kaiOctober 31, 20101min07
‘ကျနော်တို့တော့နိုင်ငံရေး ဝါသနာမပါပေါင်’၊ ‘ကျမတို့လဲ နိုင်ငံရေးကို စိတ်မဝင်စားဘူး’စတဲ့စကားမျိုးတွေကိုမကြာခဏဆိုသလိုကြား နေရပါတယ်။ ဒီလိုပြောတာဟာ’ကြောက်’လို့ လား။ ‘ကြောင်’တာလား။ ‘ကြွား’တာလား။တခုခုတော့တခုခုပါပဲ။ ‘ကျနော်တို့ကတော့ ကိုယ်ဝမ်းစာကိုယ်ရှာစားနေရလို့ဒါတွေကို လှည့်မကြည့်အားသေး ဘူးဗျို့’လို့ပြောသူကပြောရဲ့။ ဟုတ်ပ၊ သူနိုင်ငံရေးကို လှည့်ကြည့်တော်မူအောင် ကိုယ်ကပဲသူ့ဝမ်းစာ ရှာပေးရဦးတော့မှာလိုလို။ ‘ကျမတို့ကတော့ ဒီလိုနည်းနဲ့ မထင်ပေါ်ချင်ပါဘူးရှင်’ လို့ပြောသူမျိုးလဲမရှားဘူး။ ေဩာ်..နိုင်ငံရေးဆိုတာ ‘အားလို့ယားလို့ လုပ်ကြတာ။ထင်ပေါ်ချင်လို့ လုပ်ကြတာ’ဆိုပြီး နိုင်ငံရေးလုပ်သူတွေကိုပဲ အထင်အမြင်သေးချင်သလိုလို။ စော်ကားမော်ကားလုပ်ချင်သလိုလို။ အာဇာနည်နေ့တိုင်းအာဇာနည်ဗိမာန်ကိုတနှစ်တခေါက်သွားပြီး အာဇာနည်ပုဂ္ဂိုလ်ကြီးအပေါင်း နဲ့ လွတ်လပ်ရေးသူရဲကောင်းတွေကို အလေးမပြုနိုင်အားရင်နေပါစေ။ အိမ်မှာနေ သမ်းရင်းဝေရင်းကိုယ့်ဘာသာနိုင်ငံရေးငရဲမကြီးကြပါစေနဲ့လို့ သတိပေးလိုက်ပါရစေ။ ပထမမေးကြည့်ချင်တာက ကျွန်ဘဝနဲ့သခင်ဘဝဘယ်ဟာ ကကောင်းသလဲလို့ပါပဲ။ ဒါမေးစရာလိုလို့လားလို့ကြားမိသူတိုင်းကပြောကြမှာပါ။ ဟုတ်ကဲ့၊ မြန်မာပြည်ကြီး ဗြိတိသျှကျွန်ဘဝကနေလွတ် အောင်ဘယ်သူတွေကလုပ်ခဲ့ကြသလဲ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ဗိုလ်ချုပ်အောင်ဆန်းစတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရဲ့မျက်နှာကို မမြင်ယောင်လေရော့သလား။ သူတို့ဟာ ကျေဇူးရှင်နိုင်ငံရေးသမားကြီးတွေပါ။ နိုင်ငံရေးဆိုတာ […]


kaiOctober 31, 20101min00
Hi All, Southern California Burmese Association will be holding a 2010 Tennis & Golf Championship. We are looking for signups, for Golf Championship please contact Dr. Zaw Min Thu 714-469-7486, Ko Sonny (Htin Aung) 714-791-6950, Ko Kevin Thiha 714-262-0471 for more information and to sign up. for Tennis Championship please contact Saw John 626-731-1933, Sein Tin 310-500-0676, Dr. […]


kaiOctober 31, 20101min06
No Vote ထက် Vote No လုပ်စေချင် အခုရွေးကေါက်ပွဲကလည်းအတော်လေးနီးလာပါပြီ။ ပြည်တွင်းကလူတွေကိုမေးကြည့်ရင် မဲထည့်ဖို့စိတ်မဝင်စားသူခပ်များများပါ။ ပြည်ပမြန်မာမီဒီယာတွေကမဲမထည့်ကြနဲ့ဆိုတဲ့ No Vote Campaign ကြောင့်လား၊ မဲပေးချင်တဲ့ပါတီဝင်ရောက်မယှဉ်ပြိုင်လို့လားတော့ သဲသဲကွဲကွဲမသိပေမယ့်ကျနော်ကတော့ No Vote ဆိုတဲ့မဲမပေးရေးထက်ထက် Vote No ဆိုတဲ့သူတို့အမတ်လောင်းကိုဆန့်ကျင်မဲပေးခြင်းက ပိုထိရောက်မယ်လို့ထင်ပါတယ်။ ဘာလို့ဒီလိုပြောရသလဲဆိုရင် အကယ်၍တစ်ခြားပါတီအားလုံးကသပိတ်မှောက်ပြီးကြံ့ခိုင်ရေးနဲ့ တဆညနှစ်ပါတီပဲပြိုင်ရင်တော့ No Vote ဆိုတဲ့မဲရုံကိုမဲသွားမပေးတာဟာအမှန်ကန်ဆုံးပါ။ မင်းတို့ဟာမင်းတို့လက်ဝါးရိုက်ထားတဲ့ရွေးကေါက်ပွဲပဲဘယ်သူမှမဲမပေးဘူးကွ ဆိုပြီးမဲမပေးခြင်းဖြင့်ကန့်ကွက်နိုင်ပါတယ်။ အခုအခြေအနေကတော့တစ်မျိုးပါ။ ပါတီ(၃၇)ခုက ရွေးကေါက်ပွဲကိုဝင်ပြိုင်မယ်။ ဒါပေမယ့်ခုနပြောတဲ့ပါတီကြီးနှစ်ခုကလွဲရင် ကျန်ပါတီတွေဟာ ဒီရွေးကေါက်ပွဲတ ရားမျှတပါတယ်လို့အစိုးရကလေသံဟစ်နိုင်အောင် ၊ပြောလို့ရအောင်ဝင်ပြိုင်တဲ့အနေအထားဖြစ်ပြီး မဲရဖို့အရွေးခံရဖို့မလွယ်ပါဘူး။ ကြံ့ခိုင်ရေးပါတီအတွက်တော့ကြိုတင်မဲတွေ၊သူတို့အဖွဲ့ဝင်တွေဆီကမဲရမှာအသေအချာပါ။ ဒါပေမယ့်ကျန်တဲ့ပါတီတွေကိုဘယ်သူတွေကမဲထည့်မှာလဲ။ သာမန်ပြည်သူတွေရဲ့မဲသာအဲဒီပါတီတွေကမျှော်လင့်ရမှာဖြစ်ပါတယ်။ ဒီလိုဆိုရင်သာမန်ပြည်သူပြည်သားတွေ(ဒီနေရာမှာသာမန်ပြည်သူပြည်သားဆိုတာကြို တင်မဲထည့်ရမယ့်အစိုးရဝန်ထမ်းတွေမပါ၊ ကြံ့ခိုင်ရေးပါတီဝင်မဟုတ်တဲ့ပြည်သူလူထုကိုပြောခြင်းဖြစ်ပါတယ်)ဟာမဲရုံတွေကိုသွားပြီး မဲထည့်သင့်တာပေါ့။သချင်္ာနည်းအရပြောရရင်မဲသွားမထည့်ခြင်းဟာအစိုရအတွက်(၀)မဲပါ။ မဲရုံကိုသွားပြီးသူတို့အမတ်ကိုကန့်ကွက်ပြီးကျန်တဲ့ထည့်ချင်တဲ့ပါတီကိုသာ ထည့်လိုက်ရင်အစိုးရအတွက်အဲဒီမဲဟာ အနှုတ်(၁)ပါ။ကျနော်မြင်တာကတော့အနှုတ်(၁)တွေများဖို့လိုပါတယ်။ တနည်းဆိုရရင်ကန့်ကွက်မဲတွေများဖို့လိုပါတယ်။ ပြည်သူတွေမဲလာမထည့်ပေမယ့်လာမထည့်တဲ့မဲတွေကို သူတို့အမတ်ကိုထောက်ခံတဲ့မဲအဖြစ် ထည့်ပစ်ဖို့အခြေအနေများနေပါတယ်။ နာဂစ်ကါလတုန်းကဖွဲ့စည်းပုံဥပဒေအတွက်အိမ်တွေမှာအမျိုးသမီးတွေကိုချည်းရွေးခေါ်ပြီး […]


kaiOctober 31, 20101min00
မြန်မာစကားဟာ မပြည့်စုံတာတွေနဲ့ ခေတ်နဲ့အမှီမလိုက်နိုင်ဖြစ်နေခဲ့တယ်ဆိုတာ ရေးခဲ့ဖူးတယ်..။ ဥပမာ နိုင်ငံရေးဆိုတာကိုပဲကြည့်။ပါတီနိုင်ငံရေး။ အမျိုးသားးနိုင်ငံရေး။ နိုင်ငံရေးသမား။ နိုင်ငံရေးလုပ်တယ်။ နိုင်ငံရေးလှုပ်ရှားတယ်..။ ဒီဟာတွေထဲ မပြည့်စုံတာနဲ့ပြည့်စုံနေခဲ့တယ်..။ ကမ္ဘာမှာတော့ Political Spectrum အစိတ်အပိုင်းတွေခွဲထားတာ အများကြီးရှိပါတယ်။ မြန်မာတွေရော မခွဲသင့်ကြဖူးလား။ မြန်မာပြည်ကိုအုပ်ချုပ်ခဲ့တဲ့ အုပ်ချုပ်နေတဲ့။ အုပ်ချုပ်မဲ့ခေါင်းဆောင်တွေက ဘယ်နေရာဘယ်အပိုင်းထဲရှိသလည်း မခွဲသင့်ဖူးလား။ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်သိန်းဖေမြင့်၊ ဦးနေဝင်း၊ ဦးကျော်ငြိမ်းတို ့… ဘယ်နေရာတွေလည်း မသိသင့်ဖူးလား.။ ဒေါ်အောင်ဆန်းစုကြည်၊မင်းကိုနိုင်၊ ဦးစိန်ဝင်း၊ ဦးမောင်မောင်၊ ဦးအောင်ကြီး၊ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးဌေးဦး၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ … အများကြီးပဲ..။ အောက်က ပုံစာတွေကိုးကားကြည့်ပြီး ..ဖြေကြည့်ပါလား..။ ကိုယ့်ကိုယ်ကိုယ်လည်း ဖြေကြည့်ပေါ့နော..။ဘယ်လိုခွဲကြည့်ရမလည်း မသေချာရင် […]


kaiOctober 30, 20101min08
ယုန် ပုံပြင် တခါတုန်းက တောအုပ်လေးတခုမှာ ယုန် အသိုင်းအဝိုင်းလေး တခုရှိတယ်။ သူတို့တတွေက အေးအေးချမ်းချမ်းလေး နေပြီး တောအုပ်ထဲက တခြားတောကောင်တွေနဲ့လဲ မရောပဲ သီးခြားလေးနေလေ့ရှိတယ်။ ဒါပေမယ့် တောအုပ်ထဲမှာ ဖြစ်ပျက်နေတာတွေကို လုံးဝ မျက်ချေပြတ်နေတာတော့ မဟုတ်ဘူး။ ဟိုးနား၊ ဒီနားတောလည်သွားရင်း ကြားလာရတဲ့ သတင်းတွေကို ယုန်လေးတွေ အချင်းချင်း ပြန်မျှဝေတတ်ကြတယ်။ ယုန်လေးတွေ ပြောနေတာကို နားထောင်ပြီး၊ ယုန် ဖိုးဖိုး၊ ဖွားဖွားကြီးတွေက အကဲဖြတ် သုံးသပ်ချက်တွေ ပေးတတ်ကြတယ်။ ယုန်လေးတွေကလဲ ပညာရှိ ဖိုးဖိုး၊ ဖွားဖွားကြီးတွေရဲ့ စကားလုံးတွေကို တလေးတစားနဲ့ နားထောင်တတ်ကြတယ်။ ဒါပေမယ့် ယုန်လေးတကောင်ကတော့ ဒီလို မဟုတ်ဘူး။ ဖိုးဖိုးတို့ တွေးတာတွေက တကယ့်လက်တွေ့နဲ့ ကိုက်မှာ မဟုတ်ဘူးလို့ အမြဲသံသယ ရှိနေတတ်တယ်။ ပညာရှိများ […]


kaiOctober 29, 2010116min00
*********************************************************** BURMA RELATED NEWS – OCTOBER 29, 2010 *********************************************************** AP – Myanmar court hears Suu Kyi appeal over detention AP – Lawyer ‘optimistic’ over Suu Kyi appeal AP – UN chief: ‘Not too late’ for Myanmar elections CSM – Cut out of Burma election, Kachin minority could turn guns on junta CSM – In Burma’s rare elections, fresh […]


kaiOctober 28, 201090min00
*********************************************************** BURMA RELATED NEWS – OCTOBER 28, 2010 *********************************************************** AP – Clinton: US will push for UN commission on Myanmar AP – ASEAN presses Myanmar to free Aung San Suu Kyi AP – Myanmar says top general will not run in elections AFP – Clinton backs probe on Myanmar rights AFP – Clinton says US wants […]


kaiOctober 28, 20101min00
“Declaration of Decision in Kalay Township” The statement was signed by ethnic leaders at the 22nd Anniversary of the Zomi National Congress (ZNC),  held in Kalay Township  in Sagaing Division on Oct. 24. Among the groups supporting the statement were the NLD, ZNC, Shan Nationalities League for Democracy (SNLD), Arakan League for Democracy (ALD), Mon […]


kaiOctober 28, 201037min00
အတွေးအခေါ်နှင့် လမ်းစဉ် (ခင်မမမျိုး) နိဒါန်း လူတယောက်၏ ဘဝလမ်းကြောင်းတွင်ဖြစ်စေ၊ နိုင်ငံရေးလမ်းစဉ်များတွင်ဖြစ်စေ အတွေးအခေါ်က အဓိကကျလေသည်။ အတွေးအခေါ် ရှင်းလင်းမှသာ လုပ်ဆောင်ရမည့် လမ်းကြောင်းကို သတ်မှတ်ရွေးချယ်နိုင်သည်။ တိကျစွာ အကောင်အထည်ဖော်နိုင်သည်။ အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များကလည်း ဝေဝါးနေတတ်သည်။ အကောင်အထည်ဖော်ဆောင်ရာတွင်လဲ တိကျပြတ်သားမှု မရှိဖြစ်တတ်သည်။ ကြံတိုင်းမမြောက်ပဲ လုပ်တိုင်း မအောင် ဖြစ်လေ့ရှိသည်။ အချို့က လမ်းစဉ်ကို ရွေးချယ်ပြီးမှ အတွေးအခေါ်ကို လိုက်လံ စဉ်းစားတတ်သည်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် ဆိုသော စကားလုံးကား ဤသို့သော အခြေအနေကို ဆိုလိုရင်း ရှိဟန်တူသည်။ လမ်းစဉ်ကို အရင် ရွေးချယ် ထားခြင်း မရှိပဲ လေးစားရင်းစွဲရှိနေသော လူပုဂ္ဂိုလ်တဦးတယောက် (သို့မဟုတ်) အဖွဲ့အစည်း တခု၏ ဦးဆောင်မှုနောက်ကို လိုက်ပါခြင်းဖြစ်သည်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများနှင့် ပုဂ္ဂိုလ်စွဲ၊ […]


kaiOctober 28, 20101min00
အလွမ်း နီးသလိုလိုနဲ့…အဝေး။ ဝေးသလိုလိုနဲ့ …အနီး။ သက်တန့်မြစ်ရစင်းစာ ဖူးငုံသီကြွေ…..။ နွေအနမ်းတိုင်းမှာ ဆောင်းကြွင်းမီးခိုးပွင့်တွေကမညှာမတာ အဲ့ဒီ့မျက်ဝန်းတချက်ဆို ဟောဒီ့ကောင်းကင်ကြီးတခုလုံးဟာလဲ ပတ်ကြားအက်။ ရာသီတော်၁၂ပါးရဲ့ အလင်းမဲ့အမှောင်မဲ့ အကြားမဲ့အမြင်မဲ့ ရုပ်မဲ့နာမ်မဲ့ ရှိခြင်းတရားမရှိခြင်းတရားများ….. သင်တို့အား ယခုအချိန်သက်ပြင်းတရှိုက်စာ စွန့်ခွာခွင့်ပြုပါ။ ”…..ကျမသည် မျက်ကန်းမဟုတ်သော်လည်း တစ္ဆေနှင့် ရဲတင်းလွန်းသူ….” (ခရမ်းရင့်ရောင် ဒုတိယပတ်ဒိုင်ယာရီ) နီးသလိုလိုနဲ့…အဝေး။ ဝေးသလိုလိုနဲ့ …အနီး။ အဝေးဆုံးကြယ်နှစ်ပွင့်ရဲ့အလင်းနှစ်တိုင်းဟာ အဝေးဆုံးကြယ်နှစ်ပွင့်အတွက် အနီးကပ်ဆုံးချစ်ခြင်းမေတ္တာဖြစ်တယ်။ မွန်ဒရာ မှတ်ချက်။  ။ မန္တလေးဂေဇက် အောက်တိုဘာထုတ်တွင်ဖေါ်ပြပြီး


kaiOctober 28, 20101min05
www.peoplemediavoice.com တွင် ပူးတွဲပါပုံပါစာအတိုင်း မန္တလေးဂေဇက်ကိုကန့်ကွက်စာ တင်ထားပါသည်။ ပြန်စစ်ဆေးကြည့်ရာတွင် မှန်ကန်ကြောင်းတွေ့ရသည့်အတွက် မန္တလေးဂေဇက်၏မန်င်ဘာ (smytu1996 )ကိုသတိပေးလိုပါသည်။ smytu1996 တင်သောပို ့စ်သည် အောက်ပါစည်းကမ်းများနှင့်မညီညွတ်ပါ။ Do & Don’t (Rules) 1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ 2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။ 3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။ 4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။ 5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။ 6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။ 7. ဘာသာရေးနှင့် သက်ဆိုင်သော […]