kaiSeptember 13, 20121min04
“ဆိုရေးရှိကဆိုနိုင်ကြသော” (တနည်း) “ဖြစ်ပေါ်ပြောင်းလဲမှုများ ပြည့်နှက်နေသော” ခေတ်တခုဆီသို့ မောင်မိုးညိုတို့အပါအဝင် ပြည်သူအားလုံးက အရှိန်အဟုန်ဖြင့်ချင်းနင်း ဝင်ရောက် နေကြပြီဟုဆိုရပေမည်။ တစ်နှစ်လည်သား သာသာကာလအတွင်း ဒီမိုကရေစီရေးလမ်းကြောင်းပေါ် ရောက်ရှိ လာသော စစ်အစိုးရတဖြစ်လဲ၊ မြန်မာအစိုးရ၏ သတင်းသစ်များ ယနေ့မီဒီယာလောကတွင် ပလူပျံအောင် နေရာယူနေသောအချိန်ဟုလည်းဆိုရမည်။ ပြီးခဲ့သော ဇွန် (၂၅)ရက်က မြို့တော်သစ်နေပြည်တော်၏ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သော လူမှုရေးကာကွယ်စောင့်ရှောက်မှု ဆိုင်ရာနိုင်ငံလုံးညီလာခံသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုယ်တိုင်တက်ရောက်ပြီး၊အားတက်သရောပါဝင်ဆွေးနွေးခဲ့သည်။ လက်ရှိနိုင်ငံတကာတွင်ကျင့်သုံးနေသော social protection ခေါ် social security systems များကိုကြည့်ပါက အစိုးရအနေဖြင့် မိမိပြည်သူလူထုတရပ်လုံးကို အကောင်းဆုံးဖြစ်နိုင်စေမည့်အစီအမံများချမှတ်ရာတွင်၊ အစိုးရကိုယ်တိုင်က ဌာနကြီးတခု (agency) အနေဖြင့်ကိုင်တွယ်စီမံသည်မှာ မှန်ကန်သော်လည်း၊ လွတ်လပ်သောစီမံခန့်ခွဲမှုစနစ် ကျင့်သုံးခွင့်အပြည့်ရှိကြသည့်အပြင်၊ လူထုကမိမိတို့အလိုရှိသော ပြုပြင်ပြောင်းလဲမှုများကို ဆိုင်ရာမဲဆန္ဒနယ် ကိုယ်စားလှယ်များမှတဆင့်တင်ပြပြောင်းလဲခွင့်ရှိကြခြင်းဖြစ်သည်။ ယင်းစနစ်၏ ရံပုံငွေ […]


kaiSeptember 12, 20121min0
ယခုရက်ပိုင်း မန္တလေးဂဇက်ဝက်ဘ်ဆိုက်မှာ အကြိမ်ကြိမ်တိုက်ခိုက်ဖျက်ဆီးခံရသည်ကို သတိထားမိကြပါလိမ့်မည်။ မြန်မာဟက်ကာ တချို့၏ DDos ဖြင့်တိုက်ခိုက်မှုကြောင့် ဝက်ဘ်ဆိုက်မှာ ၂ရက်မျှ လုံးဝဝင်မရပဲ ပျက်ကျသွားခဲ့ပါသည်။ လွန်ခဲ့သော ၃ရက်က ဘင်္ဂလားဒေ့ရှ်ဆိုက်ဘာအာမီ အမည်ရှိဟက်ကာတစုမှ ဝက်ဆိုက်မျက်နှာစာအား ပြင်ဆင်ခြင်း(Deface) ပြုလုပ်သွားပြီး ဒေတာအချို့ကိုလည်း ဖျက်ဆီးသွားခဲ့ပါသည်။ ထိုအတွက်ကြောင့် ဆုံးရှုံးမှုဖြစ်ခဲ့ပြီး ယခင်၂ရက် က ဘက်ခ်ကပ်လုပ်ထားသော ဒေတာအဟောင်းတချို့ပြန်တင်ခဲ့၍ ဝက်ဘ်ဆိုက်ကို ပြန်လည်လည်ပါတ်ရပါသည်။ ( အဆိုပါဆုံးရှုံးမှုကြောင့် လုပ်အား.. ဉာဏ်အား.. စိုက်ထုတ်ရေးသားထားသော ရွာသူားများ၏ စာများ အစားထိုးမရအောင်ပျက်စီးသွားချင်းအတွက်.. တောင်းပန်ပါသည်) ယနေ့နေ့လည်ပိုင်း ( ၉လ ၁၁ရက်) က.. ရွာသူားအဖြစ်မှတ်ပုံတင်ဝင်ရောက်ထားသူ မြန်မာဟက်ကာတဦးမှ မန္တလေးဂဇက်တွင် မြန်မာဟက်ကာတချို့အားထိခိုက်ရေးသားထားမှုများရှိကြောင်း ကော်မန့်တွင်ရေးတင်လာပြီး မန်းဂဇက်အက်ဒ်မင်မှတောင်းပန်ရန် ဖေ့စ်ဘုတ်လင့်ခ်ပေး၍ တောင်းဆိုကာ မတောင်းပန်ပါက ဝက်ဘ်ဆိုက်အားထပ်မံတိုက်ခိုက်မည်ဖြစ်ကြောင်းရေးလာသဖြင့် ချက်ချင်းသွားရောက်တောင်းပန်စာ ရေးတင်ခဲ့ပါသည်။ […]


kaiSeptember 10, 20121min095
ရွာသူားများခင်ဗျား.. ပို့စ်ရေး.. ပုံတင်..ကော်မန့်ရေး.. စတာတွေမှာ ပြဿနာတွေရှိပါရင်.. အောက်မှာကော်မန့်နဲ့ ရေးစေလိုပါတယ်..။ သိသူတွေကလည်း.. ဖြေပေးသွားကြပါနော.. ကူညီကြပါခင်ဗျား..


kaiSeptember 7, 20121min012
သုံး ကို ယ် ခွဲ ————- အရင်ဦးဆုံးတော့ အဖေနဲ ့အမေကို ကန်တော့ပါတယ်။ ခုချိန်မှာ ကျနော်ဟာ မိဘမဲ့တစ်ယောက်ပါ။ တမြေ တရွာ တရပ်ခြား တိုင်းတပါးမှာ သားဟာ မိဘမဲ့ပါ အဖေနဲ ့အမေ။ အမေ့ဈာပန မြေအချဟာ နာဂစ်လေကြမ်း တစ္ဆေအနမ်းနဲ ့ လွမ်းလွမ်းဆွတ်ဆွတ် နာကျင်နေခဲ့မယ်။ ကျနော်က အမေ့အနားမရှိ။ အဖေ ၂၀၁ဝ ရွေးကောက်ပွဲ မဲပေးခဲ့သလား ကျနော်မသိ။ ကျနော်က အဖေ့အနားမရှိ။ ခုတော့ ကျနော် မိဘမဲ့။ ”ပြည်သူသာ အမိ ပြည်သူသာ အဖ”တဲ့ ခက်တာက ကျနော်က ပြည်သူနဲ ့ဝေးနေတာပါ။ ငမိုးရိပ်ကနေ မစ်ရှီဂန်ကို အလန် ့တကြား ထွက်ပြေး။ ဧရာဝတီကနေ မစ္စစ္စပီကို လက်ပစ်ကူးထွက်ပြေး။ […]


kaiSeptember 6, 20124min011
လမ်းဆုံ လူတယောက်ရဲ့ ဘဝခရီးလမ်းမှာ လမ်းဆုံတွေ အများအပြားကို ကြုံတွေ့ဖြတ်သန်းရလေ့ ရှိပါတယ်။ တချို့လူတွေအတွက် ဘဝခရီးဆိုတာ အဝေးပြေးလမ်းမကြီးလိုပဲ ဖြောင့်ဖြူးချောမွေ့ နေတတ်ပေမယ့် တချို့လူတွေအတွက် ကျတော့လဲ ဘဝခရီးဆိုတာ အကွေ့အကောက်တွေ၊ အတားအဆီးတွေ ပြည့်နှက်နေတဲ့ ဆူးကြမ်းလမ်းကြီး ဖြစ်နေတတ်ပါတယ်။ ဘယ်လိုလမ်းပဲဖြစ်ဖြစ် သေချာတာကတော့ တနေ့နေ့မှာ ဘဝအတွက် ရွေးချယ်မှုတွေ ပြုလုပ်ရတဲ့ လမ်းဆုံတွေကို ကြုံတွေ့ရလေ့ ရှိတယ်ဆိုတာပါပဲ။ ဒီလိုလမ်းဆုံတွေနဲ့ ကြုံတွေ့ရတဲ့အခါ ရွေးချယ်မှုတွေ ပြုလုပ်ရလေ့ရှိပါတယ်။ ဒီရွေးချယ်မှုမှာကလဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ရတာ၊ မိဘဆွေမျိုးတွေက ရွေးချယ်ပေးတာတွေ ရှိပါတယ်။ ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါမှာ ပထမဦးဆုံးအနေနဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားကြရပါတယ်။ အခြေအနေဆိုတာမှာကလဲ ကိုယ်က ထိန်းချုပ်လို့ ရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေဖြစ်နိုင်သလို၊ ကိုယ်က ထိန်းချုပ်လို့ မရတဲ့ အရာတွေ […]


kaiAugust 28, 20121min023
လွန်ခဲ့တဲ့..၂-နှစ်လောက်က.. ပုံနှိပ်သတင်းစာထဲ.. ထူးခြားတဲ့သတင်းတွေကို.. ကောက်နှုတ်ပြီး အရောင်ရင့်မှတ်တမ်း အနေနဲ့ဖေါ်ပြခဲ့ဖူးတယ်. အဲဒီခေါင်းစဉ်ပြန်ယူရေးတာပါ..။ သတင်းတွေဖတ်မိရင်း.. ထူးခြားတာ.. Bold လုပ်သင့်တာလေးတွေ.. နှုတ်ပြသွားမယ်ဆိုပါစို့.. ရွာသူားတွေထဲကလည်း.. စာဖတ်သူစိတ်ဝင်စားမယ်ထင်ရတာလေးတွေ.. သမိုင်းမှတ်တမ်းထားသင့်တာလေးတွေ.. ကော်မန့်မှာရေးပြီး..  ကောက်နှုတ်ပြကြစေချင်ပါတယ်..။ မူရင်းလင့်ခ်နဲ့..ရေးသူကို ခရက်ဒစ်ပေးစေလိုပါတယ်..။ media fair use ဖြစ်တာမို့ ခွင့်တောင်းဖို့တော့.. မလိုလောက်ပါဘူး..။ သတင်းရေးကြရာ.. CJ လုပ်ကြရာ.. ပရိုသတင်းသမားဖြစ်တည်မှုမှာ.. အထောက်အကူရပါလိမ့်မယ်..။ လစဉ်လုပ်သွားမလားလို့ပါပဲ..။ ဒီလကတော့.. ကုန်သလောက်ဖြစ်နေပြီဖြစ်ပေမဲ့.. စမ်းလုပ်ကြည့်တာပေါ့နော.. =  


kaiAugust 24, 20121min07
ဆီးချို/သွေးချိုရောဂါ (Diabetes Mellitus) သည် ယခုအခါ မြန်မာ လူမျိုးများ အပါအဝင် ကမာ္ဘနှင့်အဝှမ်း ရင်ဆိုင်နေရသော ကပ်ရောဂါ (Endemic) တမျိုးဖြစ်ပါသည်။ WHO ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်မှ ၂၀၁၁ခုနှစ် ဩဂုတ်လ တွင် ထုတ်ပြန်သော စာရင်းဇယားများအရ ကမာ္ဘ့လူဦးရေ ၃၄၆သန်း တို့၌ ဆီးချို/ သွေးချိုရောဂါ Diabetes ရှိနေသည်ဟုခန့်မှန်းထားပါသည်။ ဆီးချို/သွေးချိုရောဂါကို အကြမ်းအားဖြင့်- • ငယ်ရွယ်စဉ်ကတည်းက စတင်သော Type 1 နှင့် • အသက်ကြီးမှ စတင်သော Type 2 ဟုခွဲခြားနိုင်သည်။ • ရောဂါစတင်ချိန်နှင့် တိုက်ရိုက်ဆက်နွယ်၍ မရနိုင်သော အခြား ဆီးချို/သွေးချို အမျိုးအစားများလည်းအနည်းငယ်ရှိသည်။ ယခုဆောင်းပါးတွင် လူကြီးများ၌ဖြစ်လေ့ရှိသော Type 2 Diabetesအမျိုးအစားအကြောင်းကိုအဓိကထားဆွေးနွေးတင်ပြပါမည်။ ကျမနှင့် Diabetes […]


kaiAugust 24, 201214min010
Thursday, 23 August 2012 05:55 အခမ်းအနားတက်ရောက်လိုသူများသို့ နှိုးဆော်၊ ပန်ကြားချက် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်ဖွား မိသားစုများ Los Angeles မြို့တွင် တွေ့ဆုံပွဲ၌ လုံခြုံရေး တင်းကျပ်စွာ စိစစ်ပါမည်။ ဦးရာလူ အရင်ဝင်စနစ် ကျင့်သုံးပါမည်။ သို့ပါသောကြောင့် ပွဲတက်ရောက်မည့်ဧည့်ပရိသတ်များသည် အတတ်နိုင်ဆုံး စောလျင်စွာ ကြွရောက်ပြီး ၁နာရီ ၃ဝ မိနစ် နောက်ဆုံးထားကာ ခန်းမအတွင်း ဝင်ရောက် နေရာယူကြရမည်ဖြစ်ပါသည်။ ၁၂ နာရီ ၃ဝ မိနစ်တွင် ဂိတ်တံခါးများ စတင်ဖွင့်ပါမည်။ တဦးချင်းစီ လုံခြုံရေးစစ်ဆေးပြီးမှ ဝင်ရောက်ခွင့်ပေးပါမည်။ ဝင်ရောက် ပြီးသူများ အပြင်ပြန်ထွက်လိုကထွက်နိုင်သော်လည်း ပြန်လည်ဝင်ရောက်ရာတွင် လုံခြုံရေးစစ်ဆေးမှုများ ထပ်မံ ခံယူရပါမည်။ ခန်းမတံခါးကို ၁ နာရီ ၄၅ မိနစ်တွင် အတိအကျ […]


kaiAugust 20, 20121min05
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း – ၁၂) အခန်း (၁၂) အေးဂျင့် Miller ဆီမှာ မေးခွန်း နောက်တခု ရှိနေပါသေးတယ်။ “ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ပြောဆိုနေကြတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတခုကို ကျွန်တော် စဉ်းစားလို့ မရဘူး ဖြစ်နေတယ်။ ဘာလဲဆိုတော့ ကို်ယ်ပျောက်လူတွေနဲ့ ပျောက်ကွယ် သွားတဲ့ သင်္ဘောင်္ကြး အကြောင်းပဲ။ ဒီကိစ္စနှစ်ရပ်အကြားမှာ ဆက်စပ်မှု ရှိနိုင်သလား” ” အဲဒီဆက်စပ်မှုကို ကျွန်မပြောပြီးပြီလေ။ Gravity ပဲပေါ့။ Unified Field Theory ကို မှတ်မိတယ် မဟုတ်လား။ anti-gravity field ကို ဖန်တီးနိုင်ရင် ဒါက time, space နဲ့ light ကို […]


kaiAugust 17, 20122min03
နိုင်ငံသား ပါဝင်ပတ်သက်မှု နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နိဒါန်း နိုင်ငံသား ပါဝင်ပတ်သက်မှု (Citizen participation) ဆိုတာကို ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းရဲ့ သင်္ကေတ တခုအဖြစ် နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာ သတ်မှတ်ထားကြပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုဘဝ ပြောင်းလဲရေး ဆောင်ရွက်ချက်တွေမှာ နိုင်ငံသား ပါဝင်ပတ်သက်မှုက မရှိမဖြစ် အရေးပါကြောင်းကိုလဲ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်တွေက ရေးသားပြောဆို ကြပါတယ်။ နိုင်ငံသားများ ပါဝင်ပတ်သက်မှု ဖြစ်စဉ်အဆင့်ဆင့်နဲ့ အကျိုးကျေးဇူးတွေကိုလဲ လူမှုသိပ္ပံ သုတေသန ပညာရှင်တွေက သုတေသနပြုထားကြပါတယ်။ အခု ဒီဆောင်းပါးမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းဆောင်တာတွေမှာ နိုင်ငံသားပါဝင်ပတ်သက်မှုရဲ့ အကျိုးကျေးဇူးများနဲ့ ပါဝင် ပတ်သက်မှု နည်းလမ်းကို ရေးသားတင်ပြမှာ ဖြစ်ပါတယ်။ နိုင်ငံသားပါဝင်ပတ်သက်မှု ဆိုရာဝယ် နိုင်ငံသားပါဝင်ပတ်သက်မှု […]


kaiAugust 15, 20121min011
14.08.2012 ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြစ်မှု တခုကို အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းရေး ကိစ္စ သာ ဖြစ်တယ်၊ နိုင်ငံတကာ စုံစမ်း ဖြေရှင်းစရာ မလိုဘဲ ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး၊ ဒေသခံတွေရဲ့ အသိပညာ မြင့်မားရေး တို့ကို ဆောင်ရွက်ရင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မေးမြန်းချက် အပိုင်းကို နားဆင်နိုင်ပါတယ်။ မေး။ ။ အခုဒီရက်ပိုင်းတွေအတွင်းမှာ […]


kaiAugust 1, 201230min05
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း – ၁၁) အခန်း (၁၁) ကျွန်မတို့တွေ အိမ်ထဲပြန်ဝင်သွားကြပါတယ်။ အဖိုးက နံနက်စာ ပြင်ဆင်ရင်း အလုပ်ရှုပ်နေတုန်းမှာပဲ အေးဂျင့် Miller က စကားကို ဆက်ပါတယ်။ “ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်တဲ့ တချို့ဖိုင်တွေက ထိပ်တန်းလျှို့ဝှက်ဖိုင်တွေ ဖြစ်နေတာကြောင့် ကျွန်တော့်လို အေးဂျင့်တယောက်အနေနဲ့ ဖတ်ရှုခွင့် မရှိပါဘူး။ ဒီလို classified files တွေကို ဖတ်ခွင့်ရှိတာ သမ္မတနဲ့ သူ့ရဲ့ ထိပ်တန်းအကြံပေး ပုဂိ္ဂုလ်တွေပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ် hackers တွေကမှလဲ ဒီဖိုင်တွေကို ရယူနိုင်မှာ မဟုတ်ပါဘူး။ တချို့ဖိုင်တွေဟာ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာရွက်စာတမ်းတွေ ဖြစ်ပြီး၊ လက်ရေးနဲ့ ရေးထားတဲ့ စာတွေလဲ ပါဝင်ပါတယ်။ […]


kaiJuly 24, 20121min04
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း – ၁၀) အိမ်နောက်ဖေးက ခြံထဲမှာ ထိုင်မိကြတော့ အဖိုးက ကျွန်မတို့အတွက် ကော်ဖီဖျော်ပေးပါတယ်။ ဒီလိုနဲ့ ကော်ဖီသောက်ပြီးချိန်မှာတော့ ခပ်ပြင်းပြင်း ကော်ဖီပူပူလေးရဲ့ တန်ခိုးနဲ့ ကျွန်မရဲ့ ဦးနှောက်တွေ ပြန်လည် နိုးကြားလာပါတယ်။ အေးဂျင့် Kirwan ကိုတော့ ကျွန်မ အရူးလုပ်ခဲ့ပြီးပါပြီ။ အေးဂျင့် Miller ကိုကော လုပ်နိုင်ပါ့မလား။ သူက အမြဲတမ်းငြိမ်သက် တိတ်ဆိတ်နေတတ်တယ်။ ဒါကြောင့် အရူးလုပ်ဖို့ ပိုခဲယဉ်းပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ထွက်ပေါက်တခုခုတော့ ရှိတန် ကောင်းပါရဲ့။ သူကျွန်မဆီက ဘာလိုချင်လဲဆိုတာ သေချာမသိခင် ငြိမ်ငြိမ်လေးနေဖို့ ကျွန်မဆုံးဖြတ်လိုက်ပါတယ်။ ” အခုကျွန်တော့် တာဝန်ချိန် မဟုတ်တော့ပါဘူး။ သူက ဂရုတစိုက်နဲ့ ပြောပါတယ်။ ဒါကြောင့် မင်းဘာတွေပဲပြောပြော off […]