ဘာတွေကိုဆုပ်ကိုင်ထားအုံးမလဲ…(Not for youth)

Big BangDecember 26, 20111min05

မုဆိုးတစ်ယောက်က မျောက်တွေကိုဖမ်းတဲ့ အကြောင်းလေးပါ….

မုဆိုးကမျောက်တွေကိုဖမ်းချင်လို့ ဘယ်လိုလုပ်သလဲဆိုတော့…
အုန်းသီးခြောက်ကို အပေါက်နှစ်ပေါက်ဖေါက်ပြီးတော့ ( အပေါက်က မျောက်လက်ဝင်ဆံ့ရုံ ) အထဲမှာ မျောက်ကြိုက်တဲ့အစာကိုထည့်ထားလိုက်တယ်….
တောထဲက မျောက်တွေ ကျက်စားတတ်တဲ့နေရာမှာ သွားပြီးတော့ချထားလိုက်တယ်….
ပြီးတော့သူက အကွယ်တစ်နေရာကနေ ချောင်းနေတယ်…
ခဏနေမျောက်တွေရောက်လာပြီး အုန်းသီးခြောက်ကိုကြည့်တယ်…
အထဲမှာသူတို့ကြိုက်တဲ့အစာကိုတွေ့တော့ လက်နှစ်ဖက်နဲ့နှိုက်ပြီးယူတော့တာ…
အဲဒီမှာ ပြသနာတက်တာပဲ…..
လက်ကအထဲမှာ အစာကိုဆုပ်ကိုင်ထားတာဆိုတော့ ပြန်ထုတ်တဲ့အခါ…အပေါက်နဲ့ မဆန့်တော့ပဲ..ထုတ်မရဘူးဖြစ်တာပေါ့….
လက်ထဲကအစာကိုလဲ ဖြေချပြီးပြန်မထုတ်တော့ အတော်ကြာတဲ့အခါ အဲဒီလို အစာကို သဲကြီးမဲကြီးထုတ်နေပြီး ပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်အားတဲ့မျောက်ကို…
အကွယ်ကစောင့်နေတဲ့ မုဆိုးက အသာလေးထွက်လာပြီး ဖမ်းလိုက်တော့တာပါ……

ကျနော်ဖတ်ဖူးတာလေးပါ….
ကျနော်တို့ဘဝရဲ့နောက်ဆုံးအချိန်မှာ….တစ်ခုခုကိုများဆုပ်ကိုင်ထားမိရင်………
ဖြေချသင့်စရာတွေကို မဖြေချမိရင်………
စသည်ဖြင့် တွေးစရာလေးများ ရမိပါသည်……
အဓိကအားဖြင့်တော့ ကျနော်လူကြီးတွေကိုသိစေချင်ပါသည် (ဘယ်လိုလူကြီးတွေလဲဆိုတော့……….)

ကမ္ဘာကြီးထဲကနေ…စာရေးဆရာတွေအားလုံးကို…ဖယ်ထုတ်လိုက်ရင်….ဘာဖြစ်မလဲ…..

ဘာမှမဖြစ်ပါဘူး…

ဘာလို့လဲဆိုတော့…စာရေးဆရာတွေဆိုတာ…maker တွေ shaker တွေ မဟုတ်ပါဘူး….

အဖြစ်သနစ်တွေကို သရုပ်ဖေါ်ရှင်းပြတဲ့…depicting the reality ဩဇာလောက်သာရှိပါတယ်………
(မောင်စူးစမ်း…မွေးနေ့ခရီးမှကောက်နှုတ်ချက်)

5 comments

  • ငပေါက်ဖော်

    December 26, 2011 at 7:12 pm

    စာရေးဆရာတွေမရှိတော့ရင်
    သားတို ့က ဘာတွေဖတ်ရမလဲ..ဘာတွေသိရမလဲ..ဘာတွေဖြန် ့ရမလဲ ဟင်

    Reply

  • windtalker

    December 26, 2011 at 8:19 pm

    စာရေးခြင်း အနုပညာ ဆိုတာ မရှိခဲ့ရင်
    ကျောက်ခေတ် က နေ တိုးတက်လာမှာကို မဟုတ်ဘူး
    လူသားတွေ နေတဲ ့ကမ္ဘာ ဟာ မဲမှောင်ကျသွားလိမ့်မယ်

    Reply

  • Big Bang

    December 28, 2011 at 12:19 am

    အစကတော့ သူငယ်ချင်းတစ်ယောက်အဖေဆုံးလို့ အသုဘပို့ပြီးပြန်အလာ
    အင်တာနက်ထိုင်ဖြစ်တော့ ဖတ်ဘူးတဲ့ အဲဒီအကြောင်းလေးခေါင်းထဲရောက်လာလို့
    ဇာတ်ကြောင်းလေးကလဲ ကောင်းမယ်ထင်တာနဲ့ ရေးလိုက်ပါတယ်…
    အဲဒီမှာ သူငယ်ချင်းလက်ထဲကဖတ်နေတဲ့စာအုပ်ထဲက အကြောင်းအရာလေးတွေ့တာနဲ့…
    အောက်မှာထပ်ရေးဖြစ်လိုက်တယ်…..သိပ်အများကြိးမစဉ်းစားလိုက်မိပါဘူး………
    နည်းနည်းတွေးမိလိုက်တာလေးတော့ရှိပါတယ်….
    အဲဒါကတော့..ကျနော်တို့ပတ်ဝန်းကျင်မှာဗျာ…ပြောတဲ့သူတွေကလည်းပြောတယ်……..
    ရေးတဲ့သူတွေကလည်း ရေးနေကြတယ်…….
    လုပ်တဲ့သူတွေကလည်း…….လုပ်နေကြတာပါပဲ..အဲဒါကြောင့်…ဂေဇက်ထဲမှာလည်း…….
    တချို့အကြောင်းအရာတွေဆို……..ကျနော်တို့တိုင်းပြည်အတွက်ကောင်းတဲ့ဘက်ရောက်အောင်…
    အတွေ့အကြုံရင့်……စာရေးသူတွေပြောပြကြတာ..တကယ်ပဲကောင်းပါတယ်……တချို့အကြောင်း
    အရာတွေဆို သိပ်တောင်နားမလည်ချင်ပါ…..ဥပမာ….ကျနော်တစ်လောကဖတ်မိတာ…
    သုံးမျိုး အချိန်တန်ပါပြီဆိုတာ…..ကွန့်မန့်တွေလည်းတအားပါပဲ………..
    ကျနော်ကစာရေးဆရာမဟုတ်ပါ……
    သို့သော်…ယခုအခြေအနေတွင်…မတော်တဆ…….ရုတ်တရက်ပဲ……..
    စာရေးသူဖြစ်နေပါပြီ……..
    ကျနော်က…..ဥပမာ….မြို့လယ်ကောက်က လမ်းတစ်နေရာပြင်နေတာမှာ…
    သတိပေးစည်း မရှိတဲ့အတွက်…….
    ဆက်ရေးပါမည်

    Reply

  • char too lan

    December 28, 2011 at 10:34 am

    ကျနော်တို့ဘဝရဲ့နောက်ဆုံးအချိန်မှာ….တစ်ခုခုကိုများဆုပ်ကိုင်ထားမိပီး
    ဖြေချသင့်စရာတွေကို မဖြေချမိရင်………

    မှတ်သားသွားပါတယ်ဗျာ … ကောင်းပါတယ်

    Reply

  • Big Bang

    December 28, 2011 at 1:06 pm

    လမ်းပျက်တစ်နေရာသည် ခရီးသွားများအတွက်အန္တရာယ်ရှိသည်ဟု
    ရေးသူကရေး၊ ပြောသူကပြောသော်လည်း…
    လုပ်သူမရှိလျှင်….
    ထို့ကြောင့် ဂေဇက်ရွာသူရွာသားများသာမကပဲ…
    မြန်မာနိုင်ငံတော်ကြီးအတွက် ကောင်းတဲ့ဘက်ရောင်အောင်စွမ်းဆောင်နေကြသူများအားလုံး
    လိုရာပြီးမြောက် ခရီးရောက်ပါစေလို့……….

    Reply

Leave a Reply

Your email address will not be published.