အမေရိက အင်ဒီယာနာပြည်နယ် ဖော့ဝိန်းမြို့စာပေဟောပြောပွဲ

kaiJanuary 13, 20101min00

သက္ကရာဇ် ၂၀၁ဝခုနှစ် ဇန်နဝါရီလ ၂ရက်နေ့က အမေရိကန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများမှ အမေရိကန်နိုင်ငံ အင်ဒီယာနာပြည်နယ် ဖော့ဝိန်းမြို့ရှိ စိန့်ဟင်နရီဘုရားကျောင်း ခန်းမတခုတွင် စာပေဟောပြောပွဲတခုကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ စာပေဟောပြောပွဲတွင် စာရေးဆရာမ ခက်မာက ”ဘဝထဲက စာ” ခေါင်းစဉ်ဖြင့်၄၅ မိနစ်ခန့် ပထမဆုံး ဟောပြောခဲ့ပါသည်။ ထို့နောက် စာရေးဆရာမ မေငြိမ်းက ”ရိုးဂုဏ်” ခေါင်းစဉ်ဖြင့် ၁နာရီနီးပါး ဟောပြောခဲ့ပြီး၊ ကဗျာဆရာ အောင်ဝေးက ”ရေစုန်ကိုဆန်ကာပျံခဲ့ပြီ” ခေါင်းစဉ်ဖြင့် ၁နာရီကျော်ကြာခန့် ဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသည် ဖော့ဝိန်းမြို့ရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများမှ ပူးပေါင်း၍ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သော စာပေဟောပြောပွဲဖြစ်ပြီး အခမ်းအနားသို့ စာပေ မြတ်နိုးသူ ပရိဿတ် ၁၅ဝကျော်ခန့် တက်ရောက်ခဲ့ကြပြီး စာရေးဆရာဆရာမများ၏ စိတ်ဝင်စားဖွယ်ရာ ပြောကြားချက်များကို အားပေးခဲ့ကြသည်။

အခမ်းအနားမစမီတွင် Burma VJ ရုပ်ရှင်ဇာတ်ကားကို နေ့လည် ၁၂ နာရီမှ စတင်ပြသခဲ့ပြီးနောက် နေ့လည် ၁နာရီတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲအဆက်ဆက်တွင် ကျဆုံးခဲ့ကြသော ရဟန်းရှင၊် လူ၊ ကျောင်းသား ပြည်သူအပေါင်းတို့အား ဂုဏ်ပြုအလေးပြုခြင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ စာပေဟောပြောပွဲအဖွင့်အမှာစကားကို ၁၉၇၄ ကျောင်းသားဟောင်းတဦးဖြစ်သူ ကိုရာဇာမှ ပြောကြားခဲ့ပြီးနေ့လည် ၁နာရီခွဲခန့်မှစ၍ စာရေးဆရာ ဆရာမ အသီးသီးတို့က တဦးချင်း ဟောပြောခဲ့ကြပြီးညနေ ၅နာရီ အချိန်တွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။

Leave a Reply

Your email address will not be published.