို အလုံးလေးတွေ […]


naywoon niApril 15, 20121min05
ဒုက္ခတွေ ထမ်းပိုးပြီး ခရီးနှင်နေသူတစ်ယောက် ငါ့အနားက ဖြတ်လျှောက်သွားစဉ်ခဏ သူထမ်းပိုးလာတဲ့ ဒုက္ခတစ်ချို့ ငါ့ရှေ့မှာကျကျန်ရစ်လို့ ငါ့လက်နဲ့ ကောက်ယူပြီး သူ့ကျောပေါ်ပြန်တင်ပေးမိ….။ အဲဒိအချိန်မှာပဲ သူ့ကျောပေါ်ထမ်းပိုးလာတဲ့ အခြားဒုက္ခတွေနဲ့ ထိမိပြီး တစ်ချို့ ထွက်ကျလာပြန်လေရော….. ငါလည်း ကျသမျှ သူ့ကျောပေါ်ပြန်တင်လိုက် ကျောပေါ်က ဒုက္ခတွေ လျောကျလာလိုက်နဲ့ အလုပ်ရှုပ်နေတုန်း ခဏ ရယ်သံဖွဖွ ကြားလိုက်ရတယ်……။ ဒုက္ခတွေ ထမ်းပိုးလာတဲ့သူဆီကပေါ့……… ပြီးတော့သူကဆက်ပြောလိုက်တာက “ အဲသဟာပြောတာပေါ့………. ကိုယ့်ဒုက္ခကိုယ်ရှာတယ်ဆိုတာ မင်းရှေ့ထွက်ကျ ဒုက္ခ……. မမြင်ယောင်ဆောင်ရှောင်ထွက်လို့ရပါလျက်ကယ်နဲ့….” တဲ့ ဟုတ်ပါ့ ငါကလည်းငါ အလုပ်မရှိကြောင်ရေချိုးသလိုသာပ လောကထဲမှာ ဒုက္ခတွေ ရှင်းစေ့ချင်တာနဲ့ သူပြောသလို ပါပဲ “ ကိုယ့်ဒုက္ခကိုယ်ရှာနေသူ…………” နေဝန်းနီ


naywoon niApril 14, 20121min04
အရပ်ကတို့ရေ ကြည့်လည်းလုပ်ကြပါဦး နှစ်ယောက်ထဲတောင်မှ ညီအောင်မကနိုင်ပဲ တစ်တိုင်းပြည်လုံးယိမ်းတိုက်နေလိုက်ကြပုံကို…..။ တစ်ယောက်ကခြေထိုးတဲ့အချိန်မှာ တစ်ယောက်က လက်မြှောက် ဟိုတစ်ယောက်ကခေါင်းငဲ့လိုက်နဲ့ မညီမညာကနေလိုက်ကြပုံများ ပရိဿတ်မှာတစ်ဝါးဝါး တစ်ဟားဟားနဲ့ ပွဲကျနေကြပေါ့…..။ ထိုစဉ်ခဏ သိုရင်းဝတ်ရုံဖို့ရို့ဖားရားနဲ့ ချွေးပြန်တဲ့ နွေခေါင်ခေါင်မှာ ကို့ရို့ကားယား တိုင်းပြည်တည်နေတဲ့ဝန်ကြီးမှာ သနားစရာ…….။ ပရိဿတ်ကတော့ ဒီပွဲ….ရယ်ရတယ်တဲ့… ဒီလိုပဲ မှတ်ချက်ချပြီး အိပ်ရေးပျက်ခံပွဲဆက်ကြည့်နေကြတယ်…။ နေဝန်းနီ


naywoon niApril 14, 20121min02
အစဉ်အလာကို ချိုးဖျက်ဝံ့သူတို့ငဲ့ ငါ့ကိုကူကယ်ဖေးမပါ……။ မြနန္ဒာမပါပဲ သင်္ကြန်မဖြစ်သူတို့ကြားမှာ ငါမွန်းကြပ်လှချည်ရဲ့……။ နေဝန်းနီ


naywoon niApril 6, 20121min013
အလိုက်သင့်မစီးမျောတတ်တဲ့ ဒိုက်ပုံလိုသာပ….။ ငါလည်းလောကစီးကြောင်းထဲမှာတစ်လည်လည်နဲ့ ဟိုသောင်မှာတင် ဒီကမ်းမှာကပ်ရယ်နဲ့ လိုရာခရီးမရောက်သလို ပန်းတိုင်ဆိုတာလည်းပျောက်ခဲ့ပြီ…..။ “ကြောက်စိတ်ကင်းခြင်းဆိုတဲ့ သူရဲ့ပြတင်း အမေ့သားတံခါးတွေဖွင့်ပေးပါ….။” ယက်တူရှင်ကိုရဲ့ ကဗျာ စာသား နားဝမှာကြားယောင်ရင်းနဲ့ အမှိုက်ပုံ ဒိုက်ပုံမာန်တင်း လေးလံနေတဲ့ သူ့ခန္ဓာ သူပြန်ထိန်းရင်း ရေစီးကြောင်း (လောကစီးကြောင်းထဲမှာ) တစ်ရွေ့ရွေ့ ဆက်လက်စီးမျောနေလေရဲ့……….။ နေဝန်းနီ


naywoon niApril 3, 20121min013
ဒီစကားက နေရာတစ်ကာ မှာပြောနေရလို့ ရိုးချင်ရင်လည်းရိုးနေမယ်…။ မပြင်သ၍တော့ ပြောနေရဦးမှာပဲ…။ ကဲ…. ရွေးကောက်ပွဲလည်းပြီးခဲ့ပြီ…။ ပျော်လည်းပျော်ခဲ့ပြီ…။ ကိုယ်အားပေးတဲ့ သူနိုင်လို့ ..။ အဲနောက်တစ်ရက် ပန်ကြားချက်ထွက်လာရတဲ့ အထိ အပျော်လွန်ခဲ့တာ…။ ဘာတဲ့ တစ်ဖက်အဖွဲ့အစည်းကို ထိခိုက်နစ်နာစေမဲ့ အပြောအဆို အပြုအမူ ရှောင်ကျဉ်ဖို့ ဆိုလား ..။ ဘာမဆိုင် ညာမဆိုင် ဝင်အာမဲ့ နေဝန်းနီတောင် ရေးပြီးသားပို့စ် ဖျက်ပစ်လိုက်ရတယ်..။ ဟုတ်သားပဲ..။ ဒါ ဒီမိုကရေစီရဲ့ လမ်းစဉ်မှ မဟုတ်တာ …။ နေဝန်းနီတို့ နားလည်ပြီးသား ဒီမိုကရေစီ ဆိုတာက လွတ်လပ်ခြင်းနဲ့ အတူ သူတစ်ပါးကို မထိခိုက်မနစ်နာစေရဘူးဆိုတဲ့ တာဝန်ယူမှုပါတယ်…။ ခုတော့ လူတော်တော်များများ နားလည်လက်ခံ ကျင့်သုံးနေတာက လွတ်လပ်မှုပဲ…။ တာဝန်ယူမှု မပါဘူး…။ အဲဒိလိုမဟုတ်ပါဘူး…။ ကိုယ့်ရဲ့ လွတ်လပ်ခွင့်က […]


naywoon niMarch 31, 20121min014
နေဝန်းနီတို့က သူများ စကားလုံးယူသုံးပြီးခပ်တည်တည် ဖြီးတော့မယ်မထင်လိုက်ပါနဲ့….။ စကားလုံး အသစ် ဆန်းသစ်ချိန်မရလို့ လူသိများပြီးသားစကားလုံးကိုပဲ ယူသုံးလိုက်မိတာပါ….။ စကားလုံးပိုင်ရှင်ဆရာကြီး ကိုလည်း ဒီနေရာကနေပဲ ခွင့်တောင်းလိုက်ပါတယ်…။ ခွင့်မပြုလည်း ယူသုံးပြီးပြီ… ဖြစ်ပါတယ်….။ အဟင့် စိတ်ညစ်လိုက်တာ…။ ခေါင်းစဉ်တော့ ယူသုံးလိုက်ပါပြီ…။ ရင်ခုန်သံနည်းနည်းမြန်သည် …..တဲ့..။ အဲ နေဝန်းနီတို့ အသက် 40 ကျော်မှ ရင်ခုန်နေတယ်ဆိုပြီး ကြီးမှ ဝက်သက်ပေါက်တယ်လို့ မထင်လိုက်ပါနဲ့ဦး…။ နေဝန်းနီ ရင်ခုန်နေတာက အဲဒိနှလုံးသားကိစ္စ အတွက်ရင်ခုန်နေတာမဟုတ်ပါဘူးဗျာ…။ မနက်ဖြန် ကိုယ်တိုင် မပါဝင် မဲပေးခွင့် မရတဲ့ ရွေးကောက်ပွဲ ကို ဘယ်လို အဖြေထွက်လာမလဲဆိုတာ တွေးနေရင်းနဲ့ ရင်ခုန်သံ က အချိန်နဲ့ အမျှ မြန်လာလို့ပါ….။ ကိုယ့်မျက်စေ့ ရှေ့မှာမဟုတ်တဲ့ ရာနှုန်းအနည်းငယ်လေး အတွက်သာလုပ်မဲ့ ရွေးကောက်ပွဲကို […]


naywoon niMarch 26, 20121min04
အမြဲတမ်းမောင်းနှင် ကြိတ်ဝါးနေတဲ့ စက်အစုံငဲ့…………..။ အသင်ကြိတ်ဝါးနေတဲ့ အရာတွေကနေပြီး စွမ်းအင်ပြန်ရပြီးဆက်လက်မောင်းနှင် မရပ်မနား တစ်ကယ့်တစ်လစပ်မောင်းနေခဲ့ အိုး မောင်းနှင်ပြီးရင်းမောင်းနှင် စက်ပူလို့မနား ရေဆူလို့မနား ကြမ်းဝါးရမဲ့ကုန်ကြမ်းတွေသာ လာစမ်းပါ…. ထည့်လိုက်စမ်းပါနဲ့ ကြိတ်ဝါးပြိးသား ဝါးဖတ်တွေသာဖယ်ပေးပါတဲ့ အိုအသင်……….. မာန်ကြီးလှချေသည်တစ်ကား……….. အိုအသင် သင့်တာဝန်ကိုမလစ်စေပါတစ်ကား…….. အိုအသင် ဘယ်အချိန်ရပ်မည် သင်စိတ်ကူးပါသလား….။ နေဝန်းနီ


naywoon niMarch 25, 20121min032
အားနာပါးနာ ကြည့်ပေးကြပါ…။ ဟုတ်ကဲ့ ….။ အားနာပါးနားကြည့်ပေးကြပါ….။ ဘာလို့လဲဆိုတော့ ဒီပို့လေးက နေဝန်းနီရဲ့ သူငယ်ချင်းက အကူအညီတောင်းပြီးတင်ပေးပါဆိုလို့ နေဝန်းနီလည်း အားနာပါးနာတင်ပေးလိုက်တာပါ….။ နေဝန်းနီရဲ့သူငယ်ချင်းဆိုတာက ရွာသားတစ်ယောက်ဖြစ်တဲ့ ဗစ်တာစိုးမိုး (m) ပါ….။ သူက စာအုပ်ဆိုင်တစ်ဖက်နဲ့ မအားလပ်လို့ နေဝန်းနီကလည်း အားနာပါးနာ တင်ပေးမယ်ဆိုပြိး သူ့ပုံလေးတွေ ယူလာခဲ့တာ …..။ ဆိုင်ရောက်မှ သူ့ပုံလေးတွေ ဖွင့်ကြည့်လိုက်တော့…………. တင်သင့်တယ်လို့ ထင်တာနဲ့ ကြိုးစားပမ်းစားတင်လိုက်မိပါတယ်…။ ရွာထဲက ဒါ့ပုံဆြာတွေကို အားကျမခံ ကိုယ်တိုင်ရိုက်တာမဟုဆ်ကြောင်းတော့ ဝန်ခံထားတယ်နော်….။ 😛 လူအသိနည်းလှတဲ့ နေပြည်တော်က ရေပူစမ်း ကလေး အရောက်အပေါက်နည်းလှတဲ့ နေပြည်တော် က ရေပူစမ်း အကြောင်းလေး ပြောပြချင်လို့ပါ – ရေပူစမ်း ရှိနေတဲ့ နေရာ ကတော့ – နေပြည်တော်ရဲ့ […]