ပြတင်းပေါက်မှ တိုက်ခတ်လာသော လေများသည် အပြင်ပတ်ဝန်းကျင်မှတဆင့် ကျွန်တော်စာရေးသော စားပွဲခုံနှင့် ကျွန်တော့် ခန္ဓာကိုယ်အား ဖြတ်သန်းဝင်ရောက်တိုက်ခတ်သွား ၏။ ဆောင်းတွင်း အေးစိမ့်စိမ့်လေအေးဒဏ်က ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထသွားအောင် အေးသွားသည်။ရေးလက်စ စာကိုရပ်တန့်ရင်း အနွေးထည်လက်ရှည်တစ်ထည်အား ကျွန်တော် ကာက်ဝတ်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ဆောင်းတွင်းမြူမှုန်များဖွေးဖွေးနှင့် မှောင်မိုက်မိုက် ညတစ်ည၊ ကောင်ကင်းထက်တွင် ကြယ်လေးများ မှိတ်တုတ်မှိတ်တုတ်။ ညဦးပိုင်းကတည်းက စာရေးစားပွဲ ခုံပေါ်သို့ ထိုင်လိုက်သည်မှာ ယခုပင်သန်းခေါင်ယံ(၂းဝ၀)နာရီပင်ရှိတော့မည်။ အိမ်တံခါးကိုဖွင့်၍ ခြံဝန်းထဲသို့ ကျွန်တော်ဆင်းလိုက်၏။ လွတ်လပ်သောဆောင်းတွင်း ၏ မြူမှုန်မြူနှင်းများကြားရှိ ချမ်းစိမ့်စိမ့်အရသာကို ခံစားရင်း ကောင်းကင်ပေါ်သို့မော်ကြည့်လိုက်လျှင် လင်းလက်နေသောကြယ်လေးများ မှိတ်တုတ်မှိတ်တုတ် လေးများကို ကျွန်တော်တွေ့ရမြဲဖြစ်၏။ ကျွန်တော့်ဘဝတွင် ကြယ်လေးများသည် ကျွန်တော်စိတ်အဝင်စား ဆုံး ဖြစ်သည်။ ***************************************************** ကြယ်ဆိုသည့်အရာမှာ ကျွန်တော်သိသလောက် ရဲရဲတောက် […]
