kaiApril 23, 20181min012
– မြန်မာနိုင်ငံ သမ္မတသစ် ဦးဝင်းမြင့်၏ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းကျိန်သတင်း။ – မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမျက်နှာဖုံးသတင်း။ – Burmese American Medical Association ၏နှစ်ပတ်လည်ညစာစားပွဲသတင်း။ – မောင်စွမ်းရည်၏”မန်းတက္ကသိုလ်ကလောင်ရှင်များအသင်းဆောင်းပါး။” – အကယ်ဒမီမေဝင်းမောင်နှင့်တွေ့ဆုံခြင်း။ – ဧပြီအလှပန်း မေလင်းဖြူ။ – မသန္တာအောင်(ဆေးပညာဘွဲ့)၏ အရိုးပွ၊ အရိုးကျိုးရောဂါ။ – ဒေါက်တာအောင်ဇော်ထိုက်၏ တိရစ္ဆာန်မှကူးစက်သောရောဂါများ။ – ဆရာထွန်း(တဆ-၂၂၂၁)- ဆေးဖက်ဝင်ကမ်းဇော်ဆီ။ – ဆရာမျိုးမြင့်ကေ ျာ်ရဲ့ အင်္ဂင်္လိပ်စာသင်္ခန်းစာဆောင်းပါး။ – မောင်မိုးညိုရဲ့ယာဉ်တိုက်မှုဖြစ်ခဲ့သော် အသိပညာပေးဆောင်းပါး။ – တိမ်မည်းရဲ့ အဝေးရောက်အလုပ်ခွင် ဆောင်းပါး။ လစဉ်ဖော်ပြနေကျ ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံအက်ဆေး၊ ဗေဒင်၊ ဟင်းချက်နည်း သုတ၊ ရသစုံလင်စွာဖြင့် သင်္ကြန်အကြို ၂၀၁၈ခုနှစ်၊ ဧပြီလထုတ် မြန်မာ့ဂဇက်ထွက်နေပါပြီ။ နီးစပ်ရာမြန်မာစတိုးဆိုင်များ၊ […]


kaiApril 14, 20181min03
ဧပြီလ၁၅ရက် ကဆုန်လဆန်းတရက်နေ့ကစတဲ့… တထောင့်သုံးရာ့ရှစ်ဆယ် မြန်မာနှစ်သစ်ဝယ်… မြန်မာ့ဂဇက်စာဖတ်သူအပေါင်း၊ မိတ်ဆွေတသောင်း ရွှင်လန်းချမ်းမြေ့ကြစေကြောင်း ဆုမွန်မေတ္တာပို့သပါ၏။ ပြက္ခဒိန်မှာတော့.. ဧပြီ၁၇။ ကဆုန်လဆန်း ၃ရက်နေ့က နှစ်ဆန်းတရက်နေ့တဲ့..။ (ထုံးစံအတိုင်း)မတိမကျ ကောက်တွက်ထားကြတဲ့ မြန်မာပြက္ခဒိန်နဲ့ ဟိန္ဒူတွေရဲ့ ဝေဒကတွက်တဲ့မဟာသင်္ကြန်ရက်နဲ့ ထိပ်တိုက်တွေ့တာလား.. ကမ္ဘာမြေကမော့ကြည့်ပြီး နက္ခတ်အပြောင်းအရွေ့ကိုယူတဲ့ ဝေဒနက္ခတ်ပညာနဲ့ သိပ္ပံနည်းပညာအရ မှန်ပြောင်းနဲ့ကြည့်ချတွက်တဲ့ နာဆာပညာနဲ့ ပဋိပက္ခဖြစ်တာလား.. မြန်မာ့အုပ်ချုပ်သူအာဏာရှင်တွေကပဲ.. ဖြစ်ချင်တာဖြစ်.. လုပ်ချင်တာလုပ်မဟေ့ဆိုပြီး.. ခရစ်သက္ကရာဇ်အတည်ယူလို့.. ဧပြီ၁ရမှာ… နှစ်ဆန်းတရက်စေသတည်းလုပ်ထားတာလား..။ ပုဂံခေတ်ကစတဲ့ ဟိန္ဒူယဉ်ကျေးမှုသင်္ကြန်.. ကာလရွေ့လျောလို့.. မြန်မာမှုအပြုလွန်ပြီး.. ဖြစ်ချင်တာဖြစ်လို့..လုပ်ချင်တာလုပ်ကြတာလား..။ ဖြစ်ချင်တာဖြစ်ကြစေ… အဲဒီရက်ကနေစပြီး..မြန်မာတွေ.. မဖြစ်ချင်တာတွေ.. မဖြစ်စေတည်းလို့လည်း..ဆုတောင်းကို..ထပ်ဖြည့်ပေးလိုက်ပါတယ်..။ ကျန်းမာလို့ ချမ်းသာကာ လန်းဖြာခြင်းမှာ.. စွမ်းလို့သာပါစေ..။ 😛


kaiMarch 30, 20182min02
ယခင်လက စတင်လေ့လာခဲ့ကြတဲ့ Prepositions လေးတွေအကြောင်းကို ဆက်လက်မှတ်သားကြရအောင်။ တလုံးတည်းမဟုတ်ဘဲ နှစ်ခု၊ သုံးခုတွဲပြီး သုံးရတဲ့ Prepositions လေးတွေကို ကြည့်ကြရအောင်။ ဥပမာ – in front of , in the front of, in back of, in the back of ဒီနေရာမှာ the လေးထည့်ပေးထားတာနဲ့ the မပါတာ ဘယ်လိုကွာခြားသလည်းဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ အောက်ပါဝါကျလေးခု ကို ကြည့်ပါ။ -the dog in front of the car -the dog is in the front of the car […]


kaiMarch 29, 20181min02
မစ္ဆရိယခေါ်သံ J Calling ဥပါယ်တံမျဉ်နှင့် မုဒြာရဲ့ခေါ်သံရုပ်ရှင်ကား၂ကားတင်ပြီးနောက်ဝယ် မြန်မာလူထုအတွက် စိတ်ဓာတ်ရေးရာနှင့်အတွေးအခေါ်ကိုယ်ကျင့်တရားပိုင်း၏ညွှန်ဆရာတဆူဖြစ်သော ရုပ်ရှင်နယ်ပယ်၏အခြေအနေတို့ ပွင့်ပေါက်ထွက်လာသည်။ မတ်လ ၂၃ရက်နေ့က ကျင်းပပြီးစီးခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပြီး ရွာသား/မြို့သားသမုတ်သံများ၊ အပြန်အလှန်စာများ၊ ရုပ်သံများ၊ လျှို့ဝှက်အုပ်စုဖွဲ့ပြောစာများ အားလုံးခြုံငုံသုံးသပ်ကာ လူအများစုကောက်ချက်ချမိကြသည်ကား ဆိုင်ရာပညာရပ်နယ်ပယ်တွင်ရှိသောသူတချို့ ဣဿာမစ္ဆရိယစိတ်များနေကြသည်ဟူ၍ဖြစ်၏။ တကယ့်အခြေအနေကိုကြည့်ပါ။ ရုပ်ရှင်နယ်ပယ်တွင်အသုံးပြုသည့် ကင်မရာ၊ ဖလင်၊ အသံဖမ်း မီးထိုးစက်ပစ္စည်းများမှသည် ယုတ်စွ အလင်းအမှောင်မီးလုံး။ မိတ်ကပ်သုံးပစ္စည်းများအထိ ပြည်တွင်းဖြစ်မရှိ။ နိုင်ငံခြားမှ မှာယူရပါသည်။ အဆိုပါနိုင်ငံခြားဟူသည် ဆိုင်ရာပစ္စည်များကို ရမ်းသမ်းထုတ်လုပ်ထားခြင်းမဟုတ်။ ဆိုင်ရာနယ်ပယ်တွင်ကျွမ်းကျင်သူများက အကြိမ်ကြိမ်အခါခါစမ်းသပ် ဈေးကွက်တင် အောင်မြင်ပြီးမှ စီးပွားဖြစ်ထုတ်ရောင်းကြခြင်းဖြစ်သည်။ ဟောလိဝုဒ်၊ ဘောလိဝုဒ်တို့တွင် ရုပ်ရှင်တခုဖြစ်လာရန်အတွက် ဝတ္တု၊ဇတ်ညွှန်း၊တည်းဖြတ်၊ထုတ်လုပ်၊ရုံတင်၊ဖြန့်ဝေ သာမကငွေကြေးရင်းနှီးမြုတ်နှံမှုအပိုင်းတွင်ပင် လုပ်ထုံး၊ဥပဒေများနှင့် စနစ်တကျရှိသည်။ ရုပ်ရှင်လောကတွင်ထိုထိုထုံးများကို နတ်သိကြားပေးထားခြင်းဖြင့် မိုးပေါ်မှရခဲ့သည်လည်းမဟုတ်ပါလေ။ ရုပ်ရှင်ပေါ်စ ၁၈၉၅ မှစ၍အဆင့်ဆင့်တိုးတက်ပြောင်းလဲပြင်ယူလာခဲ့သည်ဖြစ်ပါ၏။ ထိုအတွေ့အကြုံတို့မှ […]


kaiMarch 9, 20182min019
➜ U.S. တွင်ကျင်းပခဲ့သော တိုင်းရင်းသားယဉ်ကျေးမှုပွဲတော်များ။ ➜SCBCA နှစ်သစ်ကူးညစာစားပွဲသတင်း။ ➜U.S တွင်ကျင်းပခဲ့သော ထမနဲပွဲများသတင်း။ ✔မောင်စွမ်းရည်ရဲ့ လူထုဦးလှ၊ ဟံသာဝတီဦးဝင်းတင်နှင့်ခြင်္သေ့တကောင်ဆောင်းပါး။ ✔မောင်မိုးညိုရဲ့အရေးပေါ်ဆေးကုသရခဲ့သော် ဆောင်းပါး။ ✔Henry Kao ရဲ့ ပုံဆောင်တဲ့ဇလုံတောင် ခရီးသွားဆောင်းပါး။ ✔တိမ်မည်းရဲ့ Drone ဘာလဲ ဆောင်းပါး။ ✔တေးသံရှင် မဒီနှင့် အမေးအဖြေ။ ✔မတ်လအလှပန်းMillennie Chen ✔မသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ အန္တရာယ်ကြီးလေးဘက်နာရောဂါ။ ✔✔လစဉ်ဖော်ပြနေက ျ ဆရာမျိုးကျေ်မြင့်ရဲ့ အင်္ဂလိပ်စာသင်င်္ခန်းစာဆောင်းပါး။ ကဗျာ။ ကာတွန်း။ ဗေဒင်။ အစားအသောက်ကဏ္ဍများကို သုတရသစုံလင်စွာ ဓာတ်ပုံဝေဝေဆာဆာဖြင့် ၂၀၁၈၊ မတ်လထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ။     Download https://l.facebook.com/l.php?u=http%3A%2F%2Fmyanmargazette.net%2Ffiles%2FMyanmar%2520Gazette_111%2520Mar%25202018.pdf


kaiMarch 2, 20181min04
အမေရိကပြည်ထောင်စုသည် ကမ္ဘာတွင် စစ်အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံဖြစ်သည်။ အစိုးရတွင်မဆိုထားနှင့် သန်း၃၂ဝလူထုအတွင်း၌ပင် သေနတ်အလက်ပေါင်းသန်း၃၀ဝကျော်ကိုင်ဆောင်ထားကြသည်ဟု စစ်တမ်းများကပြဆိုပေရာ အမေရိကန်တို့သည်သေနတ်လက်နက်နှင့်ရင်းနှီးကျွမ်းဝင်ဆုံးများဟုဆိုလျှင်လည်းမှားမည်မဟုတ်ပေ။ နိုင်ငံတည်ထောင်သူဖခင်ကြီးများသည် လူတိုင်းသေနတ်လက်နက်ကိုင်ဆောင်ခွင့်ကို အခြေခံဥပဒေထဲထည့်၍ အကာအကွယ်ပေးထားခဲ့သည်။ Amendment II – A well regulated Militia, being necessary to the security of a free State, the right of the people to keep and bear Arms, shall not be infringed. ရည်ရွယ်ရင်းမှာသေနတ်နှင့်အမဲလိုက်စားကြရန်မဟုတ်။ လက်နက်နှင်ဗိုလ်ကျစိုးမိုးလာမည့် အစိုးရနှင့်စစ်တပ်ကို ပြန်လည်ခုခံရန်ဖြစ်သည်ဟုဆိုပါသည်။ သို့ဆိုသော် အမေရိကားသည် လက်နက်ကြောင့် ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်လာခဲ့သလို လက်နက်ကြောင့်ပင် အပြစ်မဲ့လူအသေရဆုံးနိုင်ငံလည်းဖြစ်ပါသည်။ တမိနစ် ၁တောင့်မှသည် […]


kaiMarch 2, 20182min02
ယခုလမှာ ခက်ခဲနက်နဲတဲ့ Adj clause ကို adv clause တို့ကို ခဏမေ့ထားပြီး လွယ်သလိုလိုနဲ့ ဒုက္ခပေးတတ်တဲ့ ၊တိမ်မလိုနဲ့ နက်တဲ့ prepositions လေးတွေကို လေ့လာကြပါစို့။ ဒီနှစ်က year of the dog ဆိုတော့ ခွေးလိမ္မာလေးတွေလိုပဲ ချစ်စရာကောင်းသလောက်နားနားလည်ဖို့ခက်တဲ့ prepositions လေးတွေအကြောင်း တင်ပြပေးပါမယ်။ ဦးစွာပထမ Time လို့ခေါ်တဲ့ “အချိန်” နဲ့ ပတ်သတ်တဲ့ prepositions လေး တွေကို ကြည့်ကြရအောင်။ “on” ဆိုရင် နေ့နဲ့သုံးရတယ် “in” ကိုလနဲ့သုံးရတယ် “in”ကို နှစ် နဲ့သုံးရတယ်။ ဥပမာ “He was born on the first Monday in February […]


kaiFebruary 16, 20181min012
ဖေဖော်ဝါရီ ၂၁၀၈ ထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ..။ တိမ်မည်းရဲ့.. Bitcoin ဘာလဲ၊ဘယ်လဲ။ ဒုတိယမြန်မာ-အမေရိကန်မျိုးဆက်.. Myint ရဲ့ ခေတ်စမ်းလုလင် မောင်လူပေရေးတဲ့.. ချိုင်းနိစ်နှစ်သစ် ၂၀၁၈၊ ခွေးနှစ်အကြောင်း ဟောစာ..ပြောစာ ဖေဖော်ဝါရီအလှပန်းအဖြစ်.. မြန်မာပြည်က.. MieMie Ko မသန္တာအောင်(ဆေးပညာဘွဲ့) ရဲ့.. ပင်ပန်းခြင်းရောဂါများ ဂျေမောင်မောင်နဲ့..သူအမေရိကားရောက်တုံးအင်တာဗျူး ကေဇီရဲ့.. နှပ်ပြီးစားမည် ပီအိုင်ဂျီ မောင်စွမ်းရည်ရဲ့.. ရွှေမန်းသားစာရေးဆရာကြီး မြမျိုးလွင် ဖေဖော်ဝါရီလအတွက်.. ဗေဒင်..။ အမေရိကားက.. အာမခံအကြောင်းတွေ..၊ ဓာတ်ပုံအက်ဆေးတွေနဲ့.. မြန်မာ့ဂဇက်..ထွက်နေပါပြီ..။ မြန်မာစတိုးဆိုင်တွေမှာရယူပါ။


kaiJanuary 30, 20181min01
#MeToo မီတူး-အမေရိကား အမေရိကပြည်မှာ မယ်စကြဝဠာအဖွဲ့ကြီးရဲ့ ပိုင်ရှင်ဟောင်းမစ္စတာထရမ့်တက် သမ္မတဖြစ်လာကထဲက အမေရိကန်မိန်းမထုကြီးကိုပုတ်နှိုးလိုက်သလိုဖြစ်ခဲ့ပါတယ်။ မနှစ်ဇန်နဝါရီလကထရမ့်ရဲ့ သမ္မတအဖြစ်ကျမ်းကျိန်တဲ့နေ့တင်တနိုင်ငံလုံးမှာအမျိးသမီးထုကြီးချီတက်ဆန္ဒပြတဲ့လှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဝါရှင်တန်မြို့တော်မှာ လူ၅သိန်းလောက်ထွက်လာကြပြီးအဲဒီလူထုကို အသံပြတ်ပြတ် နဲ့ ဟောပြောခဲ့တဲ့ မင်းသမီး အက်ရှ်လီဂျပ်ဒ်ရဲ့ “Nasty Woman” မိန့်ခွန်း ကိုသတိရမိကြမှာပါ။ အဲဒီအရှိန်ဟာ တနိုင်ငံလုံးက အမျိုးသမီးထုဆီတမွေ့မွေ့ကူးစက်သွားပြီး ဟောလိဝုဒ်က မင်းသမီးတွေကို လုပ်ပိုင်ခွင့်ကိုင်လို့ ထိုင်စားနေတဲ့ ဟာဗီဝိုင်းစတိန်း ရဲ့အပြုအမူကို လူသိရှင်ကြားဝေဖန်ရှုံ့ချ တရားစွဲတာကတဆင့် တနိုင်ငံလုံးကိုပေါက်ထွက်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၀၁ရမှာ Me Too Movement (#MeToo) နဲ့ လေဒီတွေလှုပ်ရှားလာတာတွေ့ရမှာပါ။ နိုင်ငံရဲ့အာဏာပါဝါအရှိဆုံးကြီးတွေဖြစ်တဲ့ ဆီနိတ်တာတွေ၊ တရားသူကြီးတွေအထိ ပေါက်ခဲ့ပြီး ပြုတ်သူပြုတ်၊ထွက်သူထွက်နဲ့ အခုသမ္မတထရမ့် အိမ်ဖြူရောက်တနှစ်လည်တဲ့အချိန်မတော့ အမေရိကန်အမျိုးသမီးတွေ နိုင်ငံအနှံ့ ထပ်မံဆန္ဒပြကြခြင်းနဲ့အတူ သမ္မတထရမ့်နဲ့ လိင်ကာမဖျော်ဖြေကားရိုက်ကူးသူအပြာမယ် စတုန်းမီဒန်နီယယ်စ်တို့အိပ်ယာဝင်ဇတ်လမ်းကိုလူမသိအောင်နှုတ်ပိတ်လျှော်ကြေးပေးထားတာမှာ တခန်းရပ်လို့နေပါတယ်။ လပ်စ်ဗေးဂတ်စ်မြို့မှာလုပ်နေတဲ့ […]


kaiJanuary 28, 20182min01
နှစ်ဆန်းကာလ မှာ စာဖတ်သူအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ ဦးစွာပထမဆုတောင်းလိုက်ပါတယ်။ ယခင်လက Negative adverbs လေးတွေအကြောင်း အစဖော်ခဲ့ပါတယ်။ ယခုလမှာဆက်လက်ပြီး ပြည့်ပြည့်စုံစုံဖော်ပြပေးပါမယ်။ ပထမဆုံးဖော်ပြလိုတာက လေ့လာသူတော်တော်များများ မှားယွင်းစွာသုံးစွဲတတ်တဲ့ hardly ဆိုတဲ့ adverbs လေးဖြစ်ပါတယ်။ “He works hardly, so he got a promotion.” လို့သုံးစွဲတာမျိုး ကိုတွေ့ဖူးကြပါလိမ်မယ် ။ ဒီနေရာမှာ Hard က adjective ဆိုးတော့ adverbs ဖြစ်အောင် –ly လေးထည့်လိုက်ရင် ပြီးတာပဲဆိုပြီးသုံးတော့ မှားကုန်တာပေါ့ ။မှတ်မိ ကြတယ်နော်။ Hard ကို adjective လိုရော adverbs လိုပါ သုံးလို့ ရပါတယ်။–ly ထည့်ပြီး hardly လို့ ပြောင်းသုံးစရာမလိုပါ။ […]


kaiJanuary 9, 20182min011
    U.S. မြန်မာခရစ်ယာန်အသင်းအဖွဲ့တွေ့ရဲ့ ခရစ်စမတ်အခမ်းအနားသတင်းများနဲ့ ခရစ်စမတ်ဆုတောင်းသတင်းများ။ LA မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်ခဲ့တဲ့ Chanukah ပွဲတော်။ Los Angeles မှာက ျင်းပခဲ့တဲ့ Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine ရန်ပုံငွေပွဲ။ One Myanmar Community က လူငယ်တွေ မြန်မာပြည်ကိုသွားရောက်ပြုခဲ့တဲ့ကုသိုလ်။ မောင်စွမ်းရည်ရဲ့ မင်းသစ်အလွမ်းစာ။ အောင်ဝေးရဲ့ ချစ်လို့ရေးတဲ့ကဗျာ(၁)။ ခင်မောင်အေး(Azusa)ရဲ့ ချစ်တဲ့တစိမ်းများ။ မောင်မိုးညိုရဲ့ SoC&Coverage Declaration ကို နားလည်ခြင်းဆောင်းပါး။ ဝင်းဗိုလ် ရဲ့ ၂၀၁ရ ဝက်သိုးလည်ပြန်သယော်စာ။ U.S. ရောက် တေးသံရှင် ရှင်ဖုန်းနဲ့ ခဏတာ အင်တာဗျူး။ မသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ ဂေါက်အဆစ်ယောင်ရောဂါ။ KZ […]


kaiDecember 31, 20172min03
ယခုလမှာ Clauses လေးတွေ phrases လေးတွေ အကြောင်း ခေတ္တရပ်နားပြီး လွန်စွာအသုံးဝင်တဲ့ adverb လေးတွေအကြောင်း လေ့လာကြရအောင်။ adverb လေးတွေဟာ ကြိယာလေးတွေ၊ adjective လေးတွေအပြင် အခြားadverb လေးတွေကိုပါ အထူးပြုနိုင်တဲ့အတွက် သုံးတတ်ရင် သုံးတတ်သလို အလွန်လှပတဲ့ ဝါကျလေးတွေ ဖွဲ့စည်းလို့ရအောင် ထောက်ကူပေးတက်ပါတယ်။ adverb လေးတွေရဲ့ အသုံးဝင်ပုံကို သဘောပေါက်နားလည်သွားအောင် only ဆိုတဲ့ adverb လေးနဲ့ သက်သေပြလိုပါတယ်။ ဒီနေရာမှာ နမူနာလေးဟာ အဓိပ္ပါယ်အနည်းငယ် ကြမ်းတမ်းတဲ့အတွက် ရိုင်းပြတဲ့အတွက် ခွင့်လွှတ်ဖို့ တောင်းပန်လိုပါတယ်။ ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်းလေး အသုံးပြုလိုက်ရတာက ဗိုလ်ချုပ်အောင်ဆန်း တခါကပြောခဲ့ဘူးသလို ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း လေးဆိုရင် လူတွေက မှတ်မိတတ်လို့ပါ။ ကဲ အောက်ပါဝါကျလေးကို ကြည့်ကြရအောင်။ “I […]


kaiDecember 30, 20171min08
၂၀၁၈ရောက်၍တဆောင်းသစ်သွားပြန်ပြီ။ ဒီဆောင်းကတော့ ကယ်လီဖိုးနီးယားမှာ သမိုင်းစံချိန်တင် တောမီးတွေလောင် အပူချိန်တွေတက် လေရူးသရမ်းပြီးခြောက်သွေ့သလောက် ဝါရှင်တန်-နယူးယောက်အရှေ့မြောက်ဒေသတွင် အနုတ်၃၄ဖာရင်ဟိုက်အထိသွားတွေ့ကာ မှတ်တမ်းသစ်တင်၍ ကျန်တပြည်လုံးမတော့ စံချိန်တင်အောင်အေးသည်တဲ့။ ကျွန်ုပ်တို့၏ချစ်လှစွာသောသမ္မတကြီးကတော့ “good old global warming,” ဟုဆိုကာ ကမ္ဘာရာသီအပြောင်းကို ပျက်ရယ်ပြုပါသည်။ ၂၀၁ရကို လည်ပြန်ကြည့်လျှင် နည်းပညာနှင့်ငွေကြေးလောက(သွား)ပေါင်းစည်း၍ အပြောင်းအလဲကြီးတခု သိသာထင်ရှားသည်။ တို့ထိမရ ငွေကြေးဖြစ်သည့် Bitcoin ခေါ် Cryptocurrency တည်း။   အသည်းလေးကျန်ခဲ့ ပြောင်းခိုသူများဖြစ်သော မြန်မာ-အမေရိကန်တို့သည် နေ့တဓူဝ လုပ်ရင်းကိုင်ရင်း နေထိုင်ရင်းနှင့်ပင် မိမိငယ်ဘဝကျန်ခဲ့ရာ အဖမြန်မာပြည်အတွက်လည်း အမြဲထည့်စဉ်းစားကြရသည်။ လူခန္ဓာသည်သာ ဤမြေမှာတည်လျှက် အသည်းလေးကား ဟိုမှာကျန်ခဲ့သည်မဟုတ်ပါလား။ မဟာမြန်မာရွေ့ပြောင်းမှုကြီးဖြစ်သော ၁၉၉ဝ နောက်ပိုင်း မွေးရာမြေမှစွန့်ခွာထွက်ကြရာ ယခုအနှစ်၃ဝကပ်ခဲ့ပြီ။ ရောက်ရာနိုင်ငံတို့တွင် ၁ဝနှစ်မက အခြေကျလာသူတို့ပင်ရှိကြကုန်ရာ အခြေကျယုံမက ဖင်ထိုင်ပင်ကျ၍ […]