ko zinNovember 16, 20121min08
MegaTypers ဆိုတာကတော့ Typing လုပ်ပေးပြီး ဝင်ငွေရှာရတဲ့ ဝက်ဘ်ဆိုက်တစ်ခုပါ။ အလုပ်လုပ်ဖို့အတွက် အင်တာနက်လိုင်းရှိနေ ဖို့တော့ လိုပါတယ်။ တချို့အလုပ်လုပ်တဲ့ဆိုက်တွေက ပထမတော့ အခမဲ့ဝင်ငွေရှာနိုင်သလိုလို ဘာလိုလိုနဲ့ လက်တွေ့ Register လုပ်ပြီး တဲ့အခါမှာ တစ်လဝင်ငွေရှာဖို့အတွက် ဘယ်လောက်ပေးရမယ်ဆိုပြီး တောင်းလေ့ရှိပါတယ်။ ဘယ့်နှယ် ပိုက်ဆံမရှိလို့ ဝင်ငွေရှာပါတယ် ဆိုမှ ပိုက်ဆံတောင်းတဲ့ဆိုက်နဲ့တွေ့ရတယ်လို့။ MegaTypers ကတော့ လုံးဝလုံးဝ အခမဲ့ပါ။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ဝင်ငွေရတဲ့ဆိုက်လည်းဖြစ်ပါတယ်။ ဒါပေ မယ့် Register လုပ်ဖို့အတွက်တော့ Member ဖြစ်နေပြီးသားလူက Invitation Code ပေးမှ ဝင်လို့ရပါမယ်။   ဘာတွေလုပ်ရသလဲ သိပ်ကိုလွယ်ပါတယ်။ စာရိုက်ပေးရုံပါပဲ။ အင်္ဂလိပ်လက်ကွက်တော့ ကျွမ်းကျွမ်းကျင်ကျင်ရိုက်တတ်ဖို့လိုပါတယ်။ စကားလုံး တစ်ထောင်အတွက် ၁ ဒေါ်လာကျော်ကျော် ပေးနေပါတယ်။ အင်္ဂလိပ်စကားကျွမ်းကျင်စရာမလိုပါဘူး။ […]