lokiMarch 14, 20111min04
ယခင်က ဓာတ်ဆီထုတ်ယူရာတွင် တန်းစီစောင့်ဆိုင်းနေရပြီး တနေ့ကုန် ဘာအလုပ်မှလုပ်မရနိုင်အောင် စောင့်ဆိုင်းတန်းစီရသော ဓာတ်ဆီ တန်းစီဝယ်ယူသည့်စနစ်အားပိုမိုကောင်းမွန်သော စနစ်ဖြင့် နိုင်ငံတော်မှ စေတနာအပြည့်ဖြင့် ဖော်ပြပါအတိုင်းရောင်းချသွားပါမည်။ယခင်ပြောခဲ့သော ကတိများကို ဗွေမယူကြပါရန်နှင့် ကတိများသည် ယနေ့ပြောသောကတိသည် ပြောနေချိန်တွင်သာတည်ပါကြောင်း သိရှိရပါသည်။


lokiAugust 5, 20101min00
ယနေ့လူငယ်များအကြားခေတ်စားနေသော MP3/4 များမှာ ဆော့ဝဲလ်ပိုင်းဆိုင်ရာပျက်စီးမှုများဖြစ်ပေါ်လျှက်ရှိပြီးပြန်လည်ပြင်ဆင်ပါကလည်း ပြင်ဆင်ခဈေးများတတ်ကြောင်းသိရသည်။ထိုMP3/MP4 များအားပြုပြင်ခြင်းကိုလည်းအချို့မှာသင်တန်းများဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြသည်။ဆော့ဝဲလ်ပိုင်းပျက်စီးမှုများအားပြုပြင်မည်ဆိုပါက မိမိကိုယ်တိုင်အလွယ်တကူပြင်ဆင်နိုင်ကာမည်သည့်သင်တန်းမျှတက်စရာမလိုကြောင်း MP3/4အသုံးပြုသူလူငယ်တစ်ဦးမှပြောကြားသွားသည်။ ထိုသို့ပြုပြင်လိုပါက အင်တာနက်မှလိုအပ်သော firmware ကို ကူးယူကာ ပြင်ဆင်နိုင်ကြောင်း အင်တာနက်မှ ကူးယူရာတွင်မိမိစက်၏အချက်အလက်များနှင့်လည်းအလွယ်တကူတိုက်ဆိုင်ကူးယူနိုင်ကာ http://www.s1mp3.org/en/downloads_fw.php ။ http://wiki.s1mp3.org/S1mp3_device_database တို့တွင်အပြည့်စုံဆုံးဖော်ပြထားကြောင်းသိရသည်။


lokiAugust 5, 20101min00
iPhone 3G/3Gs /4 version 4.0 များမှာ လွန်ခဲ့သောလအနည်းငယ်အတွင်း Jailbreak & Unlock ပြုလုပ်မရခဲ့သော်လည်း ယခုလ ၂ ရက်မှစကာ ကိုယ်တိုင်အလွယ်တကူပြုလုပ်နိုင်ပြီဖြစ်ပါတယ်။မိမိရဲ့ Iphone တွင်ပါရှိသော safari web browser မှ တဆင့် http;//jailbreakme.modmyi.com သို့ဝင်ရောက်ကာ ထို web page ၏လမ်းညနြ်ချက်အတိုင်းအလွယ်တကူ jailbreak ပြုလုပ်နိုင်ကြောင်းသိရသည်။ Jailbreak ပြုလုပ်ပြီးနောက် မိမိဖုန်းတွင် Cydia ဆော့ဝဲလ်မှတဆင့် ultrasn0w အားဒေါင်းလုပ်ပြုလုပ်ကာ unlock ပြုလုပ်နိုင်ကြောင်းသိရှိရသည်။ထိုသို့Jailbreak ပြုလုပ်ပြီးနောက်တွင် cydia ဆော့ဝဲလ်အတွင်းမှ Make My Life Easier ကို Click လုပ်ကာ မိမိ ဖုန်း၏ ECID အား Cydia Server […]