kaiMarch 7, 20101min00
ပြီးခဲ့တဲ့ သောကြာနေ့(မတ်လ၅)ညက ကိုအေးချမ်းနိုင်တယောက် နော်ဝေးကနေ အယ်လ်အေကိုရောက်လာပါတယ်။ စွစ်ဇာလန်မှာ ထထောက်နားပြီး ၁၂နာရီတောက်လျှောက်လေယဉ်စီးလာရတာမို ့ပင်ပန်းသွားပုံရတဲ့ သူ့ကို အင်တာဗျူးဖို ့အချိန်မရပါဘူး။ ဗိုက်တော့ ဆာနေမှာပဲထင်ပြီး အယ်အေက ဗမာတွေအစားများတဲ့ ”Noodle World ”ဆိုတဲ့ဆိုင်မှာပဲ ချိန်းလိုက်ပါတယ်။ စားရင်းသောက်ရင်း စကားပြောဖို ့ကြမယ်ပေါ့။ သူတည်းမဲ့အိမ်က ကိုကျော်ဝဏ္ဍ၊မမိုးချိုသင်းတို့အိမ်ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့စုံတွဲကပဲ လေဆိပ်သွားကြိုပြီး လိုက်ပို ့ပေးကြတာဖြစ်ပါတယ်။ထုံးစံအတိုင်း သူတို့ရဲ့ ”မိုး”ဆိုင်လေးကို စောပိတ်ပြီး သွားကြိုကြတာပါ။ ကိုအေးချမ်းနိုင်ဟာ နော်ဝေလူမျိုးတယောက်နဲ့အိမ်ထောင်ကျလို ့…ကလေး၃ယောက်ဖခင်ဖြစ်နေပြီး သူ့ကိုရုတ်တရက် ကြည့်ရင် ရိုးရိုးအေးအေးဟန်နဲ့ ဖြစ်ပါတယ်။ ဆံပင်တွေဖြူနေပြီး မြန်မာနဲ့ သိပ်တောင်မတူတော့ပါဘူး၊မြန်မာပြည်ကထွက်လာတဲ့ ၁၈နှစ်လောက်မှာ အအေးပိုင်းနိုင်ငံမှာအနေများတာမို ့..လားတော့ မသိပါ။ စကားတွေ ၁နာရီလောက်ပြောကြဆိုကြတာမှာ ဒီနေ့လုပ်မဲ့ အော်စကာပွဲအတွက် သိပ်တော့မမေးဖြစ်လိုက်ပါဖူး၊ မန္တလေးဂေဇက်နဲ့က ဒီဗွီဘီကဆိုရင် […]


kaiMarch 4, 20102min00
ဖေဖေါ်ဝါရီလကုန်ပိုင်းက ဖလော်ရီဒါ-စီးဝေါလ်ထဲက ဝေလငါးက သူ့ကိုလေ့ကျင့်ပေးတဲ့ ဆရာမကို သတ်လိုက်ပါတယ်။ အဲဒီမှာတင် တနိုင်ငံလုံးက တရိစ္ဆာန်ချစ်သူတွေ၊ မချစ်သူတွေ၊ စီးပွားရေးသမားတွေ အုံကြွလာပြီး သတင်းတွေမှာ ထပ်ခါပါနေရောဆိုပါစို ့..။ ဘာဖြစ်သလဲဆိုတော့.. အော်စကာ နောမနိတ်(ကြိုတင်စကာစစ် စာရင်း) မှာ (Burma VJ )ကားက (The Cove)နဲ့ပြိုင်နေတာကိုး…။ ( The Cove)ဒါရိုက်တာပါ သတင်းအင်တာဗျူးတွေမှာ သူ့ကားနဲ့ဆက်စပ်ပြီး ထွက်လာနေတော့တာမို ့…Burma VJဟာ စိတ်ဝင်စားခံရမှုနည်းနည်းကျသွားပါတယ်။ ဒီကြားထဲ ပြီးခဲ့တဲ့အပါတ်က တိုင်းမ်မဂ္ဂဇင်းကလည်း Food, Inc ကို ရမယ်ဆိုပြီး သူတို့မဂ္ဂဇင်းထဲထည့် တင်ကြိုဖွနေပါတယ်… ဖွတာတွေခေတ်စားလာနေတဲ့ ဒီအချိန်မှာ ( The Hurt Locker)ကလည်း အကောင်းဇတ်ကားဆုရအောင်မှန်းပြီး ရုပ်ရှင်ဖြန့်ချိသူကို စစ်သားတယောက်က တရားစွဲတာတွေဘာတွေတောင် လုပ်ကုန်ပါတယ်..။ ဘာပဲလုပ်ကြလုပ်ကြ…မနက်ဖြန်အဖြေပေါ်တော့မှာမို […]


kaiMarch 3, 20103min00
To All Burmese (Myanmar) Americans in the U.S. Your U.S. Census questionnaire should arrive in the mail during the period of March 15-17, 2010. Be sure to take a few minutes to complete the 10-question Census questionnaire and encourage your friends and family to do the same. The U.S. government counts the population every 10 […]


kaiMarch 3, 20101min02
၁၉၇ဝ ပတ်ဝန်းကျင် (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲမှီ) ကမြန်မာနိုင်ငံတဝှမ်းလုံးတွင် လှည်းနေ လှေအောင်းမြင်းဇောင်းမကျန် လုဦးရေစာရင်းကောက်ယူခြင်းကို အတော် ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့သည်။  လေ့လာမိသလောက် မြန်မာနိုင်ငံတွင် ယင်းစစ်တမ်းကောက်ယူခြင်းသည် မြန်မာ့သမိုင်းတွင်အကျယ်ပြန့်ဆုံးနှင့်အထိရောက်ဆုံးတခုဖြစ်ခဲ့သလို ယနေ့ယခုမြန်မာနိုင်ငံ၏ လူဦးရေကိုအခြေခံသော စီးပွားရေး၊လူမှုရေး နှင့်အုပ်ခုျပ်ရေးဆိုင်ရာကိစ္စ အတော်များများကိုများစွာအထောက်အကူပြုခဲ့ကြောင်းတွေ့ရပါ သည်။ ယခုအခါ စစ်အစိုးရကစီစဉ်ထားသော လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက်ကြို တင်ပြင်ဆင်သည့်အနေဖြင့် နိုင်ငံသားစိစစ်ရေး ကပ်ပြားများကို အသစ်တဖန်ပြန်လည်ထုတ် ပေးနေကြောင်းသိရသည်။ ကိုယ့်နိုင်ငံမှာမွေး၍ ကိုယ့်နိုင်ငံသားအဖြစ်ပြန်လည်လျှောက်ယူရခြင်းမှာ မဖြစ်စကောင်းသောကိစ္စပင်မဟုတ်ပါလား။ မိမိမွေးရင်းဒေသတိုင်းရင်းသား(ဝါ)နိုင်ငံသားအဖြစ်မှ နှုတ်ပယ်နိုင်သောအခွင့်အာဏာဟူသည်မည်သူ့ထံတွင်၌မရှိပါ။ နိုင်ငံတော်ကိုသစ္စာဖေါက်ဖြိုခွဲရန်ကြံစည်ခြင်း မှတပါး ယင်းမွေးရာပါအခွင့်အရေးကိုမည် သည့်အာဏာပိုင်ကမျှ ရုတ်သိမ်းခြင်းနှုတ်ပယ် ခြင်းမပြုနိုင်ပါ။ မြန်မာနိုင်ငံနယ်နမိတ်အတွင်းမွေး ဖွားသူတိုင်းရင်းသားအပေါင်းတို့သည် ဘယ်နိုင် ငံဘယ်ဒေသရောက်ရောက်၏ဘယ်လောက် ပင်ကြာကြာ၊ဘာတွေပင်ဖြစ်ဖြစ် မုရင်းမြန်မာ နိုင်ငံသားများပင်ဖြစ်ကြလေသည်။ ယခုအခါတွင် အစိုးရကိုဆန့်ကျင်သူများသည် ယင်းမွေးရာပါ အခွင့်အရေးများကြက်ပျောက်ငှက်ပျောက် ဖြစ်ကြလေကုန်သည်။ မောင်မိုးညိုတို့အပါအဝင် […]


kaiFebruary 28, 20101min02
လွင့်ပါးဆုံးရှုံးမှု ကြီးမားလှသောမြေ အမေရိကတွင် သန်းခေါင်စာရင်းအတွက်ပြင်နေကြလေသည်။ ဖေဖေါ်ဝါရီ(၂၈)ရက်နေ့ခန့်မှန်းတွက်ချက်မှုအရ အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သူ (308,777,834)ယောက်ရှိသည်။အိန္ဒိယပြည်တွင် သန်း (၁၁၇၇) ရှိသည်။ တရုတ်ပြည်တွင်ကား သန်း (၁၃၃၈)ရှိနေသည်။ အမိမြေသည် ဧရိယာအကျယ်အားဖြင့် အိန္ဒိယပြည်၏ ၅ပုံတပုံခန့်၊တရုတ်ပြည်၏ ၁၄ပုံတပုံကျော်ရုံရှိပါသော်လည်း လူဦးရေမှာ သန်း၅ဝကျော်သာရှိသည်။ “မြန်မာအစ တကောင်းက” “မြန်မာ့မူလ ကျောက်ဆည်က” “မြန်မာများ တိဘက်မှ” “သာကီမျိုးဟေ့ ဒို့ဗမာ”စသဖြင့် သမိုင်းခြေရာမခံနိုင်သမျှ ဆိုချင်သလိုဆိုကြစေ မြေအုတ်ကျောက်အုတ်တို့ သက်သေရှိသည့် (မြို ့ပြတည်ထောင်ထားနိုင်သော) ၄ရာစု ပျူခေတ်မှ စတင်ရေတွက်သော်.. နှစ်သက်တန်း၁၆၀ဝရှိသော မြန်မာ့မြေနေ မြန်မာ့လူဦးရေသည် သန်း ၅ဝကျော်သာတည်နေသည်ဖြစ်သတည်း။ အဆိုပါကိန်းဂဏ္ဍန်းသည် လျှောက်လှမ်းခဲ့သောသမိုင်းနှင့်ချိန်စက်သော် လွန်စွာနည်းလှသည်ဟု အသေအချာပြောနိုင်သည်။ လူဦးရေတိုးနှုန်း ၁.၂ ရာခိုင်နှုန်း( ၂၀၀ဝ ပြည့်နှစ်ကမ္ဘာ့လူဦးရေတိုးနှုန်း)နှင့် လူဦးရေတွက် ပုံသေနည်းတခုတွင် ထည့်တွက်ကြည့်သော် ပုဂံခေတ် […]


kaiFebruary 27, 20101min00
စနေနေ့က ချီလီနိုင်ငံမှာလှုပ်သွားတဲ့ ၈.၈ မက်ဂနိကျု ့ရှိ ငလျှင်ကြောင့် စုနမိ ဖြစ်နို်င်ခြေရှိရာ အထူးသတိပေးချက်များရှိနေပါသည်။ လူပေါင်း ၃၀ဝ ကျော်သေဆုံးသည် ပြောကြားထားသော ချီလီငလျှင်သည် ယခုနှစ်ဆန်းပိုင်းက ဟေတီငလျှင်(၇.၃ မက်ဂနိကျု)ထက် အဆ ၈၀ဝ (ရှစ်ရာ) ကျော်ပြင်းအားရှိသော်လည်း ငလျှင်ကြောပေါ်တွင်တည်ရှိသောကြောင့် နိုင်ငံအနေဖြင့် အထူးပြင်ဆင်မှုများပြုလုပ်ထားသဖြင့် အသေအပျောက်လွန်စွာနည်းခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ စုနမိ(ကမ်းရိုက်လှိုင်း)သည် ယခုအချိန်တွင် ယာဝိုင်ယီကို တဆင့်ပြီးတဆင့်ဖြတ်နေသည်ဟု သတင်းများကပြနေသည်။ ဟာဝိုင်ယီနေသူ မြန်မာများအပါအဝင် ..နယူးဇီလန်၊ ဂျပန်၊ ဩစတေးလျှ နေမြန်မာများ သတိထားသင့်ပါကြောင်း နှင့် မိမိတို့အတွေ့အကြုံကို သတင်းပို ့တင်ပေးစေလိုပါသည်။


kaiFebruary 27, 20101min03
လာမည့်မတ်လတွင် စတင်ပေးပို ့တော့မည် သန်းခေါင်စာရင်းအတွက် လှုပ်ရှားမှုတချို ့မှဓါတ်ပုံကို တင်ပေးလိုက်ပါသည်။ ပုံမှာ BASES (Burmese Engineering) မှ ထမနဲပွဲ ဇန်နဝါရီ ၃၁ က အယ်လ်အေ။ လပွန်းတီဘုန်းကြီးကျောင်းတွင် ပြုလုပ်စဉ် ရိုက်ကူးထားသော ပုံဖြစ်ပါသည်။ သန်းခေါင်စာရင်းဆိုသည်မှ ညနက် သန်းခေါင်အိမ်ထောင်စုဝင်အားလုံးအိမ်တွင်ရှိနေချိန် လိုက်လံကောက်ယူစာရင်းပြုလုပ်သဖြင့် သန်းခေါင်းစာရင်းခေါ်သည်ဟုမှတ်ဖူးပါသည်။ ယခု အမေရိက၏ သန်းခေါင်စာရင်းမှာမူ အလွန်လွယ်ကူသော ဖေါင်ပုံစံဖြည့်ယူရုံသာဖြစ်သည်။ အဆိုပါဖေါင် ပုံစံကို အိမ်ထောင်စုတိုင်း။ လိပ်စာတိုင်းသို့ အစိုးရမှ လာမည့်မတ်လမှစတင်ကာ ပို ့မည်ဆိုပါသည်။ အချို ့သော မြန်မာတိုင်းရင်းသားများမှာ မိမိတို့တိုင်းရင်းသား အမည်ကိုသာ ဖြည့်စွက်ရန်လှုပ်ရှားမှုများပြုလုပ်နေကြောင်းကြားသိရပါသော်လည်း အဆိုပါဖေါင်တွင် BURMESE ဟုသာဖြည့်ကြပါရန် မန္တလေးဂေဇက်မှ တိုက်တွန်းမည်ဖြစ်ပြီး ယခုလထုတ်သတင်းစာတွင်လည်း တိုက်တွန်းဖေါ်ပြမည်ဖြစ်ပါသည်။ အမေရိက၏ သန်းခေါင်စာရင်းမှာ ၁ဝ […]


kaiFebruary 26, 20106min03
Death of Mills High graduate prompts questions By Joshua Melvin San Mateo County Times Posted: 02/24/2010 05:37:46 PM PST Updated: 02/25/2010 06:59:50 AM PST MILLBRAE — Saw May Khoo just wants to know how her daughter died. Authorities in San Diego found 18-year-old Sandy Khoo’s body on Valentine’s Day and believe the young woman most likely died […]


kaiFebruary 25, 20101min08
ဒေးဗစ်ကောပါးဖီလ်း ပုံနဲ့ အီးမေးလ်ရပြီး လုပ်ကြည့်(မှတ်ကြည့်)တော့ မှန်တာတွေ့ရတယ်။ ဘယ်လိုဖြစ်တာလဲ မသိ..။ တခါမဟုတ်..၂ခါလုံးမှန်တယ်..။ ကဲ…သိသူတွေ လင်းစမ်းပါဦး။


kaiFebruary 25, 20101min01
၂၀၁ဝဖေဖော်ဝါရီ၂ဝက အမေရိကန်ပြည်ထောင်စု၊ဂျော်ဂျီယာပြည်နယ်၊ကလက်စတွန်ကျမ်းစာသင်ကျောင်းတွင်  ၆၂ကြိမ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။ ချင်းအမျိုးသားနေ့ပွဲတော်သို့ ချင်းလူမျိုးစု၈စုမှခေါင်းဆောင်များ၊ တိုင်းရင်းသားဧည့်သည်တော်များ၊အမေရိကန်လူမှုကူညီရေးအဖွဲ့များ၊ အမေရိကန်ဘာသာရေးအဖွဲ့များတက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် ချင်းလူမျိုးစုတို့အလိုက် အဝတ်အထည်များ ၊အသုံးအဆောင်ပစည်းများကို ရိုးရာမပျက်ပြသခဲ့ကြပြီး ရိုးရာအကများ၊ဖက်ရှင်ရှိုူးများ၊ တေးဂီတဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ တင်ဆက်နိုင်ခဲ့သည်။ထို့အပြင် “မြန်မာပြည်သားချင်းအမျိုးသား”ဘောလုံးပြိုင်ပွဲတွင် အနိုင်ရရှိသော ကရင်၊ကယား၊ချင်းအဖွဲ့တို့ကို ဆုများချီးမြှင့်ပါသည်။ အခမ်းအနားကို ညနေ၆နာရီတွင်စတင်ပြီး  ည၁၁နာရီတွင် ပြီးဆုံးအောင်မြင်ခဲ့ပါသည်။ ပေးပို့သူ-နေဘုန်းလျှံ


kaiFebruary 24, 201037min019
လိုတာသုံးတော့ ချစ်သူလေး (for all) ဆိုပြီး အီးမေးရလာလို့ တင်လိုက်တာဖြစ်ပါတယ်။ စော်စော်ကားကား၊ စီးစီးပိုးပိုး စသဖြင့် မတွေးကြပါနဲ့။ အင်မတန်ကဗျာဆန်တဲ့ ခေါင်းစဉ်လေးဖြစ်တာမို ့ဒီအတိုင်းပဲ ထပ်တင်ပေးလိုက်တာပါ။ ဘယ်သူစုဆောင်းထားသလဲတော့ မသိ။ စိတ်ဝင်စားရင် လိုက်ကြည့်နိုင်ပါကြောင်း..။ ———— http:// http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင် http://: http://myanmaritpros.com/ ကွန်ပျူတာ အမေးအဖြေများလေ့လာရန်…. http://www.thelist.com/countrycode.html#top နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်…. http://mmastrology.myanmarbloggers.org/ မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ် http:// http://chitoophoto.blogspot.com/ blog နှင့် I T နည်းပညာ http:// http://www.deathclock.com/index.cfm ကိုယ်ဘယ်နေ ့ သေမလဲ သိချင်ကြပါသလား…. http:// https://mail.google.com/mail/?ui=2&ik=6af78d8a85&view=att&a…… ကွန်ပြူတာအတွက် နောက်ခံ ကိုယ့်ပုံနဲ့ […]


kaiFebruary 23, 20101min01
မြန်မာတွေကွန်ပျုတာနည်းပညာမှာ    အမြန်ဆုံးတိုးတတ်ပြီးနိုင်ငံတကာကိုယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systemsထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့လက်မှတ်ဝိုင်းဝန်းရေးထိုးကူညီပေးနိုင်ရန်အောက်ပါလင့်သို့ဝင်ရောက်၍ကူညီပါခင်ဗျား။ http://myanmar-myanmar.net/index.php?option=com_petitions&view=petition&id=122&Itemid=465 လေးစားစွာဖြင့် ဆိုပြီး အီးမေးလ်ရတာမို ့အဲဒီအတိုင်းတင်ပေးလိုက်တာပါ။ ဆိုင်ရာဝက်ဘ်ဆိုက်သွားကြည့်တော့လည်းMyanmars.net  ဖြစ်ပြီး ဝင်းမြန်မာစာတွေ အလကားပေးခဲ့တဲ့ အဖွဲ ့ကဖြစ်တာမို ့ယုံရလောက်ပါတယ်။ ပြောရရင် သူတို့က ယူနီကုဒ်မြန်မာစာကို ထည့်သွင်းပေးနိုင်ဖို ့ကြိုးစားကြပုံလည်းဖြစ်ပြီး အားလုံးဝိုင်းလုပ်ရင် ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ဘာလို့ အခုလို ပြောရသလဲဆိုတော့ မိုက်ခရိုဆော့ဖ်က မြန်မာပြည်ကို ဝင်းဒိုးဆော့ဖ်ဝဲတွေ တရားဝင်ရောင်းတာ မရှိသလောက်ဖြစ်နေလို ့မို ့ငွေရေးကြေးရေးနဲ့ မားကက်တင်းအရ ဘယ်လိုမှ တွန်းအားမရနိုင်သမို ့လူထုအားနဲ့ အခုလို ဝိုင်းတွန်းရတဲ့ဘဝ ရောက်နေတယ်ပဲ လွယ်လွယ်ဆိုကြနိုင်ပါတယ်။ ( ဝင်းဒိုး ရ တခွေ တထောင်လောက်(ဗမာငွေ) ကုန်ကျခံပြီး ဝယ်သုံးထားကြတယ်လို့တော့ မပြောလိုက်ကြနဲ့နော…) ယူနီကုဒ်အစစ်ကြီး သွင်းမှာဆိုတော့ မန္တလေးဂေဇက်ကလည်း […]


kaiFebruary 22, 20101min05
ဒီနေ့ (Discovery TV Channel )တီဗီက ကင်းတပ် (King Tut)အကြောင်းကြည့်နေမိတာပါ။ အဲဒီမှာမိဖုရားပုံတချို့ကို အီဂျစ်ခေတ် အဝတ်အစားတွေနဲ့ သရုပ်သဏ္ဍန်လုပ်ပြ သရုပ်ဆောင်တာလည်းပါပါတယ် ကြည့်ရင်းနဲ့ မျက်ခုံးမျက်လုံးကောင်းတဲ့ ဗမာမလေးတွေနဲ့ အဲဒီအီဂျစ်တွေက တူသားပဲ စဥ်းစားမိနေတုံး ( King Tut)ရဲ ့( Family Tree)ဆွဲပြရောဆိုပါစို့။ နည်းနည်း အံ့ဩသွားမိပါတယ်။ အဖိုးအဖွားတွေက ယုယ(Yuya)နဲ့ သူရ (Thuya)ဆိုပဲ။ အောက်ကလင့်မှာကြည့်ပါ။ http://heritage-key.com/site/kv46-tomb-yuya-and-thuya အံ့ဖွယ်သုတပါပဲနော။(King Tut)ရဲ့ အမေကို ဒီအန်အေကတဆင့် မံမီတွေထဲက တိတိကျကျရှာဖွေတွေ့ရှိကြောင်းလေးလည်း ပါပါတယ်။ ဒီခေတ်ဒီအခါမှာ ဒီအန်အေကတဆင့် မျိုးရိုးဗီဇကို လိုက်လို ့ရသလို။ ပစ္စည်းအသုံးအဆောင်တွေ။ ရုပ်ကြွင်းတွေကနေ ဘာရောဂါနဲ့ကွယ်လွန်တယ်။ ဘာဖြစ်သွားတယ်လည်း သိရှိနို်င်ကြပါပြီ။ အဲဒီလိုဆိုတော့ ဒီကိစ္စတွေဖြစ်တာ နှစ်သိပ်မကြာဖူးလား ထင်မိလောက်မှာပါ။ အဲဒီ(King […]