manawphyulaySeptember 1, 20111min02
” လူငယ်ဘဝနှင့် ပညာရေး ” “ Education & Youth Life ” By Author Chit San Win Programme Date : 3rd September (Saturday) Time : 02:00 PM Venue : Myanmar Fisheries Federation, Bayintnaung Road, West Gyogone, Insein Township, Yangon. ဟောပြောမည့် ချစ်စံဝင်းရဲ့ ကိုယ်ရေးရာဇဝင်ပဲ ဖြစ်ပါတယ်


manawphyulayAugust 31, 20111min011
တစ်ခါမှ မရောက်ဖူးပေမယ့် သူငယ်ချင်းရိုက်လာတာလေးတွေ မျှဝေလိုက်ပါတယ်။ ဂျပန်နိုင်ငံ KOBE ကို သင်္ဘောကပ်တုန်း ရိုက်လိုက်တာ ဖြစ်ပါတယ်တဲ့။


manawphyulayAugust 30, 20111min05
pali2myn@gmail.com ကို Gtalkမှာ invite လုပ်ပြီး ပါဠိ-မြန်မာ-အင်္ဂလိပ်အဘိဓာန် ကြည့်ရှူ့နိုင်ပါတယ်။ ရှာလိုတဲ့စာလုံးကို Gtalkမှာ ရိုက်လိုက်ပါက အဓိပ္ပါယ်ပြန်ပေးမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လိုချင်သော ကုမ္ပဏီလိပ်စာများကို အလွယ်တကူ သိချင်သူများအတွက် mydirectory@bot.im ကို invite လုပ်ထားခြင်းဖြင့် သိချင်သည့် လိပ်စာများကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ငွေလဲလှယ်နှုန်းတွေသိချင်ရင်တော့ myanmar.exchange@gmail.com ကနေ သိချင်တာများ ရှာဖွေနိုင်ပါတယ်။ အင်္ဂလိပ်ဘာသာပြန်တာကတော့ သိကြမယ်ထင်ပါတယ်ရှင်။


manawphyulayAugust 30, 20111min04
ဘာလိုလိုနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဘလောဂ့်ဒေး ဩဂုတ် ၃၁ ရက်ကို ရောက်ရှိလာပြန်ပါပြီ။ နှစ်စဉ် ရန်ကုန်မှာလုပ်တဲ့ ဘလောဂ့်ဒေး အမှတ်တရ နေ့ရက်လေးတွေကိုလည်း အမြဲအမှတ်တရ သတိရနေမိပါတယ်။ ဘလောဂ့်ဒေးနဲ့အတူ မနောတို့ရဲ့ မြန်မာဘလောဂ်ဂါအဖွဲ့အစည်းကတော့ ၂၀၁၁ ဆိုရင်ဖြင့် ငါးနှစ်တိုင်တိုင်ပြည့်ခဲ့ပါပြီ။ နှစ်စဉ်နှစ်တိုင်း ဘလောဂ်မောင်နှမတွေစုဖြစ်ကြပြီး ဟောပြောပွဲတွေ၊ တွေ့ဆုံပွဲတွေ လုပ်ခဲ့ကြပြီး ပျော်ရွှင်ကြည်နူးမှုတွေနဲ့ ရင်းနှီးမှုတွေကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာအင်ဖိုတက်မှာ ဟောပြောပွဲတွေနဲ့ လက်ဆောင်ပစ္စည်းများပေးပြီး တင်ဆက်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ်ကတော့ နှစ်တွေထဲမှာ အပျော်ဆုံးနှစ်တစ်နှစ်ဆိုလည်း မမှားပါဘူးလေ။ အဲဒါကတော့ ပထမတစ်ရက်မှာ ဘလောဂ်ရေးသားသူတွေကို ကန်တော်ကြီးမှာ စုပြီး စားကြသောက်ကြ တွေ့ဆုံဆွေးနွေးကြနဲ့ နောက်ရက်ကျတော့ ပြည်မြို့ဟောင်း သရေခေတ္တရာကို သွားလည်ကြတာ ခုချိန်ထိ မေ့မရနိုင်သေးဘူး။ ဒီနှစ်တော့ ဟောပြောပွဲထက် ခရီးသွားမလား။ ဘယ်လိုလုပ်ကြမလဲဆိုတာ […]


manawphyulayAugust 29, 20111min02
Contact Phone: 09 73050603 စင်္ကာပူနိုင်ငံတွင်လုပ်ကိုင်ရန်အတွက်အောက်ပါ (Spass) ဝန်ထမ်းများအလိုရှိသည်။ Sales lady salary S$ 1000 +200+commission Working day 10 hr Rest day 1 day off per week URGENT အင်တာဗျူး ရှိသည်။


manawphyulayAugust 28, 20111min04
ဂမုန်းကြက်လာပင်ရဲ့ပုံစံမှာ စပါးရွက်ပုံစံဖြစ်ပြီး မြက်ရိုင်းရှည် ပုံစံ၊ အရွက်များမှာ ၂ ပေခန့်အထိ ရှည်၍ အရွက်မှာ အလျားလိုက် မြောင်းခွက်များပါရှိပါတယ်။ ရိုးတံရှည်ထွက်ကာ နီဝါရောင် အပွင့်ငယ်ကလေးများ သုံးလေးပွင့်ခန့် စုပြီး ပွင့်လေ့ရှိပါတယ်။ အပင်အရောင်မှာ ပြာလဲ့လဲ့၊ စိမ်းညို့ညို့ဖြစ်ပြီး ပင်စည်မရှိဘဲ မြစ်ခေါင်းပဲရှိပါတယ်။ ကြက်များ နှစ်သက်တဲ့အပင်လည်း ဖြစ်ပါတယ်။ အပင်ရဲ့ အနီးတစ်ဝိုက်မှာ ကြက်ကလေးတွေ ရစ်ဝဲနေတတ်တာကိုလည်း သတိထားမိပါတယ်။ ဂမုန်းကြက်လာပင်က အိမ်ထောင်သာယာရေးအတွက် အစီအရင်ပြုနိုင်တဲ့ ဂမုန်းလို့လည်း လေ့လာသိရှိရပါတယ်။ လုပ်ပုံလုပ်နည်းတော့ မပြောပြတော့ပါဘူး။ မနောက မနောမယ နည်းတွေ ပေးနေတယ်ဖြစ်မှာစိုးလို့ပါရှင်။


manawphyulayAugust 28, 20111min06
Busun (S’korea) မြို့၏ သင်္ဘောဆိပ်ကမ်းမြင်ကွင်းတွေ ဖြစ်ပါတယ်။ သူငယ်ချင်းရဲ့ Reefer သင်္ဘောနှင့် ငါးဖမ်းသင်္ဘောတွေကပ်တဲ့ Busun ဆိပ်ကမ်းမြို့သို့ ရ ရက်နေ့ ၂ လ ၂၀၁ဝ တုန်းက ရိုက်လာခဲ့တာ ဖြစ်ပါတယ်။


manawphyulayAugust 26, 20111min06
ဂျပန်နိုင် နာဂိုယာမြို့ဆိပ်ကမ်းမှ သင်္ဘောပေါ် ကားတင်နေပုံ ဖြစ်ပါတယ်။ နာဂိုယာဆိပ်ကမ်းနှင့် တံတားအလှ မြင်ကွင်းကို မြင်တွေ့ရတာ ဖြစ်ပါတယ်။ သင်္ဘောပေါ်တင်မည့် အသစ်စက်စက်ကားများ နာဂိုယာဆိပ်ကမ်းရှိ ကားတင်သင်္ဘော (car carrier) တစ်စီးပုံ


manawphyulayAugust 25, 20111min09
G-Talk နှင့် စာရိုက် ဆက်သွယ်ရာတွင် Smiley လေး ထည့်သုံးချင်ရင် “Shift” သုံးပြီး ” : ” အရင်နှိပ်ပါ။ ထို့နောက် အောက်ပါ အညွှန်းမှ Eng: စာလုံးလေးများ ဖြည့်စွက် ရိုက်ပေးပါက G-Talk တွင် လှပဆန်းသစ်သော Smiley လေးများ ထည့်သွင်း ဆက်သွယ်နိုင်ပါမည်……… ။ အကြောင်းအရာ ရိုက်ရန် မြန်မာလို All the Best :atb (သိပ်ကောင်းတယ်) Angel :angel (နတ်သမီးလေး) Angry :angry (စိတ်ဆိုးတယ်) Applause :clap (အားပေးပါတယ်) Bath :bath (ရေချိုးနေတယ်) Blushing :blush (မျက်နှာနီအောင်ရှက်တယ်) Call me :callme (ဆက်သွယ်ပါ) […]


manawphyulayAugust 25, 20111min07
အဖေနဲ့ အမေ အကျိုးတော်ဆောင် လောကဘောင်မှာ ရင်ဝယ်ပျိုးလောင်း မေတ္တာဆောင်းကာ ဒုက္ခလည်းချို သောကလည်းပျော် ဝေဒနာတွေ အဖော်ပြုလို့ ကျွန်မတို့မောင်နှမတွေအတွက် ဘဝတွေပေးခဲ့တယ်နော် ကျေးဇူးပါ အဖေနဲ့အမေ လက်မငယ်မှ လက်သန်းသွယ် ကျန်အဖော်တွေ မောင်နှမချည်းပဲ ဘယ်ညီမ ဘယ်မောင် ဖေမေတို့ဆီမှာ နားလည်မှုလွဲ မစာနာခဲ့လည်း ဘယ်ချိန်ဘယ်မဆို ရော့ဖေမေ တစ်ပြားတစ်ချပ် မပေးနိုင်လဲ စိတ်ထဲအမြဲ ဖေမေ စိတ်ချမ်းသာဖို့အရေး သမီး တွေးတောမြဲပါ အဖေနဲ့ အမေရယ်…… ရေးသားသူ – မနောဖြူလေး (ရင်တွင်းခံစားသီဖွဲ့သည်။)


manawphyulayAugust 24, 20111min012
လောကမှာ နေထိုင်စရာအတွက် မြေ ရှူရှိုက်ဖို့အတွက် လေ သောက်သုံးဖို့အတွက် ရေထက် သားသမီးတွေအတွက် အဖိုးမဖြတ်နိုင်သော မေမေသာ အရေးကြီးဆုံးပါ မေမေ… ကြည်လင်ချိုအေးတဲ့ ကျောက်စက်ကျစမ်းရေဟာ မောပန်းရေဆာသူတွေအတွက် အဖိုးမဖြတ်နိုင်တာထက် သားသမီးတွေအတွက်ကတော့ အမေ့ရဲ့အပြုံးတစ်ချက်ဟာ ဘာနဲ့မှ မလဲနိုင်အောင် အဖိုးမဖြတ်နိုင်ဆုံးပဲ မေမေရေ… အမေ့စေတနာကို ဖက်မနမ်းမိ ကြာပါပြီ ရက်၊ လ၊ နှစ်တွေ ဆံပင်ဖြူတော့မယ့်အထိပေါ့ အခုမှ ဦးနှောက်ကို ဆားခပ်ပြီး ပြန်စဉ်းစားကြည့်မိတယ် ငါဟာ ပေးဆပ်ခြင်းကို ကျေပွန်အောင် မပြုလုပ်ရသေးပါလား မေမေရယ် စိတ်ထဲမှာ အကြိမ်ကြိမ်ခံစား အမေနဲ့အတူ ရှင်သန်ခွင့်တွေ အမြဲရချင်တယ် မေမေရယ်… သမီးကို ကျေးဇူးဆပ်ခွင့်ပြုပါ မေမေ…


manawphyulayAugust 24, 20111min021
အလုပ်ကလေး ပါးတာနဲ့ ဦးကြောင်ကြီးတစ်ယောက် ဘာတွေလုပ်နေသလဲဆိုပြီး လေ့လာမိတဲ့အခါမှာ တွေ့ရတာတွေပါပဲ။ တစ်နေ့ တစ်နေ့ ဘာလုပ်ရမလဲ တစ်နေကုန် ဘာလုပ်ရမလဲ တစ်ခါတလေတော့လည်း ပျင်းသား