အဲဒါနဲ့ပဲ နေဝန်းနီလည်း စက်ဘီးစီးပြီး အိမ်ဘက်ပြန်လာခဲ့တယ်….။ သောက်နေကျ လ္ဘက်ရည်ဆိုင်ရှေ့ရောက်တော့ ခံတွင်းက ချဉ်လာတယ်…။ လ္ဘက်ရည်ဆိုင်ထဲ ဝင်ခဲ့မိတယ်…။ ဆိုင်ထဲရောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တာနဲ့ သူနဲ့ဝင်ထိုင်ဖြစ်တယ်…။ သူငယ်ချင်းသာပြောတာပါ အသက်က နေဝန်းနီထက်ငယ်ပါတယ်…။ ဒါပေမယ့် အတွေးအခေါ် အယူအဆချင်းကျတော့ နီးစပ်တော့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါ့လေ……….။ လ္ဘက်ရည်ဆိုင်မှာ သူငယ်ချင်းနဲ့တွေ့တော့ စကားပြောရင်းနောက်သလိုလို ပြောင်သလိုလိုနဲ့ …… “ ဒေါက်တာမောင်မောင်တို့ သဘောကောင်းလိုက်ချက်ကတော့ ဆီးအောင့်လို့နာတယ်ဆိုတာနဲ့ ဆေးနှစ်လုံးထိုးပေးလိုက်တယ်…။ ဆေးကတ်နှစ်ကတ်လည်းပေးလိုက်သေးတယ်…။ သုံးထောင့်ငါးရာပဲကျတယ်…။ မင်းတို့ အထူးကုဆေးခန်းမှာဆို စမ်းသပ်ခပဲရှိသးတယ်…။ ဆေးဖိုးမပါသေးဘူး…။ သိလား ပြီးတော့ မသက်သာရင်ပြန်လာခဲ့လို့လည်းမှာလိုက်သေးတယ်…။” လို့ပြောတော့ “ကိုနေရေ့….။ အဲဒါ ချူတာဗျ….။ မှတ်ထား နောက်တစ်ခေါက်ပြန်သွားရင် တစ်သောင်းကျော်မကုန်တော့ ပြောချင်တိုင်းပြော သိလား…။ နောက်တစ်ခေါက်ပြန်သွားတာနဲ့ မသက်သာဘူးဆိုတာ ပေါ်လွင်နေပြီ….။ ခု […]
