CuriousMay 26, 20111min03
Forward မေးလ် တခုကရတာပါ။ မှန်သလိုလိုပဲဗျို့ ကျားနေမြဲ ပိုနေမြဲ Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။ ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင် Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း Connection ကောင်းရာ လိုင်း/ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။ ဂါထာပေး တေးဖြစ် မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။ ငါးစိမ်းမြင် ငါးကင်ပစ် ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX စသည်ဖြင့် အဆင့်ဆင့် […]


CuriousMay 25, 20111min02
တနေရာမှာတွေ့တာနဲ့ ကူးပြီးသိမ်းထားတာလေးပါ ကျနော်တို့ဒီလိုပဲ ဟို FW လုပ် ဒီ FW လုပ်နဲ့ တခါတလေကျတော့ မေ့နေတာလေးတွေကို ပြန်သတိရစေပါတယ် ဒီလိုနှလုံးသားအာဟာရ တွေ(ဖေမြင့် စကား) ကိုတော့ ခနခနတွေ့မြင်ပြီး ဖတ်မိပြီး ရင်ထဲရောက်စေချင်ပါတယ်။ ရုံးပိတ်ရက် တစ်ညနေမှာ ဇနီးနဲ့ ကလေးကိုခေါ်ပြီး မြစ်ဆိပ်နား ကျွန်တော်တို့ရောက်လာခဲ့တယ်။ နေမဝင်ခင် ဆိပ်ကမ်းတစ် လျှောက် အပျော်သဘောင်္စီးဖို့ ကျွန်တော်လက်မှတ် ဝယ်လိုက်တယ်။ စီးတဲ့လူတွေများလို့ လက်မှတ်ဝယ်ပြီး ကမ်းစပ်မှာ ကျွန်တော်တို့ သဘောင်္အလာကို ထိုင်စောင့်နေခဲ့ကြတယ်။ ညနေဆည်းဆာမှာ လမ်းမီးတွေ ဟိုတစ်ခု ဒီတစ်ခု လင်းလာကြတယ်။ သဘောင်္စောင့်နေတုန်း ကလေးငယ်တစ်ချို့က မီးအလင်းရောင်နဲ့ ဆွဲဆောင်ခံရတဲ့ ပိုးဖလံတွေလို ဓာတ်မီးတိုင်အောက် ဆော့ကစားဖို့ စုဝေးရောက်ကုန်ကြတယ်။ တစ်ချို့က မီးရောင်အောက်မှာ ဆော့ကစားနေကြတယ်။ တစ်ချို့က ခါးကုန်းပြီး […]