kaiNovember 25, 20151min04
ယခုလတွေ့ဆုံခြင်းကဏ္ဍမှာအမေရိကနိုင်ငံ Las Vegas မြို့မှာ ဒီဇင်ဘာ၂ဝရက်နေ့ ကျင်းပမယ့် နိုင်ငံတကာMiss Universe ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူ Miss Universe Myanmar 2015 မေဘရဏီသော် နဲ့အင်တာဗျုးထားပါတယ်။ သူမဟာ နိုဝင်ဘာ၂၈ရက်နေ့မှာ ရက်နေ့မှာ ရန်ကုန်မြို့ကနေ Qatar Airways ဖြင့်ထွက်ခွာမယ်လို့သိရပါတယ်။ ဒီနှစ်က Las Vegas မှာဆိုတော့ ကယ်လီဖိုးနီးယားက မြန်မာတွေသွားရလွယ်ပါတယ်။ အားပေးကြဖို့ပါ။ လက်မှတ်ကုန်သွားတတ်တာမို့ ကြိုတင်ဝယ်ယူထားကြဖို့တိုက်တွန်းပါကြောင်း..။ ♣ ညီမရဲ့ ဇာတိနဲ့ ကိုယ်ရေးအကျဉ်း။ (မိဘ၊ အထက်တန်းကျောင်း၊ တက္ကသိုလ်၊ လက်ရှိအလုပ်အကိုင်။) ညီမက ရန်ကုန်ကပါ.မိဘ ကတော့ဦးလှမြင့်၊ဒေါ်ဝင်းဝင်းကျင်ပါ.ကျောင်းကိုအထက၂ ဗဟန်းကနေ10တန်းအောင်ပြီး ဒဂုံတက္ကသိုလ်ကနေ BA(History)နဲ့ပြီးခဲ့ပါတယ်.လက်ရှိကတော့Miss Universe Myanmarအဖြစ်တာဝန်ထမ်းဆောင်နေပြီး လက်လှမ်းမှီတဲ့အနုပညာအလုပ်တွေလုပ်နေပါတယ် ♣ ခန္ဓာကိုယ် အတိုင်း၊ အလေးချိန်။ ၃၄,၂၄,၃၆ […]


kaiNovember 21, 20151min03
ယခုလတွင် မကြာသေးမီကကျင်းပပြီးစီးသွားတဲ့ သမိုင်းဝင်ရွေးကောက်ပွဲကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ Idioms လေးတွေကိုဖော်ပြ လိုပါတယ်။ ဒါမှလည်း ဒီရွေးကောက်ပွဲကြီးအကြောင်းကို မြန်မာလိုသာမက English လိုပါအားရပါးရပြောနိုင်ကြအောင်ပေါ့။ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြီးစီးသွား ခဲ့တဲ့ ရွေးကောက်ပွဲကြီးနီးလာလေလေ election fever က ပြင်းထန်လာလေလေပေါ့နော်။ election fever ဆိုတာကို ရွေးကောက်ပွဲပိုး လို့ဘာသာပြန်ရင်ရမယ်ထင် ပါတယ်။ ပြည်တွင်းမှာရောပြည်ပမှာပါ အားလုံးလိုလိုက ဒီအကြောင်းပဲပြောနေကြလို့ Election fever has seized the whole of Burma “မြန်မာပြည်တပြည်လုံး ရွေးကောက်ပွဲပိုးဝင်သွားပြီလို့ “ပြောရင်ရမယ်ထင်ပါတယ်။ ရယ်စရာကောင်းတာက လက်ရှိအခြေအနေ (I hope you remember the word – “status quo”) ကို […]


kaiNovember 19, 20151min021
ပြည်သူ့ဒီမိုကရေစီခေါင်းဆောင်ဦးစီးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယခုရွေးကောက်ပွဲမှာ အနိုင်ရရှိသဖြင့် ဝမ်းသာဂုဏ်ယူစွာ ဂုဏ်ပြုအပ်ပါသည်။ “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ… တို့ပြေ၊ တို့မြေ…. များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့…. ခွင့်တူညီမျှ…. ဝါဒဖြူစင်တဲ့ပြည်… တို့ပြည်…. တို့မြေ… ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ… အဓိဋ္ဌာန်ပြုပေ…. ထိန်းသိမ်းစို့လေ….” မြန်မာနိုင်ငံတော်သီချင်း၏ ပထမခြေဆင်းပိုဒ်ဖြစ်သည်။ ဒုတိယသံပြိုင်မှာ “ကမ္ဘာမကြေ… မြန်မာပြည်…” ဖြစ်ပါသည်။ ယခုခေတ်တွင် ပထမခြေဆင်းကို ဖြုတ်ပယ်ကာ ဒုတိယနှင့်စကြ၍ မြန်မာတို့က “ကမ္ဘာမကြေသီချင်း”ဟု အတိုခေါ်သည်။ ယူအက်စ်၏ နိုင်ငံတော်သီချင်းမှာ “The Star Spangled Banner” သီချင်းဖြစ်လေသည်။ ပြင်သစ်ပြည်တွင် “La Marseillaise” နှင် ့ယူကေမှာမူ “God Save the Queen” ဟူ၏။ ယခု နိုဝင်ဘာ၏ “ဆယ့်သုံးနေ့-သောကြာ”ဝယ် လူသား ၁၂၉ […]


kaiNovember 18, 20151min07
စစ်ဗိုလ်ချုပ်တွေဟာ …. တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား… ============================= ရေးသားသူ – နေရီ ( ရဲမိုး ) ************************************* ၁၉၈၈ခု စက်တင်ဘာ ၁၈ရက်မှာ တပ်မတော်က အာဏာသိမ်းပြီး စစ်အစိုးရတစ်ရပ် တက်လာခဲ့ပါတယ် ။ စစ်အစိုးရ ဖြစ်တဲ ့အတွက် အာဏာသုံးရပ်ကို တစ်ပေါင်းတည်း ချုပ်ကိုင် ကျင့်သုံးပါတယ် ။ အာဏာရဲ ့အထွတ်အထိပ်ကတော့ ဗိုလ်ချုပ်ကြီးများ အများအပြား ပါဝင်တဲ ့ ကောင်စီဖြစ်ပါတယ် ။ ဗိုလ်ချုပ်တွေ အများအပြားပါဝင်တယ်ဆိုပေမယ့်လဲ တကယ်တန်း အာဏာရှိတဲ ့ သူကတော့ ထိပ်တန်းဗိုလ်ချုပ်ကြီး သုံးလေးဦး မျှသာ ဖြစ်တယ်လို ့ ဆိုပါတယ် ။ စစ်အစိုးရ လက်ထက်မှာ တိုင်းပြည်ရဲ ့စီပွားရေး လူမှုရေး […]


kaiNovember 13, 20152min024
ဒီထဲမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပါတ်သက်တဲ့ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေကို သိမ်းထားဖို့ရည်ရွယ်ပါတယ်။ နောက်နောင်အချက်အလက်ရှာတဲ့အခါ လွယ်အောင်ပါ။ ရွာသူားများ… ကော်မန့်တွေနဲ့ ကြိုက်တာတွေ မှတ်တမ်းထားလိုတာတွေ လာဖြည့်ကြစေလိုပါကြောင်း..။ ====================== ပြည်သူ့လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၃၈ ၊ အမျိုးသားလွှတ်တော် အတွက် ၁၁ဝ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၄၀၁ ဦးရှိနေပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂၈ ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၆၁ ဦး ရရှိနေပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၁၂ ၊ အမျိုးသားလွှတ်တော်အတွက် ၃ ၊ ပြည်နယ်အတွက် ၂၆ ဦး ရရှိနေပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ( တိုင်းရင်းသားလူမျိုး […]


kaiNovember 5, 20151min042
“ကျမက သမ္မတရဲ့ အထက်မှာရှိနေမှာပါ။ ဒါက ရိုးရှင်းတဲ့ သတင်းစကားပါပဲ။ အခြေခံဥပေဒမှာလည်း သမ္မတအထက်မှာ ရှိနေတဲ့သူနဲ့ပတ်သက်လို့ ပြဋ္ဌာန်းထားတာမရှိလို့ ဒါက ဥပဒေချိုးဖောက်တာလည်း မဟုတ်ပါဘူး။ ကျမအနေနဲ့ အရေးကြီးတဲ့ သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာပါ။ ထိပ်ကနေပြီးတော့ ဆုံးဖြတ်ချက်တွေချတာ ခေါင်းဆောင်ပဲပေါ့” (ဒေါ်အောင်ဆန်းစုကြည်) http://burma.irrawaddy.org/election/news/%E1%80%9E%E1%80%99%E1%81%BC%E1%80%90%E1%80%A1%E1%80%91%E1%80%80%E1%80%B9%E1%80%99%E1%80%BD%E1%80%B1%E1%80%94%E1%81%8D-%E1%80%A1%E1%80%85%E1%80%AF%E1%80%AD%E1%80%B8%E1%80%9B%E1%80%80%E1%80%AF%E1%80%AD


kaiOctober 23, 20152min04
အမေရိကနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာအများစုသည် အမေရိကန်များနှစ်သက်သော အားကစားနည်းများကို စိတ်မဝင်စားကြပါ။မြန်မာပီပီဘောလုံး ကန်တာလောက်သာ စိတ်ဝင်စားသူများပါသည်။အမေရိကများနှစ်သက်သည့် baseball , football , basketball နှင့် ice hockey စသည့်အားကစားနည်းများကိုုကြိုက်ဖို့မလိုပါ။သို့သော်ထိုအားကစားနည်းများနှင့်ပတ်သက်သည့် ဝေါဟာရများကိုတော့ သိထားဖို့ သုံးတတ်အောင်လေ့လာထားဖို့တော့လိုပါသည်။သို့မှသာ အများ နည်းတူပြောနိုင်ဆိုနိုင်ရေးနိုင်ကြမည်ဖြစ်ပါသည်။ ဥပမာအားဖြင့်နာမည်ကြီး three strikes and you are out ဥပဒေကိုအားလုံးကြားဖူးကြပါလိမ့်မည်။ ထိုစကားစု လေးကိုနားလည်ရန် baseball အကြောင်းအနည်းအပါးတော့ သိထားဖို့လိုပါသည်။ ရာဇဝတ်မှုသုံးကြိမ်တိုင်တိုင်ကျူးလွန်မိသူများကို ထောင်တစ်သက်တစ်ကျွန်း ထိပင် ချပစ်နိုင်သည့် ဥပဒေဖြစ်ပါသည်။ တခါတရံတတိယအကြိမ် ကျူးလွန်မိသည့်ပြစ်မှုမှာ လွန်စွာသေးငယ်သော်လည်း ထိုပုဂ္ဂိုလ်ကို ကြီးမားသောထောင်ဒဏ်ပေး နိုင်သောကြောင့် အဆိုပါဥပဒေကို ရာဇဝတ်သားများအထူးကြောက်ကြပါသည်။ မည်သည့်ကိစ္စ၌မဆို နှစ်ကြိမ်တိတိဘေးမဲ့ပေးထားပြီး တတိယအကြိမ်၌ အပြစ်ပေး မည်ဆိုလျှင် သုံး၍ရပါသည်။ ဥပမာ- ခလေးငယ်တစ်ယောက်သည် […]


kaiOctober 17, 20151min08
ဒီမိုကရေစီစနစ်နှင့်သွားမည်ဆိုလျှင် လူထုကြီးက မိမိတို့ကိုယ်စား လုပ်ကိုင်ဆောင်ရွက်ပေးရမည့်သူကို ရွေးကောက်တင်မြောက်ပေးခြင်းဖြစ်စဥ-်ရွေးကောက်ပွဲ(ဝါ)မဲဆန္ဒခံယူပွဲကို လက်ခံရလိမ့်မည်။ ရွေးကောက်ပွဲ တရားမျှတသည်၊မမျှတသည်က case-by-case တပိုင်း/တကန့်စီဖြစ်လေသည်။ အများဆန္ဒခံပွဲကိုမငြင်းစကောင်း။ ပါဝင်ပါတ်သက်ရမည်။ မဲပေးရွေးကောက်ပေးရမည်။ ရွေးကောက်ပွဲပြီးနောက် ရွေးကောက်ခံရသူသည် မိမိကိုယ်စားပြုရာ နယ်ပယ်ဒေသတွင်လူထု၏ နိုင်ငံရေးကိစ္စအဝအဝကို တာဝန်ယူဖြေရှင်းပေးရမည့်ကိုယ်စားလှယ်ဖြစ်လာသည်။ ဆန္ဒမဲပေးပြီးလျှင် လူထုအများစုသည်လည်း မိမိ၏နိုင်ငံရေးရေချိန်မြင့်ထားရမူကိုလျှော့ချကာ နေ့တဓူဝကိစ္စ၊ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ကျမ်းမာရေးကိစ္စများအတွက် အားစိုက်လုပ်ကြရပြန်ပါသည်။ တိုင်းပြည်တပြည်တွင် လူတိုင်း၏နိုင်ငံရေးရေချိန်သည် တချိန်လုံးမြင့်မနေသင့်။ အချိန်ကုန်လူပန်းလှပါ၏။ လူ့သက်တန်းအပါဝင် ဘဝအချိန်ဟူသည် အတိုင်းအတာတခုရှိသည်မဟုတ်လော။ အမေရိကားတွင် အမေရိကန်တို့သည်သမ္မတရွေးကောက်ပွဲကို Super Bowl အားကစားပွဲလောက်ပင်စိတ်မဝင်စားကြ။ မဲပေးနိုင်သူ၏ 57.5%(2012 )မျှသာမဲပေးခဲ့ကြသည်။ အမေရိကပြည်ထောင်စုသည် အတိုးတက်ဆုံးသော ဒီမိုကရေစီနိုင်ငံကြီးတခုပေတည်း။ ဘက်လိုက်မီဒီယာ ရွေးကောက်ပွဲဖြစ်လျှင် မည်သူတို့က မည်မျှမဲပေးခဲ့သည်ထက် မည်သူတို့ကမဲကိုရေတွက်သည်ကလွန်စွာအရေးကြီးပါသည်။ ရေတွက်ခြင်းတို့ တရားမျှတမှန်ကန်ရန် စောင့်ကြည့်ကြရမည့်တာဝန်မှာ လွတ်လပ်သည့်စောင့်ကြည့်အဖွဲ့တို့တွင်ရှိသည်။ […]


kaiOctober 8, 20152min048
ဒေါ်စုက သူသမ္မတ မဖြစ်လျင်လည်း သူ၏ပါတီကဖွဲ့သည့် အစိုးရကို ဦးဆောင်မည်ဟု အခိုင် အမာပြောသည်။ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ တည်ကြည်သည်ဟု ပြောကြားသကဲ့သို့ တရုတ်သမ္မတ ရှီကျင်ပင်းနှင့်လည်း နွေးထွေးမှုရှိသည်ဟု ဒေါ်စုကဆိုသည်။ အိနိ္ဒယနှင့် တရုတ်ကို ပိုမိုကောင်းမွန်သော မိတ်ဆွေများ၊ ပိုမိုကောင်းမွန်သော အိမ်နီးချင်း နိုင်ငံများ ဖြစ်လာရန် ကူညီလိုသည်ဟုလည်း ဒေါ်စုက ပြောကြားသည်။ မြန်မာ အတိုက် အခံခေါင်းဆောင်နှင့် အဲန်အဲလ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်စုက သူသည် သမ္မတ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သူ့ပါတီက ဖွဲ့စည်းသော မည်သည့် အစိုးရအဖွဲ့တွင် မဆို ဦးဆောင်မည် ဖြစ်ကြောင်း ယုံကြည်ချက် ခိုင်မာစွာဖြင့် ပြောကြားခဲ့သည်။ သီတင်းပတ်များစွာ ငြိမ်သက်နေပြီး သုံးနှစ်နီးပါးကြာပြီးမှ အိနိ္ဒယ မီဒီယာအဖွဲ့အစည်းနှင့် ပထမဆုံးအကြိမ် အင်တာဗျူးတွင် […]


kaiSeptember 26, 20151min013
Network of Myanmar American Association ကကျင်းပတဲ့ ၈ကြိမ်မြောက် မြန်မာရုပ်ရှင်ပွဲတော်အခမ်းအနား ဖွင့်ပွဲကို ၂၀၁၅၊ စက်တင်ဘာ၁၉၊ ညနေ၆နာရီခွဲကLos Angeles က  Downtown Independent Theater မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားအတွက် Media Sponsor ကို Myanmar Gazette က တာဝန်ယူပါတယ်။ ဒီပွဲမှာပြဖို့ မှတ်တမ်းတင်ရုပ်ရှင်ကားတွေကို ရွေးချယ်သူတွေကတော့ အကယ်ဒမီမေဝင်းမောင်၊ ဂျာမန်ဒါရိုက်တာနဲ့ရုပ်ရှင်ထုတ်လုပ်သူု Yasmin C. Rams နဲ့ ကိုသခင်ဘွား(အယ်ဒီတာချုပ်၊ ထုတ်ဝေသူ Myanmar Gazette သတင်းစာ) တို့ဖြစ်ပါတယ်။ အခမ်းအနားမစမီ တက်ရောက်လာတဲ့ပရိသတ်တွေကို ရိုးမမြန်မာစားသောက်ဆိုင်က မြန်မာစားစရာတွေနဲ့ဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ အခမ်းအနားမှူးအဖြစ် Adrian Zaw ကဆောင်ရွက်ပြီးအဖွင့်နှုတ်ခွန်းဆက်စကားနဲ့ကျေးဇူးတင်စကားကို NetMAA အသင်းဥက္ကဌ ကိုအောင်မင်းနိုင်က ပြောကြားခဲ့ပါတယ်။ […]


kaiSeptember 23, 20151min02
၂၀၁ဝ ခု၊ မေလ ၁ဝ ရက်နေ့က VOA မြန်မာပိုင်းမှာ ၁၅ နှစ်လုပ်ခဲ့လို့ ဂုဏ်ပြုပွဲ၊ ပြန်လည်ပြောကြားတဲ့ ကျေးဇူးတင်စကားထဲ ကျနော်ဟာ စာမဖတ်ပဲ မနေနိုင်လောက်အောင် အရူးအမူးဘဝကနေ စာရေးဆရာဖြစ်လာပုံ ထည့်ပြောခဲ့ပါတယ်။ တောရွာမှာ ဆင်းရဲနွမ်းပါးတဲ့ မိဘရဲ့ သားသမီး ၁၂ ယောက်ထဲ ပါဝင်တဲ့ ကျနော် ဒီလိုဖြစ်လိုရတာ စာဖတ်လို့ပါ။ လူတွေ စာဖတ်၊ စာရေးတတ်ကြဖို့ နှစ်ပေါင်းများစွာ တစတစနဲ့ကြိးပမ်းကြပြီးမှ ဖြစ်လာရတယ်။ စောစောတုန်းက အာဂုံဆောင် အလွတ်ကျက်ထားတာတွေ စာနဲ့ရေးလာနိုင်တော့ ပိုမိုတိကျ ကြာရှည်ခံလာပြီ။  စာဖတ်တတ်သူတိုင်း ဖတ်လာနိုင်ကြပြီ။ အာဂုံဆောင်ထားတာတွေသာမက တခြားရေးစရာများလည်း တွေးလာကြပြီ။ အဲဒီလောက်နဲ့ပဲ စာရေးစာဖတ်ခြင်းဟာ လူ့ယဉ်ကျေးမှု တိုးတက်ရေးမှာ ဘယ်လောက်အရေးပါသလဲ ဆိုတာထင်ရှားနေပြီ မဟုတ်ပါလား။ လူတွေဟာ အစုအဝေးနဲ့ စနေလာကြကတည်းက […]


kaiSeptember 23, 20151min08
အင်္ဂလိပ်စကားဟာ ယခုအချိန်မှာ ကမ္ဘာတစ်ဝှမ်းလုံးက သုံးတဲ့စကားဖြစ်နေပါပြီ။ဒီတော့ အင်္ဂလိပ်စကားကို ထည်ထည်ဝါဝါ ခန့်ခန့်ငြားငြားပြောတတ်၊ရေးတတ်လိုသူတိုင်း အင်္ဂလိပ်စကားလုံးလေးများသာမက Latin (ယခင်လကဖော်ပြခဲ့ပြီးပါပြီ) အပါအဝင် French, Spanish,Italian,Arabic စသည့်ဘာသာစကားများကလာတဲ့ စကားလုံးလေးတွေကိုပါ တတ်ကျွမ်းထားဖို့လိုအပ်သလို သုံးတတ်ဖို့ လိုအပ်ပါတယ်။ဦးစွာပထမ ပြင်သစ်ဘာသာစကားမှလာတဲ့ လူအများစုအသံထွက်မှားတက်တဲ့ ဝေါဟာရလေးတွေကို လေ့လာကြရအောင်။ မိမိရဲ့ ချစ်သူနဲ့ချိန်းထားတဲ့အကြောင်း သူငယ်ချင်းတွေကို ကြွားဝါလိုတယ်ဆိုပါစို့။ “I’m going to see my girlfriend tonight.” လို့လွယ်လွယ်ကူကူပြောလို့ရသော်လည်း “I have a rendezvous with my girlfriend tonight.” လို့ပြောနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒီနေရာမှာ rendezvous ဆိုတဲ့ပြင်သစ်ကလာတဲ့ဝေါဟာရလေးကို ရွန်ဒီVu (V သံကို မြန်မာလိုအသံဖော်ပြလို့မရလို့ အင်္ဂလိပ်လိုပဲ ဖော်ပြလိုက်ပါတယ်။)လို့အသံထွက်မှ မှန်ပါသည်။သတိပြုမိစေလိုပါသည်။ စီးပွားရေးသမားများ […]


kaiSeptember 21, 20151min021
လူသားဟူသည် အစုအဖွဲ့အအုပ်နိုင်ငံတို့နှင့်နေကြရရာဝယ် အမျိုး၊ဘာသာ၊သာသနာနှင့် ချည်နှောင်ခြင်းဖြင့် စုစည်းနေထိုင်ကြတတ်ကြပါသည်။ လူအသီးသီးတို့၏ သက်ဝင်ယုံကြည်မှုဖြစ်သည့် ဘာသာ သာသနာသည် လူသားတို့ကို လမ်းညွှန်ပြအဆင့်တွင်ရှိရသော်လည်း လူအသီးသီးတို့၏ ပေါင်းသင်းဆက်ဆံမှုသိပ္ပံအတတ်ဖြစ်သည့် နိုင်ငံရေးတွင်ဝင်စွက်ဖက်ပါဝင် ဥပဒေပြုသောအခါတွင် ဘာသာသာသနာနှင့် နိုင်ငံရေး၏ဟန်ချက်ဂေဟပျက်ပါသည်။ ဘာသာရေးနှင့်နိုင်ငံရေး အပြန်အလှန်စည်းနီခြားထားသင့်ကာ အနီစည်းမကျော်စကောင်း။ ရေကြည်ရာမြက်နုရာ သမိုင်းပညာရှင်ဒေါက်တာသန့်မြင့်ဦး၏ သုံးသပ်ချက်များအရ ကချင်၊ရှမ်းပြည်နယ်နေ ဂျိန်းဖော၊လားဟူ၊ လီဆူး၊ ဝ၊ ထိုင်(Tai/Dai) စသည့်တိုင်းရင်းသားတို့မှာ ၁၈၁၅ခုက အင်ဒိုနီးးရှား၏Tambora မီးတောင်ကြီးပေါက်ပြီးနောက်မှ သဘာဝဘေးရှောင်ရင်း ယူနန်နယ်မှ မြန်မာပြည်သို့အခြေချနေထိုင်လာသူများဟု ဆိုထားပါသည်။ ထိုခေတ်က ဘကြီးတော်မင်းသည် အာသံ၊မဏိပူရ (ယခုအိန္ဒိယ) ကိုသိမ်းသည်။ ထိုမှ ထိုနယ်သားများစွာကို ဧရာဝတီမြစ်ဝှမ်းတွင် စစ်ပြေးသုံ့ပန်းများအဖြစ် ထားခဲ့သည်ဆိုပါသည်။ လူသားဟူသည် သဘာဝနှင့်လူလုပ်ကပ်ဘေးများကြောင့်ရေကြည်ရာမြက်နုရာကို ရွေ့ပြောင်းနေထိုင်တတ်ကြသည်။ ထိုမှ အရင်ရောက်နှင့်သူ အရှေ့မှဝင်လာသူ၊ အနောက်သို့သွားကြသူတို့သွေးနှောကြခြင်းမဟုတ်ပါလော။ မြန်မာ့ရိုးရာဖြစ်လာနေသော ဟိန္ဒူတို့၏ […]