By SweSwe Aye ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရုံး အရေးပေါ်ဝန်ဆောင်မှုများ (OES) သည် ၂၀၂၅ ခုနှစ် နွေရာသီတွင် သေနတ်ဖြင့် အကြမ်းဖက်ခြင်းကို ကာကွယ်ရန်အတွက် “အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချပါ” (Reduce The Risk) ဝက်ဘ်ဆိုက်ကို စတင်တည်ထောင်သည်။ ဝက်ဘ်ဆိုက်လင့်ခ်: https://www.reducetherisk.ca.gov/ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးရုံး OES ၏ Reduce The Risk နှင့် ပတ်သက်သော ဆွေးနွေးပွဲကို စက်တင်ဘာ ၂၄၊ ၂၀၂၅ က ပြုလုပ်ခဲ့ရာ မြန်မာ့ဂဇက် တက်ရောက်ပြီး စာဖတ်သူများအတွက် ဖော်ပြလိုက်ပါသည်။ လက်ရှိ အခြေအနေနှင့် ထိခိုက်မှု အချက်အလက်များ ၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း ကယ်လီဖိုးနီးယားတွင် သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း ပါဝင်သော အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်သည့် ဖုန်းခေါ်ဆိုမှု […]

