daviharrisonAugust 29, 20101min00
ဆရာခင်ဗျား.. ကျွန်တော့် ရဲ ့ကွန်ပြူတာ Program ပြဿနာတွေနဲ ့ပတ်သက်လို ့ ဆရာ့ထံ သို ့တင်ပြ အကြံ ဉာဏ်တောင်းလိုပါတယ်။ ကျွန်တော့်မှာ Girlfriend 1.0 ဆိုတဲ့ ရှိခဲ့ပါတယ်၊ မနှစ်က အဲဒီ Girlfriend 1.0 ဆိုတဲ့ Program ကို Wife 1.0 အဖြစ် Upgrade လုပ်ခဲ့ပါတယ်။ ဒီမှာတင်မမျှော်လင့်ဘဲ Child processing ဖြစ်ခဲ့ပြီး Space တော်တော်များနဲ ့ အခြား Valuable Resources တွေကိုယူ သုံးသွားခဲ့ပါတယ်။ အဲဒီ လို ရှ ုတ်တွေးမှုတွေ ဖြစ်နိုင်တယ် ဆိုတာသူရဲ ့ Product Brochure မှာရော Read me Document […]


daviharrisonJuly 30, 20101min00
ကလေးဆေးရုံက သွေးကင်ဆာ ကလေးတစ်ယောက် A သွေး အရေးတကြီးလိုနေလို့ လှုမဲ့သူရှိရင် 294490 မသဇင်ဝေကို ဆက်သွယ်ပေးကြပါလို့ . . . . . ကျေးဇူးတင်ပါသည်။


daviharrisonMay 17, 20101min00
ပဲခူးတိုင်(အနောက်ပိုင်း)၊ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် ဧပြီလကုန်မှ စပြီး ရေရှားပါးပြတ်လတ်မှုနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် ပြည်မြို့၊ ရွှေတောင် နှင့် ပေါင်းတည် စသော အနီးအနား မြို့များမှ မြို့လံလူများက မိမိတို့ တတ်အားသရွှေ့ မိမိတို့ အစီအစဉ်ဖြင့် တစ်နိုင်တစ်ပိုင် သွားရောက်လှူဒါန်း မှုများ ပြုလုပ်နေကြောင်းသိရှိရပါသည်။ ထိုသို့သွားရောက်လှူဒါန်းသူများ ရှိ သော်လည်း သောက်သုံးရေမှာ ဆက်လက်လိုအပ်လျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ၁၆.၅.၂၀၁ဝ နေ့ တွင်လည်း ပြည်မြို့ အနောက်ဘက်ကမ်းရှိ ဥသျှစ်ပင်မြို့ အနီးတဝိုက်ရှိ ကျေးရွာများမှာလည်း ရေရှားပါးပြတ်လတ်နေသောကြောင့် အကူအညီတောင်းစားများ ပြည်မြို့ပေါ်သို့ ရောက်ရှိလာကြောင်း ကြားသိရပါသည်။ ထို့ကြောင့် ရေအလှူရှင်တစ်ချို့ ထိုကျေးရွာများဘက်သို့တိုင်အောင် သွားရောက်လှူဒါန်းကျကြောင်း သိရှိရပါသည်။