kaiApril 20, 20139min04
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၁) ဒီမိုကရေစီဆိုတာ ပြည်သူလူထုက အုပ်ချုပ်ခြင်း (rule by the people)နဲ့ ပြည်သူလူထုအတွက် အုပ်ချုပ်ခြင်း (rule for the people) ဆိုတဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မေးစရာတခုက ရှိလာပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ။ ဒီမေးခွန်းဟာ တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်နိုင်ငံတွေအတွက်ဆိုရင် အလွန်ကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ multi-ethnicity ဆိုတဲ့ အကြောင်းအရာကို ကြိုတင်စဉ်းစားတွေးခေါ်မှု၊ ပြင်ဆင်မှုမရှိရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (political stability) တွေဟာ အခက်အခဲတွေ ဖြစ်လာစေတတ်ပါတယ်။ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် […]


kaiApril 5, 20139min08
အဓိကရုဏ်းနှိမ်နင်းရေး ဒေါသထွက်နေသော (သို့မဟုတ်) အလွန်အမင်း တက်ကြွနေသော လူအုပ်ကြီးတခုက ပစ္စည်းများ ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ြခင်း စတာတွေ ပြုလုပ်လာပြီ ဆိုရင် ဒါဟာ ဆန္ဒဖော်ထုတ်ခြင်း၊ ဆန္ဒပြခြင်း မဟုတ်တော့ပါဘူး။ ဒါဟာ အဓိကရုဏ်းအဆင့် ကို ရောက်ရှိသွားပါတယ်။ ဒီလို အဓိကရုဏ်းတွေ ဖြစ်ပွားလာတဲ့အခါ လူစုလူဝေး ထိန်းချုပ်ခြင်း (crowd control) ပြုလုပ်ဖို့ လိုအပ်လာပါတယ်။ လူစုလူဝေးထိန်းချုပ်ခြင်း ဆိုတာကို လူရှစ်ယောက် (သို့မဟုတ်) လူရှစ်ယောက်ထက်ပိုသော ဒေါသထွက်နေခြင်း (သို့မဟုတ်) အလွန်အမင်း တက်ကြွခြင်း ဖြစ်နေသည့် လူအုပ်စုအား အဖျက်လုပ်ရပ်များ မလုပ်ဆောင်စေရန် တားဆီးခြင်း၊ ကန့်သတ်ခြင်းနဲ့ ဖြိုခွဲခြင်းလို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ အဓိကရုဏ်းနှိမ်နင်းရာမှာ အဓိကရုဏ်းနှိမ်နင်းရေးတပ်၊ စုဖွဲ့နှိမ်နင်းမှုသဏ္ဍာန်၊ အချက်ပြဆက်သွယ်ရေး၊ လက်နက်ခဲယမ်းများနှင့် ပစ္စည်းကိရိယာများ […]


kaiApril 3, 20131min024
အမျိုး၊ဘာသာ၊သာသနာ မြန်မာနိုင်ငံတွင် လူသန်း ၆ဝရှိသည်ထား ထိုအထဲရှိ ၈၅ရာခိုင်နှုန်းဟုဆိုကြသော ဗုဒ္ဓ ဘာသာဝင်တို့ အထူးစွဲကိုင်ပြောဆိုကြသော ဆောင်ပုဒ်ကြွေးကျော်သံဖြစ်သည်။ “အမျိုး”သည် မြန်မာအမျိုးသားမြန်မာ့ဇာတိနွယ်တို့ကိုရည်ညွှန်း၍ “ဘာသာ”သည် ဗမာ ဘာသာစကားဖြစ်ပါသည်။ “သာသနာ”ဟူသည်ကား မြန်မာအများစု ကိုးကွယ်ရာ ထေရဝါဒဗုဒ္ဓသာသနာဖြစ်၏။ အမျိုး မြန်မာတို့သည် ယခုတည်နေသောမြေဧရိယာ အကျယ် ၂၆၁၂၂ရ စတုရန်းမိုင်တွင် မှီတင်း နေထိုင်ခဲ့သော မူရင်းလူမျိုးမဟုတ်ပါ။ မူရင်းဌာနေသားများ၊ မွန်-ခမာ(မွန်)၊ တိဘက်တို-ဘားမင်း(ပျူ၊ကမ်းယံ၊သက်)၊ တိုင်(ရှမ်း) စသည့်ဇာတိနွယ်ပေါင်းစုံတို့ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းလာကြရင်းသွေးနှောရောယှက် ပေါင်းဆက်သွားသူများသာဖြစ်ပါသည်။ သမိုင်းရှည်၍ ယဉ်ကျေးမှုကြာသော ချိုင်းနားနှင့်အိနိ္ဒယနိုင်ငံကြီး၂ခု၊လူမျိုးကြီး၂နွယ်ကြားရှိမြန်မာသည် သီးသန့်မျိုးနွယ်ဟုဆိုပါလျှင်ယုတ္တိမတန် အခြေခံလော့ဂျစ်တွက်နည်းတို့မှ လွတ်နေသည်သာဖြစ်ရမည်။ သို့ဆိုသော် တရားဝင်ကြေငြာထားသော လူမျိုးစုပေါင်း ၁၃၅ခုနှင့်တကွ ဤမြေ၊ ဤလေ၊ ဤဧရာဝတီတွင် မှီတည်မွေးဖွားကြီးပြင်းလာသူတိုင်း မြန်မာဖြစ်ရ / ဖြစ်သင့်ပါသည်။ အရင်ရောက်နှင့်သူ နောက်လာသူ […]


kaiApril 2, 20133min044
  ****************************************************** BURMA RELATED NEWS – APRIL 01, 2013 ****************************************************** AP – AP is 1st international news agency to open bureau as Myanmar eases ban AP – Privately owned daily newspapers return to Myanmar, challenging state monopoly AP – Myanmar police say 13 children die in electrical fire at mosque Reuters – Private dailies re-emerge […]


kaiMarch 31, 20131min07
” အာဖ ရိကတိုက်က ရဝမ်ဒါနိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့ တွတ်ဆီနဲ့ ဟူတူ လူမျိုးစု နှစ်စု အပြန်အလှန် မျိုးဖြုတ်သတ်ဖြတ်ခဲ့တဲ့ အခြေအနေမျိုး မြန်မာနိုင် ငံမှာ ဖြစ်နေပြီလို့ သတင်းဌာနတစ်ခုက ပုံကြီးချဲ့ ထုတ်လွှင့်ခံရလောက်အောင် ရှက်စရာ စိုးရိမ်စရာ ဖြစ်ခဲ့ရပါပြီ။” ======================== မောင်ဝံသ ပြောချင်လွန်းလို့ ======================== စင်ကာပူကိုငါးကြိမ်မြောက် ဆေးစစ်ဖို့ ရောက်နေပါတယ်။ ဆေးစစ်အပြီးမှာတော့ မောင့်အယ်လိဇဘက်ဆေးရုံက အထူးကု သမားတော် သုံးဦးညှိနှိုင်းကြပြီး ကျွန်တော့်ကို ဓာတ်ရောင်ခြည်ကုသမှု (Radiotherapy) ပြောင်းပေးဖို့ ဆုံးဖြတ်ပါတယ်။ ဓာတ်ရောင်ခြည်ကုသမှုခံယူချိန်မှာ တစ်ပတ်လျှင်တစ်ကြိမ် ကီမိုဆေးသွင်းမှုကိုလည်း ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ယခု အစီအစဉ် အရဆိုရင် ကျွန်တော် ဒီမှာ နည်းနည်း ကြာဦးမယ်ထင်ပါတယ်။ ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်များ၊ မိတ်ဆွေသင်္ဂဟများ၊ စေတနာရှင်၊ အလှူရှင်များထံ […]


kaiMarch 29, 20136min08
Ko Htike တစ်ခါတလေ စိတ်ပျက်ဖို့ မဖြစ်နိုင်လောက်အောင်ကို ရီချင်စရာ ကောလဟာလ ဖြန့်မှုတွေ တွေ့ရတယ်။သရုပ်ဆောင် စိုးမြတ်နန္ဒာ တစ်ယောက် … ဇာတ်လမ်း အရ သရုပ်ဆောင်မှု အဖြစ် … အခေါင်းထဲမှာ ပန်းတွေနဲ့ သေဆုံးသွားတဲ့ ဇာတ်ရုပ်ပါတဲ့ အခန်းအတွက် .. ဓါတ်ပုံ တစ်ပုံက အင်တာနက်မှာ တွေ့လိုက်တယ်။ တွေ့တာ မနက်ခင်းမှာ။ ဘာမှတ်ချက်မှတော့ အောက်မှာ ရေးထားတာ မရှိဘူး။ ဓါတ်ပုံကြီးပဲ သီးသန့်ပေါ့။ ဒါပေမယ့် မြင်တာနဲ့ သိသာတယ်။ သရုပ်ဆောင်နေတယ် ဆိုတာကို။ ညနေခင်းလည်း ရောက်ရော … သရုပ်ဆောင် စိုးမြတ်နန္ဒာ သေဆုံးပါတယ် … ဝမ်းနည်းပါတယ် … ဘာညာနဲ့ အောက်က စိုးမြတ်နန္ဒာ အကြောင်း နည်းနည်းပါးပါး ရေးထားတဲ့ […]


kaiMarch 28, 20131min012
တပ်မတော်နေ့လော၊ တော်လှန်ရေးနေ့လော မတ်လ (၂၇) ရက်နေ့။ ပြည်လုံးကျွတ် ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲခဲ့တဲ့နေ့။ ဒီနေ့ကို နိုင်ငံတော်အစိုးရက တပ်မတော်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ စာရေးသူကိုယ်တိုင်လဲ မြန်မာ့နိုင်ငံရေးသမိုင်းကို သမိုင်းနောက်ခံကားချပ်တွေနဲ့ ဆက်စပ်လေ့လာခြင်း မပြုလုပ်နိုင်ခင်ကာလက တပ်မတော်နေ့အဖြစ်သာ သတ်မှတ်လက်ခံထားခဲ့ပါတယ်။ မတ်လ (၂၇) ရက်နေ့၊ တပ်မတော်နေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ စတာတွေမှာလဲ အလယ်တန်း၊ အထက်တန်း ကျောင်းသူအနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် အချိန်တန် အရွယ်ရောက်လာပြီး၊ ကျောင်းသုံးစာအုပ်တွေနဲ့ အစိုးရသတင်းစာတွေထဲက သမိုင်းတွေကိုသာမက သက်ရှိသမိုင်းအဘိဓာန်ကြီးများနဲ့ သမိုင်းသုတေသန စာအုပ်တွေကို ဖတ်မိလာ ချိန်မှာတော့ မတ်လ (၂၇) ရက်ကို တပ်မတော်နေ့အဖြစ် မဟုတ်ပဲ၊ တော်လှန်ရေးနေ့အဖြစ်သာ သတ်မှတ်လက်ခံလာမိပါတော့တယ်။ ဒီလိုသတ်မှတ်လာရခြင်းဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီ စတာတွေ […]


kaiMarch 17, 20132min019
ရင်ကို ထိမှန်စေခဲ့သော မြားချက်များ ဖေ့ဘွတ်၊ ဘလော့၊ တွစ်တာ စတဲ့ social media တွေရဲ့ လူအများအပေါ် အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး၊ ပညာရှင်အချို့က သုတေသန ပြုလုပ်ခဲ့ကြရာမှာ မှတ်ချက် (comment) တွေကြောင့် စိတ်ကျရောဂါ ဖြစ်တာတွေ၊ စိတ်ဆင်းရဲမှုဖြစ်တာတွေက အစပြုလို့ နောက်ဆုံး မိမိကိုယ်ကို အဆုံးစီရင်လိုက်တဲ့ အထိ ဖြစ်သွားတာတွေ ရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီသုတေသန စာတမ်းကို ဖတ်ရတော့ ဒီလောက်တောင်ပဲ ဆိုးဝါးသလားလို့ သံသယဝင်ခဲ့မိပါတယ်။ အွန်လိုင်း စာမျက်နှာ အသာထားလို့၊ ပြင်ပကမ္ဘာမှာတင် လောကဓံတရားမျိုးစုံရဲ့ ဒဏ်ကို အေးဆေးတည်ငြိမ်စွာ ကျော်ဖြတ်လာခဲ့ပြီးပြီမို့၊ social media က မှတ်ချက်လေးတွေက ကျွန်မရဲ့ စိတ်ကို တစုံတရာ ထိခိုက်စေမှာ မဟုတ်ဘူးလို့လဲ ကိုယ့်ကိုကိုယ် ယုံကြည်ထားခဲ့ပါတယ်။ […]


kaiMarch 16, 20131min014
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီနဲ့ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုကို ပြည်သူ့လွွှှတ် တော်က သဘောတူလိုက်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွွှှတ်တော်အစည်းအဝေးထဲမှာ ဝက်လက်မြို့နယ် ပြည်သူ့ လွွှှတ်တော်အမတ် သူရဦးအေးမြင့်က အရေးကြီးအဆိုတင်သွင်းခဲ့တာ ဖြစ်ပြီး မြစ်ကြီးနား မြို့နယ် ပြည်သူ့လွွှှတ်တော်အမတ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေးခဲ့တာပါ။ (ဝဲမှယာ-အပေါ်ပုံ သခင်ချန်ထွန်း၊ ဦးတင်ဦး၊ ဦးခင်မောင်ဆွေ၊ အောက်ပုံ ဦးဂျင်မီ၊ ဒေါက်တာအေးမောင်၊ ဦးစိုင်းညွန့်လွင်) ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၊ နိုင်ငံရေးပါတီအသီးသီးနဲ့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)ရဲ့ အမြင်သဘောထားအချို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဦးတင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက) “ကျနော်တို့က ၂၀၀၈ သူတို့ လူထုဆန္ဒခံယူပွဲကတည်းက ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မမှန်ကန်ဘူးဆိုတာ တောက်လျှောက်ပြောခဲ့တယ်။ ဒါနဲ့ပတ်သက်လို့လည်း […]


kaiMarch 13, 201317min030
From: YeMyintAung – <yemyintaungone@.. Subject: ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန် ့ Date: Thursday, March 9, 2013 ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန် ့ မသိနားမလည်သူတွေဖတ်နိုင်ဖို ့သိနားလည်တဲ့သူတွေကရှာဖွေလေ့လာေရးသားတင်ပြကြပါတယ်။ ရေးသူက မသိနားမလည် သူတွေအတွက် ရှာဖွေတင်ပြရေးသားရာမှာ အချက်အလက် အကြောင်းအရာတွေကိုအတတ်နိုင်ဆုံး ဆန်းစစ်ပြီး၊ မှန်ကန်မှ ရေးသား တင်ပြသင့်ပါတယ်။ အကြောင်းအရာအချက်အလက်တွေကို ရေးသားဖေါ်ပြတဲ့အခါမှာ ပေါ့ပေါ့တန်တန်၊ ပြီးစလွယ် သဘောမျိုး၊ မှန်/မမှန် ဆန်းစစ်မှု မရှိဘဲ ရေးသားဖေါ်ပြခြင်းဟာ မသိနားမလည်သူတွေကို အမှားတွေကို သင်ပေးလိုက်တာနဲ ့ တူပါတယ်။ အမှားတွေကို ဖတ်ရှုရတဲ့သူတွေကလည်း အမှန်လို ့ဘဲစွဲပြီးသွားရင်တော့ အမှားသံသယာရှည်ကြီးထဲမှာ မျောနေမှာ ပါဘဲ။ အထူးသဖြင့် အင်္ဂလိပ်ဘာသာ အားနည်းသူတွေ၊ မိမိကိုယ်တိုင် ရှာဖွေဖတ်ရှုနိုင်ခြင်းမရှိတဲ့သူတွေအတွက်ကတော့ […]