ဂမုန်းကြက်လာပင် အကြောင်း

manawphyulayAugust 28, 20111min04

ဂမုန်းကြက်လာပင်ရဲ့ပုံစံမှာ စပါးရွက်ပုံစံဖြစ်ပြီး မြက်ရိုင်းရှည် ပုံစံ၊ အရွက်များမှာ ၂ ပေခန့်အထိ ရှည်၍ အရွက်မှာ အလျားလိုက် မြောင်းခွက်များပါရှိပါတယ်။ ရိုးတံရှည်ထွက်ကာ နီဝါရောင် အပွင့်ငယ်ကလေးများ သုံးလေးပွင့်ခန့် စုပြီး ပွင့်လေ့ရှိပါတယ်။ အပင်အရောင်မှာ ပြာလဲ့လဲ့၊ စိမ်းညို့ညို့ဖြစ်ပြီး ပင်စည်မရှိဘဲ မြစ်ခေါင်းပဲရှိပါတယ်။

ကြက်များ နှစ်သက်တဲ့အပင်လည်း ဖြစ်ပါတယ်။ အပင်ရဲ့ အနီးတစ်ဝိုက်မှာ ကြက်ကလေးတွေ ရစ်ဝဲနေတတ်တာကိုလည်း သတိထားမိပါတယ်။ ဂမုန်းကြက်လာပင်က အိမ်ထောင်သာယာရေးအတွက် အစီအရင်ပြုနိုင်တဲ့ ဂမုန်းလို့လည်း လေ့လာသိရှိရပါတယ်။ လုပ်ပုံလုပ်နည်းတော့ မပြောပြတော့ပါဘူး။ မနောက မနောမယ နည်းတွေ ပေးနေတယ်ဖြစ်မှာစိုးလို့ပါရှင်။

4 comments

  • မီးမီး သော်

    August 28, 2011 at 5:44 pm

    များပြားလှပါတဲ့ ဂမုန်းအနွယ်ထဲကတစ်ခုပေါ့။ခုလိုပုံပါတွေ ့ရတော့ကျေးဇူးပါ မမမနောရေ–

  • windtalker

    August 28, 2011 at 9:30 pm

    ကဲကဲ…
    မနောဖြူ က မပြောတော့
    မောင်ပေ က
    သိသလောက် မှတ်သလောက် ဝင်ငံ ရတော့ မပေါ့ ။
    စိတ်မဆိုးနဲ ့ဦးနော် ….တင်ကြို တောင်းပန် တယ်နော် ဟီဟိ
    ပထမ ဆုံး ဒီအဖိုးတန် နည်းလမ်းကောင်း ကို မပေးခင်
    မေးခွန်းတစ်ခု တော့ အရင် မေးချင်တယ်
    အိမ်ထောင်ရေး သာယာအောင် ဆိုတဲ့ နေရာ မှာ
    ဘယ်လို မျိုး သာယာ ချင်တာ လဲ ဆိုတဲ့ မေးခွန်းပါပဲ
    စီးပွားရေး ၊ လူမှု ရေး အစရှိသဖြင့် သာယာချင်တာလား…?
    ဒါမှ မဟုတ် လင်မယားချင်းဘာသာဗေဒ (အန်းခိပ်)မှာ သာယာချင်တာလား..?
    ဆိုတာ ကို ဖြေပေးကြပါ ။
    ပထမ မေးခွန်းအတွက် က တော့
    မောင်ပေ့ အနေနဲ ့အထူးတစ်လည် နည်းပေးစရာ မလိုအပ်ပါဘူး နော်
    ဒုတိယ မေးခွန်းကို ဖြေလာသူ များလာမယ် ဆိုရင်တော့
    အထူးအင်မတန် အစွမ်းထက် တန်ခိုးရှိတဲ့
    “ အိမ်ထောင်ရေး သာယာစေဖို ့ နည်းလမ်း ” ကောင်းကြီး ကို ညွှန်ပြပေးမယ်နော်…
    ကွန်မင့် များကို စောင့်မျှော်လျှက်ပါ

  • ဆူး

    August 28, 2011 at 9:51 pm

    မနော အိမ်မှာ စို်က်ထားတာလား..
    အစီအရင်နဲ့ စိုက်ထားတာလား.. အစီအရင်က တကယ်ကော စွမ်းရဲ့လား.. အိမ်နားမှာ တကြက်ကြက် ရန်ဖြစ်နေတဲ့ လင်မယား ကို နည်းပေးချင်လို့.. အဟုတ် မှန်တယ် ဆိုရင် သူတို့ လင်မယားကို မနော လိပ်စာပေးပြီး သွားတူးခိုင်းလိုက်မယ်နော်.။

  • manawphyulay

    August 29, 2011 at 10:18 am

    အိမ်မှာ ရှိပါတယ်ဆူးရေ.. တကယ်လို့ မျိုးလိုချင်ရင် ခွဲပေးမယ်လေ…

Leave a Reply