အပျိုကြီး အပျိုလေးများအတွက် ဘဝလက်တွဲဖော်

koyin sithuDecember 26, 20111min012

မြန်မာ့ရိုးရာလက်ဆန်း နည်းလေးပါ။ မိန်းခလေးတွေအတွက် သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်း ခံရတာ မေတ္တာရှိကြောင်း ပြောလာတာ၊ လက်ထပ်ခွင့် ပန်လာတာ တွေရှိပါလိမ့်မယ်… ရင်ခုန်ရတာ တဖက် ၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ် ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။ တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်

အဆင့်(၁)
ကို့ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည်အပြည့်အစုံကို ဗေဒင်သချင်္ာဂဏန်းတွေအဖြစ် ပြောင်းပါ။ အက္ခရာနဲ့သချင်္ာ ဂဏန်းတွဲပြထားပါတယ်၊ ဗျည်းကိုသာယူပါတယ်..။

အမည်ဗျည်းအက္ခရာ ဗေဒင်သချင်္ာဂဏန်း
အ ၊ ဥ ၊ဩ – ၁
က ခ ဂ ဃ င -၂
စ ဆ ဇ ဈ ည – ၃
ယ ရ လ ဝ – ၄
ပ ဖ ဗ ဘ မ – ၅
သ ဟ – ၆
ထ တ ဒ ဓ န – ၇

ဥပမာ ကို အောင် ကျော် ဌေး ဆိုပါတော့ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်။

အောင်ကျော်ဌေး= အ +က+ ဌ
၁ + ၂+ ၇=၁၀
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သချင်္ာဂဏန်း နဲ့ပေါင်းထား ပါ။

မွေးနေ့ မွေးနံသချင်္ာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၄
ကြာသပတေး ၅
သောကြာ ၆
စနေ ၇

ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်..
မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။
ချစ်ရေးဆိုခံရသူ အသက်=၂၅
ချစ်ရေးဆိုခံရသူ၏ မွေးနေ့ သချင်္ာနံ =ကြာသပတေး= ၅
အသက် + မွေးနံသချင်္ာ= ၂၅+၅=၃၀
ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသချင်္ာပေါင်းရထားတဲ့ အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ်ဂဏန်းနဲ့ စားပါ

အကြွင်းကိုကြည့်…။
အဆင့် ၁ ရလဒ်= ၁၀
အဆင့် ၂ ရလဒ်= ၃၀
၂ ခုပေါင်း =၁၀+၃၀=၄၀
၄ဝ ကို ရ နဲ့စားပါ အကြွင်းက ၅ ပါ..။

အကြွင်း ၁ က ဝ ထိ ရေးပေးထားပါတယ်။ ကို့ကို ချစ်စကားဆိုသူ က ၂ ယောက် ၃ ယောက်ဆိုရင် သူတို့နာမည်တွေနဲ့တွက်ကြည့်ပေါ့….။နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။

အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။ တကယ်ချစ်နေတာပါ။ ဒါပေမယ့် လက်ထပ်တဲ့ အထိတော့ ကိုယ့်အပေါ်မှာ မစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ ပြောလာရင်လဲ အပေါ်ယံပြောတာ။ တကယ် လက်ထပ်နိုင်တဲ့ အခြေအနေ လတ်တလောသူ့မှာ မရှိသေးဘူး။ သူ့မှာ ဖြေရှင်းစရာ။ ရင်ဆိုင်စရာ မိဘအသိုင်းအဝိုင်း ကြားထဲက ချစ်နေရတာ။ ချစ်သူဘဝနဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့တော့ ကောင်းပါတယ်။ ဒါပေမယ့်အိမ်ထောင်ဖက်တော့ ဖြစ်လာမှာမဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကိုသတိရပါ..။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကို စံတင်လောက်တယ်။ သူတကယ်ကို့ ကိုချစ်နေတာ။ သနားဖို့ကောင်းပါတယ်။ သူ့ဘဝသူ့အချစ် သူ့မေတ္တာအားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။ သဘောကျလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေ အနေများရှိရင် လက်ခံသင့်တဲ့သူပါ။ တခုတော့ရှိတယ်နော်။ သူကတကယ် လက်ထပ်မှာလို့ပဲပြောတာ။ ကိုက မစဉ်းစားသေးဘူး ဆိုလည်းသူက နောက်ဆုတ်သွားမှာပါ..။ အနှောက်အယှက်မပေးပါဘူး..။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲ လို့မေးလိုက်တော့..။ မျက်နှာများတဲ့သူပဲ။ ကို့ကိုသဘောကျ တွဲချင်တာပဲရှိပါတယ်။ လေးလေးနက်နက် ချစ်တဲ့ အနေအထားတော့ မဟုတ်ဘူးနော်။ လက်ထပ်ပေါင်းသင်းဖို့ နေနေသာသာ ရေရှည်ချစ်ပါ့မလား တောင်မသိ။ ကိုယ်ကလက်ခံမိရင် ကို့အပြင် သူနောက်ထပ် တယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက်။ ပြန်လာလိုက်နဲ့ ချစ်တမ်းကစားနေတာတို့ လုပ်အုံးမှာ။ အသည်းကွဲ ကာကွယ်ဆေး ထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမာ္ဘမှာ အဲဆေး မပေါ်သေးဘူးနော်..။ မိတ်ဆွေလောက်နဲ့ပဲ ထားဖို့ကောင်းပါတယ်။

အကြွင်း၄။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ ကို့ကို မြတ်နိုးနေတာမှသဲသဲ လုပ်ပဲ။ ကို့အတွက်ဆို ဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။ သူက စကားနည်းတယ်။ ဒီမေတ္တာစကား ပြောဖို့တောင် တော်တော်အရှိန်ယူရပုံပဲ။ ကို့အပေါ် သူတတ်အား သလောက် တင့်တင့်တယ်တယ်ထားမှာ အမှန်ပဲ။ သဘောကျရင် စဉ်းစားဖို့ တကယ်ကောင်းတဲ့သူပေါ့။ သူ့ဝန်းကျင် အသိုင်းအဝန်း။ သူ့အနေအထားတွေကို မိန်းကလေးပီပီ ထည့်တွက်ပေးမယ်။ အချစ်ဘက်ကတော့ အမှတ်ပြည့် တကယ်ပေးထားတယ်။ ကို့သဘော ကို့အလို တကယ်လိုက်ပြီး ကို့မျက်နှာ အညိုးမခံရအောင် သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ. လက်ခံလို့ရတယ်။ သူဘက်က လက်ထပ်ဖို့ သေချာပါတယ်။ အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ပေါ့..။

အကြွှုင်း၅။ ။ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။ တခါတလေ ကို့ကိုချစ်လိုက်။ တစ်ခါတလေ ကို့ကို မေ့ထားလိုက်လုပ်မှာပါ..။ ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။ တခါလောက်ပြောပြီး ကိုက မူပြီး အချိန်ဆွဲထားရင် ကြားထဲမှာထပ်အဖြေ တောင်းတော့မှာ မဟုတ်ဘူး။ သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။ သူ့ရင်ထဲမှာ အသည်းနှလုံးရော ရှိရဲ့လား..။ ဆိုတာကို လေ့လာသူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကို အဆင်ပြေပါ့မလား..။ တွေးကြည့်ပေါ့။ ငြင်းစရာ မှိလောက်အောင် ပြည့်စုံလို့ လက်ခံမယ် ကိုကချစ်သာနေပြီး မဆွတ်ခင်ကညွတ် ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေးယူပါအုံး..။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ်ကောင်းတဲ့သူ ဆိုတာသတ်မှတ်လိုက်ပါ။ သူ့မေတ္တာက အမှန် တည်ငြိမ်ပါတယ်။ ကိုယ့်မှတပါး နောက်တယောက်ထားမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အတိတ်မှာ ဘယ်လောက်ရှုပ်ရှုပ် ကိုနဲ့ကျမှ တည်တည်ငြိမ်ငြိမ်ဖြစ်မှာ။ အသက်အနေအထား ဖြတ်သန်းရတဲ့ ဝန်းကျင်တွေ ကြားထဲမှာ ပေါက်ဖွားလာတဲ့ အချစ်စစ်။ တကယ်လက်ထပ် သင့်တဲ့သူပေါ့။ သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလိုတကယ်လိုက်မှာ။ ရေရှည်တည်မြဲပါတယ်။ ကို့မိဘ ကို့အသိုင်းအဝိုင်း သူ့မိဘ သူ့အသိုင်းအဝိုင်းသာ စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသား အောက်မေ့ပေတော့.။။။

အကြွင်း ဝ ။ ။ ရရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်းပါပဲလို့။သူ့အချစ်နဲ့ကိုယ့်နဲ့ မထိုက်တန်ပါဘူး။ ဟိုမရှင်း ဒီမရှင်း အရှုပ် ထုတ်ထဲကို့ပါဆွဲသွင်းနေတာ။ သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ ရှေးစကားနဲ့ပြောတာ မှတ်မိသေးတယ် ဒူးနဲ့မျက်ရေသုတ်နေရမယ်။ သူ ချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်း တစ်မျိုးနှင့် မလည်မဝယ် မိန်းကလေးများဆိုရင်တော့. .တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့များ သွားမတွဲနဲ့ ယူလို့လဲ မကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက် ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။ အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။

ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီး ပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ ချစ်သူရှိပြီးသား လူတွေနဲ့ ပတ်သတ်ပြီး တွက်ကြည့် ချင်ရင်တစ်ဖက်လူကို့ ချစ်စကားပြောခဲ့တဲ့ အသက်နဲ့ချိန်ပြီးတွက်။ ရည်းစားမရှိသေးသူတွေကလည်း ဘယ် အသက်မှာ ဘယ်နာမည်မျိုးနဲက လူကအချစ်စစ် ကမ်းလှမ်း လာမယ်ဆိုတာ ဉာဏ်ကစားပြီး တွက်ကြည့်ပါ။

12 comments

  • etone

    December 26, 2011 at 3:22 pm

    တယ်ဟုတ်ပါလား .. ဟီး … ။ မိုက်တယ်ကွ … ။
    ကရင်စီပြောသလို တွက်ဖို့ … လာလာအီတဲ့ ကောင်လေးတွေကို နာမည်အရင်မေးထားရမယ် … ။
    ဟုတ်ရင် ဟုတ် … မဟုတ်ရင် ကရင်စီဆီ လိုက်ရှင်းရမယ်နော် ဟဲဟဲ 🙄

    ဒါနဲ့ .. တယောက်မက … အားလုံး အ ဆင်ပြေတယ်ဆိုလျှင်တော့ … ခက်ဘီ .. :mrgreen:

    Reply

  • Shwe Tike Soe

    December 26, 2011 at 3:43 pm

    ဟဟ တယ်မိုက်သကွ.. နေအုံး ရည်စားတွေ ကို အမည်၊အသက်၊မွေးနေ. မေးထားလိုက်မယ်.. ဒါဆို ရုံးပိတ်ရက်တော့ အားတော့မယ်မထင်တော့ဘူး ဟေဟေ.. တကယ်လို. ငါးယောက်လောက် တွက်ကြည့်လို. အကုန်လုံး အကြွင်း၆ ဆိုရင်ကော အကုန်ယူရမလား ကိုရင်…… မနိုင်ရင်တော့ ကူပေးအုံးနော…. ဟိဟိဟိ 😛

    Reply

  • Shwe Tike Soe

    December 26, 2011 at 3:45 pm

    🙁 တိန်မွှားတွားပြီး ခေါင်းစဉ်ကို သေချာမဖတ်ပဲ ရမ်းမန်.လိုက်တာ အပျိုကြီး အပျိုလေးဆိုတော့ သားတို.မပါဘူးပေါ့နော်..
    မှားတဲ့အခါလဲ မှားပေမပေါ့ နော် ဆောတီး ကိုရင်

    Reply

  • lone

    December 26, 2011 at 4:10 pm

    မှန်တယ်မှန်တယ်…အကြွင်းလေးရတယ်…ဟိဟိ… 🙂

    Reply

    • Shwe Tike Soe

      December 26, 2011 at 4:55 pm

      ဒါဆို ယူလိုက်တော့လေ မင်္ဂဆောင်စရိတ်ကတော့ ကိုရင် ဆီတောင်း ဟိဟိ

      Reply

      • ကိုရင်စည်သူ

        December 27, 2011 at 1:50 am

        အမငီး.. မလုပ်နဲ့ ကိုရွှေတိုက်ရေ… ကျနော်လည်း
        မင်္ဂလာစရိတ်ရအောင် ဂေဇက်ထဲမှာ စာတွေရေးနေတာ
        ခုမှ တစ်သောင်းရတယ်…

        ကိုမှော်ရေ… ခင်ညားပြောတာဟုတ်တယ်… ကိုယ့်အတတ်နဲ့ ကိုယ်
        ကျနော်ဆူးနေပီဗျာ…

        Reply

  • manawphyulay

    December 26, 2011 at 4:27 pm

    ဟိတ် မင်း နာမည်အပြည့်အစုံ အရင်ပြောဦး…. နောက်မှ ဆက်စကားပြောမယ်။ အဟိ

    Reply

  • koyinmaung

    December 26, 2011 at 5:45 pm

    ဖြိုးတို့လဲဒီအတိုင်းတွက်ရမှာလားဟင်..ဟင်..
    ကရင်စည်သွတ် ဟွတ်..ဟွတ်

    Reply

  • ငပေါက်ဖော်

    December 26, 2011 at 6:27 pm

    ကိုဘလူးဆို ဘယ်လိုလုပ်မလေး
    စက်ရုံက ကောင်မလေးတွေက တစ်နေ ့သုံးစောင်လောက် ရည်းစားစာ လာလာပေးသတဲ့..
    သူ ့ခမျာ တွက်ရချက်ရနဲ ့တင်..အလုပ်လုပ်ရမှာ မဟုတ်တော့ဘူးဂျ
    သုံးယောက်ပေါင်းပြီး တစ်ခါတည်း တွက်လို ့ရတဲ့နည်းပါ လုပ်ပါဦးဂျ

    Reply

  • မှော်ဆရာ

    December 26, 2011 at 6:56 pm

    ကစည်ရေ ပညာကုန်ကို ထုတ်ပြနေပါ့လား
    ကိုယ့်အတတ်နဲ့ ကိုယ်စူးနေဦးမယ်

    Reply

  • windtalker

    December 26, 2011 at 7:09 pm

    အပျိုဂျီး တွေ သာ
    ကရင့်နည်းအတိုင်း တွက်ကြည့်ပြီး
    “၀” ကြွင်းတာနဲ ့တွေ ့လို ့
    ထိုင်ငိုနေဦးမယ်
    တစ်သက်လုံးမှာမှ
    ရှိစုမဲ့စု ဒီတစ်ယောက်လေးရှိပါတယ်
    လက်ဆော့မိတော့
    မှားပေါ့ ဆိုပြီး
    အဟိ အဟိ ဟီး
    ( မှတ်ချက် ။ ။ အပျိုသိုးဂျီးများ အစား ကွန်မင့်သည် )

    Reply

    • ငပေါက်ဖော်

      December 26, 2011 at 7:20 pm

      အသာလုပ်ပါကွဲ ့
      မသိုးသေးပါဘူး..

      Reply

Leave a Reply

Your email address will not be published.