kaiJuly 14, 201191min00
***************************************************** BURMA RELATED NEWS – JULY 13, 2011 ***************************************************** Rights group slams Myanmar use of convict porters Time Magazine – Why Being Forced into Military Labor Can Be a Death Sentence for Convicts in Burma AlertNet – Myanmar military porter tells of abuses Asian Correspondent – “Dead Men Walking” or Latest war crimes in Burma IANS […]


kaiJuly 10, 20111min017
အောက်ကစာတွေကို ..ရာဟူး မေးလ်ဂရုကနေ တိုက်ရိုက်ကူးယူပါတယ်.။ စာရေးသူထံခွင့်မတောင်းထားပါဘူး.။ တောင်းလည်း ပေးမှာပဲ ယုံကြည်ပါတယ်..။ ဒီမှာတင်ပေးရတဲ့အကြောင်းက.. ရွာသားတွေကို ဖတ်စေချင်လို့ပါပဲ..၊ လောလောလတ်လတ်.. ထိုင်းရဲ့အမျိုးသမီးဝန်ကြီးချုပ်နဲ့ အဆက်အစပ်ကလေးတွေ သိစေချင်လို့ပါ.။ စာရေးသူရဲ့ အယူအဆတွေထည့်ထားတာတွေ့ရပါလိမ့်မယ်.။ မှန်မမှန်.. ကောင်းမကောင်း.. စာဖတ်သူတွေက ဆုံးဖြတ်ပါ.။ အချက်အလက်တွေကိုးကားရေးထားတာလည်း တွေ့ရပါမယ်..။ အချက်အလက်တွေကတော့ မှန်တယ်ထင်ပါကြောင်း..။ ======================================== ထိုင်းနိုင်ငံမှ သင်္ခန်းစာ   ဂျူလိုင်လ ၅ ရက် ၂၀၁၁   ဂျူလိုင် ၃ ရက် ကပြီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ ဟာ ဗမာနိုင်ငံ အတိုက်ခံတွေရော အစိုးရ နဲ့ စစ်တပ်အတွက် ပါ သင်္ခန်းစာယူစရာတွေရှိပါတယ်။ ထိုင်းစစ်တပ်ဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်လောက် အောင် အာဏါ သိမ်းပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့တယ် (၁၈ […]


kaiJuly 10, 20111min011
ကယ်လီဖိုးနီးယားနေ မြန်မာလူဦးရေ သန်းကောင်စာရင်း ထွက်လာပါပြီ..။ ကယ်လီဖိုးနီယား ပြည်နယ်မှာ မြန်မာ ၁၇၉၇၈ ယောက်နေထိုင်နေပြီး.. လော့စ်အိန်ဂျလိစ်မှာ မြန်မာ ၅၂၅၄ယောက်နေပါတယ်တဲ့..။ အောက်မှာ တောင်ပိုင်းကယ်လီဖိုးနီးယားရဲ့..  ကောင်တီအလိုက် အသေးစိတ်စာရင်းပါ..။ တကယ်တော့ .. သင်္ကြန်ပွဲတပွဲမှာတောင်..( လူအများဆုံးနှစ်မှာ) လူ ၄ထောင်ကျော်လာတာမို ့… မြန်မာဦးရေ ဒီထက် အများကြီးပိုမယ် ထင်မိပါတယ်..။ ဒါပေမဲ့.. မြန်မာပြည်ရဲ့ အကြီးအကျယ် လူမျိုးခွဲခြားအုပ်ချုပ်မှုဒဏ်ရာတွေကြောင့်.. မြန်မာ့ရေကိုသောက်. …မြန်မာလေကိုရှုမွေးလာသူတွေ အားလုံးက..မြန်မာလို့ အမည်မခံလိုကြပါဘူး..။ ကိုယ့်အိုင်ဒတတီကိုဖျောက်လို့.. အမေရိကန်..ဒါမှမဟုတ်.. ချိုင်းနီးစ်..ဒါမှမဟုတ်.. အိနိ္ဒယန်းလို့သာ အမည်ခံလိုခဲ့ကြတာပါ..။ ဆိုတော့… လော့စ်အိန်ဂျလိစ် မြန်မာ ငါးထောင်နှစ်ရာ ငါးဆယ့်လေးယောက်လို့သာ မှတ်ကြပါစို့နော..။   ASIAN ALONE OR IN COMBINATION WITH ONE OR […]


kaiJuly 9, 20111min07
ဖတ်ကြည့်ဖို့ ဖြန့်ပေးလိုက်တာပါ..။pdf ဖြစ်တာမို ့.. ဒေါင်းပြီးဖတ်ကြဖို့ပါပဲ…။ စာမြည်းလေးဖတ်ကြည့်ပါဦး.. ကိုခင်ဝမ်းရဲ ့ “မဟာသဘာဝရှင်”၊ကိုထူးအိမ်သင်ရဲ့ “ရာဇဝင်များရဲ့သတို့သမီး” ကျွန်တော်တို့အားလုံးရဲ့ မိခင်ဧရာဝတီဟာ မချစ်မနှစ်သက်သောသူများရဲ့ အနိုင်ကျင့်မှုကို စတင်ခံစားနေရပါပြီ၊ ဧရာဝတီကိုအချိန်မှီကယ်တင်နိုင်ကြဖို့  အင်နဲ့အားနဲ့ အကာအကွယ်ပေးနိုင်ကြဖို့ ဒီစာတမ်းကို ရေးပါတယ်….. တဲ့..။ Save The Irrawaddy,July 8, 2011   << Download pdf


kaiJuly 5, 201188min0
eros ဆက်မလုပ်နိုင်တော့ဟန်ရှိတာမို ့… ဒီခေါင်းစဉ်နဲ့ တင်လိုက်တာပါ..။ တလ တခါ တင်သွားမယ် စဉ်းစားထားပါတယ်..။ သတင်းတွေကိုဖတ်ပြီး ဝေဖန်ဆွေးနွေးချင်တာတွေကို ..ပို့စ်ခွဲတင် ဆွေးနွေးနိုင်ကြပါကြောင်း…။ BURMA RELATED NEWS – JULY 01, 2011 AsiaNews.it – Burmese soldiers in civilian clothes attack and rob Kachin civilians AsiaOne – Myanmar carrying out ‘ethnic cleansing’: missionary agency The Star Online – That’s no way to treat Michelle AFP – Support of […]


kaiJuly 5, 20115min05
ZyXEL PLA407 ဆိုတဲ့ ပစ္စည်းလေး တွေ့မိလို အဲဒီအကြောင်း နည်းနည်း ပြောချင်လို့ပါ..။ ပိုသိသူတွေလည်း ရေးပေးကြပေါ့နော.. အဲဒါက.. အိမ်က..မီးကြိုးပလပ်ပေါက်မှာ တပ်လိုက်ရင်.. အဲဒါကတဆင့် နက်ဝက်ချိပ်လို့ရတယ်ဆိုပါတယ်..။ သဘောက.. မီးကြိုးရှိရင်.. 200 Mbps အမြန်နှုန်းရှိတဲ့.. အင်ထရာနက် နက်ဝပ်ဆောက်လို့ရတယ်ပေါ့နော..။ ဆာဗာထိုင်လိုက်ရင်.. ဒိုမိန်းနက်ဝပ်တခုလည်း ဖြစ်နိုင်တာပေါ့..။ အဲဒါကို မြန်မာပြည်မှာများ သုံးနေတဲ့သူရှိသလားလို့..။ Powerline Ethernet Adapter with Extra Plug for Convenient HD Video Streaming – Plug-and-play design for quick boost of data transfer rates of up to 200 Mbps* – […]


kaiJuly 2, 201114min030
The Regime’s Cronies List ဇွန်လ ၂ ရက်နေ့က အမေရိကား အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မီတီ၏ ကြားနာမှု အစီအစဉ်တွင် ဝါရှင်တန်ဒီစီအခြေစိုက် USCB အဖွဲ့ ဦးဆောင်သူ ကိုအောင်ဒင်က ဩစတြေးလျနိုင်ငံ၏ မြန်မာပြည်အပေါ် ငွေကြေးစီးပွားဆိုင်ရာ ပိတ်ဆို့အရေးယူမှုမျိူးကို တိုးချဲ့ပြုလုပ်ရန် အကြံပြု တင်ပြခဲ့သည်။ ဩစတြေးလျက မြန်မာစစ်အာဏာရှင်များ၊ မိသားစုများ၊ စစ်ခေါင်းဆောင်များ၊ အပေါင်းအပါ စီးပွားဖက်များ၊ အကာအကွယ်ပေးသူများ၊ မိသားစုများ၏ စုစုပေါင်း လူဦးရေ ၄၀ဝ ကို စာရင်းပြုစု သတ်မှတ်ပြီး ငွေကြေးစီးပွားပိတ်ဆို့မှု ပြုလုပ်ထားကြောင်း ထောက်ပြသည်။ အမေရိကား၏ ပစ်မှတ်ထားပိတ်ဆို့မှုမှာ ဩစတြေးလျစာရင်းထက်စာလျင် များစွာ လျော့နည်းကြောင်း ထိုနမူနာကို ကြည့်သင့်ကြောင်း တိုက်တွန်းထားသည်။ အောက်တွင် လူစာရင်းကို ဖေါ်ပြထားသည်။ စဉ် လူအမည် စီးပွါးရေးလုပ်ငန်း […]


kaiJuly 2, 20114min08
တခါတုန်းက မိုးကုတ်က သူငယ်ချင်းဆီ အလည်သွားဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းတို့ ရပ်ကွက်မှာက လီဆူး လူမျိုးတွေ အများအပြား နေထိုင်ပါတယ်။ ဒါနဲ့ သူငယ်ချင်းက သူ့သူငယ်ချင်းတွေနဲ့ ထပ်မိတ်ဆက်ပေးရင်း အိမ်တအိမ်က ကျွန်မကို ထမင်းစားဖိတ်ပါတယ်။ ထမင်းဝိုင်းမှာ ပျော်ပျော်ပါးပါး စားသောက်ကြရင်း ပြန်ခါနီးတော့ အိမ်ရှင်ကောင်မလေးက ကျွန်မသူငယ်ချင်းကို လှမ်းမေးပါတယ်။ နက်ဖြန် ထာပွဲသွားမလား ဆိုပြီးတော့ပါ။ အဲဒီအချိန်မှာ ကျွန်မက ထာပွဲဆိုတာကို ပွဲတော်တခုခုလို့ ထင်သွားပါတယ်။ ဒါနဲ့ ပွဲရှိတာလား။ ကျွန်မလဲ လိုက်ချင်တယ်လို့ မနေနိုင်၊ မထိုင်နိုင် ဝင်ပြောမိပါတယ်။ အဲဒီကောင်မလေးက ပြုံးစိစိ ဖြစ်သွားပြီး၊ သူငယ်ချင်းကို လှမ်းကြည့်ပါတယ်။ နောက်မှ သိရတာက ထာပွဲဆိုတာ မိုးကုတ်မှာ ရှေးတုန်းက ကျောက်တွေပြရင် ထာလို့ ခေါ်တဲ့ ကြေးလင်ဗန်းကြီးတွေနဲ့ ထည့်ပြလေ့ရှိတာကြောင့် ကျောက်မျက်ရတနာတွေ […]


kaiJune 28, 20113min012
တောင်ပိုင်းကယ်လီဖိုးနီးယား..အထူးသဖြင့် လော့စ်အိန်ဂျလိစ်တဝိုက်ငလျင်ကြီးသတင်း တက်လာလို့ပါ..။ မလှုပ်သေးပါဘူး..။ လှုပ်နိုင်ကောင်းရဲ့ လို့.. ဆန်ဒီယေးဂိုတက္ကသိုလ်(UC San Diego)က ပညာရှင်တွေ ဆိုတာပါတဲ့..။ ဆော့လ်တန်စီးလ်အောက်မှာ ပြတ်ရွေ ့ကြော(ငလျင်ကြော)ရှိပြီး အဲဒါက.. အချိန်စေ့နေတာက.. လွန်တောင်နေပြီဖြစ်လို့ပါတဲ့..။ ကိုရိုရာဒိုမြစ်လျှံလာရင်.. အဲဒီကန်ထဲ ရေတွေစီးဝင်ရာကနေ.. သမိုင်းကြောင်းကောက်ပြီး သုတေသနလုပ်ဖေါ်ထုတ်လိုက်တာပါတဲ့..။ ဟိုးနှစ်သန်းချီက.. အဲဒီနေရာဒေသကြီးက… ပင်လယ်ပြင်ဖြစ်ပါတယ်တဲ့..။ ကိုရိုရာဒိုမြစ်က အနယ်တွေနဲ့..စုပေါင်းပြီး..မြေကြီးပြင်ဖြစ်လာတာပါတဲ့..။ မြစ်ကြောင်းဟာ.. နှစ်ရာချီကြာရင်..ပြောင်းလေ့ရှိပြီး… အဲဒါတွေကနေ.. ငလျင်ဖြစ်နိုင်ခြေ တွက်လိုက်တာဖြစ်ပါတယ်..။ အဲဒါက သတင်းဆိုပါတော့… အဲဒါ…သတင်းအရ..လှုပ်တော့မယ်ပေါ့နော..။ လှုပ်မဲ့ပုံက.. ၁၉၀၆ ဆန်ဖရန်ငလျင်လို ဘေးတိုက်ဖြစ်နိုင်ပါတယ်..တဲ့.. အသက်နဲ့..ဥစ္စာတွေကို ဉာဏ်စောင့်ပါတယ်..။ ဘယ်နတ်သကြားကမှ လာမစောင့်ပါဘူး..။ ဆိုတော့… ငလျင်အတွက် ပြင်ဆင်စရာလေးတွေ ပြင်ထားကြဖို့ပါ..။ အဓိကက ငွေသားကို ဆောင်ထားပါ..၊ လက်နှိပ်ဓါတ်မီး၊ ရေ၊ မုန့်ခြောက် စသဖြင့်ဆောင်ထားပါ..။ Mega […]


kaiJune 24, 20111min09
မြန်မာနိုင်ငံ၏ ထွက်ကုန်များမှာ  အဓိကအားဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာများနှင့် သားငါးပုစွန်တို့ ဖြစ်ကြပါသည်။ ၂၀၀၉-ခန့်မှန်းချက်အရ ပြည်တွင်း ကုန်ထုတ်လုပ်မှု ပမာဏ GDP သည် 91.1 billion dollars  ခန့် ရှိပါသည်။ လယ်ယာထွက်ကုန် ဖြစ်သော ဆန်စပါးနှင့် ပဲမျိုးစုံသည် ပြည်ပပို့ကုန် စုစုပေါင်း ပမာဏ၏ ၄၀% ခန့်ရှိပါသည်။ ပဲမျိုးစုံဟုဆိုရာတွင် အဓိကအားဖြင့် ကုလားပဲ၊ ပဲကြီး၊ ထောပတ်ပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ဘိုကိတ်ပဲ စသည်တို့ပါဝင်ကြပါသည်။ ထိုသို့ ပဲမျိုးစုံအနက် ဘိုကိတ်ပဲအကြောင်းတင်ပြလိုသည်။ ဘိုကိတ်ပဲသည် မြန်မာ့ပဲမျိုးစစ်မဟုတ်ပါ။ ဘိုကိတ်ပဲ၏ ဇာတိမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပါသည်။ ဘိုကိတ်ပဲမျိုးအား မြန်မာနိုုင်ငံသို့ ယူဆောင်လာသူများမှာ အမေရိကန်လူမျိုး မစ္စတာ ဘရေတွန်ကေ့(စ်) (MR. BRAYTON […]


kaiJune 24, 20111min01
သက်ရှိရုပ်ကြွင်း၆၆ ၂၀၁၁ ဇွန်၁၉ ဘုန်းကျက်သရေတိုးပြီး လိုရာဆန္ဒပြည့်ဝပါစေ။ ဒီနေ့မနက်ခင်းမှာ မေမေ့ရဲ့ခွပ်ဒေါင်းပျိုဟာ ငြိမ်းချမ်းရေးသက်တန့်ကိုထမ်းပိုး အရှေ့စူးစူးအရပ်ဆီ ပြန်လည်ဦးမော့လို့။ ၆၆မြစ်ကျဉ်းအလွန်မှာ… တတိယမြောက်မျက်လုံးဖွင့်မယ်။ ၆၆မြစ်ကျဉ်းအလွန်မှာ… လောကပါလဖြတ်စ၄၉ကို မေမေပန်နေကျစံပယ်ပန်းပွင့်လေးတွေလို တစချင်းစီပြန်သီမယ်… ပန်းကုံးကလေးဆက်ထုံးမှာ မြန်မာပြည်ရဲ့သမိုင်းဘီးတပတ်ပြန်လည်ကြဖို့ပါ။ ၆၆မြစ်ကျဉ်းအလွန်မှာ… အဝေးရောက်ကြယ်တံခွန်ပြန်လာမယ်။ အလင်းနက်ရင် သန်းခေါင်ပျက်ရမယ် မြင့်မြတ်သော ရဲဝံ့သော စွန့်လွှတ်သော စွန့်စားသော ငြိမ်းချမ်းရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ။ ညိုခက်ကျော် (ဇွန်၁၉၊၂၀၁၁၊နံနက်၄နာရီ၄၃မိနစ်)   မှတ်ချက်။  ။ ဇွန်လထုတ် မန္တလေးဂေဇက်တွင် ဖေါ်ပြပြီး ဖြစ်ပါသည်။