အဖိုးဖြတ်မရသော ခရစ်စမက်လက်ဆောင်….

နီကီတာDecember 26, 20111min029

ကျွန်မဘဝမှာ ခရစ်စမက်လက်ဆောင် တွေ ရဖူးပါတယ်
ဒါပေမယ့် ဒီနှစ်ရတဲ့ လက်ဆောင်လောက် နှစ်ခြိုက်ကြည်နူးတာ မရှိခဲ့ပါဘူး
အဲလို ပြောလိုက်လို့ တန်ဖိုးကြီး အရာတစ်ခုလို့လည်း မထင်လိုက်ပါနဲ့
(ငွေတန်ဖိုးကို ပြောတာပါ)
သို့ပေမယ့်လည်း အခြားသော တန်ဖိုးတစ်ခုအနေနဲ့ကတော့ အရမ်းကို ကြီးမားခဲ့ပါတယ်…

ကျွန်မရဲ့ တစ်နေ့တာ အချိန်တွေကို ကျောင်းတွေ၊ စာသင်ခန်းတွေနဲ့ အတော်ကြာကုန်ဆုံးစေခဲ့ပြီး
နောက်ပိုင်းမှာ အလုပ်ခွင် ဝင်ရောက်ခဲ့သော်လည်း
တစ်ပတ်လုံးမှာ အလုပ်ချိန်နှင့် သင်တန်းချိန်တွေနဲ့သာ ဆက်လက်ကုန်ဆုံးစေခဲ့ပြန်ပါတယ်
နေ့တစ်ဓူဝ သင်တန်းသွား၊ ပြီးလျှင် အလုပ်တတ်
အလုပ်က ပြန်ရောက်လျှင် နေရောင်ပင် မရှိတော့ပေ…။
နေရောင်ကို မြင်ရဖို့မှာ ရှားပါးလာခဲ့သည်..။
ပြန်ရောက်သည်နှင့် နောက်တစ်နေ့ သင်ခန်းစာတွေ အတွက်ကြိုဖတ်..
စာမေးပွဲတွေဆိုသည်မှာလည်း ဆက်တိုက်
စနေ၊တနင်္ဂနွေပင်လျှင် အချိန်စာရင်းများနှင့် ပြည့်ကျပ်နေတတ်ပါသည်
ကျွန်မရဲ့ ဦးနှောက်ထဲတွင် အလုပ်နှင့် ၊ သင်တန်းများမှ လွဲလျှင် ဘာမှ ထည့်လို့မရအောင် ပြည့်သိပ်နေတတ်သည်
မိသားစု အတွက်လည်း အချိန်မပေးနိုင်…
နောက် ကျွန်မရဲ့ ချစ်သူအတွက်လည်း အချိန်မပေးနိုင်…
အိပ်ချိန်ရောက်သော်လည်း အလုပ်နှင့်စာကြောင့် ဖိအားတွေများပြီး
တော်တော်နှင့် အိ်ပ်မပျော်နိုင်ပေ…။
အိပ်ရာထချိန်တွင်လည်း အိပ်ချိန်ညဉ့်နက်သောကြောင့် ခေါင်းမကြည်
အလုပ်တွင် ဖိအားများလာသောကြောင့် အပေါင်းအသင်းတွေနှင့် စကားပြောရသည်မှာလည်း စိတ်မရှည်တတ်တော့ပေ…။
တစ်ခါတစ်လေ အပြန်နောက်ကျသော ၊ အလုပ်များသော ရက်များတွင် မိသားစုနှင့် ချစ်သူကိုပင်
စိတ်မရှည်စွာ ပြသနာရှာတတ်သည်။
ကျွန်မရဲ့ ဖိအားတွေအတွက် ထွက်ပေါက်ကို သူတို့အပေါ်မာန်မဲခြင်းဖြစ်သာ ပြုလုပ်ခဲ့လေသည်..။

ဒီတစ်ခုသော ခရစ်စမက်မှာတော့ သူအတွက် အချိန်ပေးနိုင်ဖို့အတော်လေး အချိန်ယူခဲ့ရပါတယ်…

ဒီလိုနဲ့ ခရစ်စမက်နေ့ရောက်တော့
သူဟာ ကျွန်မကို လက်ဆောင်တစ်ခုပေးခဲ့တယ်
ကျွန်မရဲ့ မွန်းကျပ်တဲ့ နေထိုင်မှုဘဝကို အသက်ရှူချောင်စေဖို့
နောက်ပြီးတော့
အလုပ်ရဲ့ ဖိအားတွေ ပိနေတဲ့အခါ ပျော်ရွှင်စေဖို့တဲ့
ညစဉ်ညတိုင်း အိပ်ခါနီးဆို အလုပ်တွေကြောင့် လေးလံနေတဲ့ ကျွန်မရဲ့ ဦးနှောက်တွေလည်း
ပေါ့ပါးစေဖို့တဲ့……။

သူပေးတဲ့လက်ဆောင်ကတော့ လှပတဲ့ အလှမွေး ငါးမောင်နှံလေးပါ….။
အခုတော့ ကျွန်မအလုပ်သွား၊ အလုပ်ပြန်ချိန်များတွင် သူတို့ကို အစာကျွေးရင်း..
ရေလဲပေးရင်း.. စိတ်ကြည်နူးနေတတ်သည်..
အိမ်သားများအပေါ်တွင်လည်း ချိုချိုသာသာ ဆက်ဆံတတ်လာသည်…။
အလုပ်ပြန်ဖိအားများလာသော်လည်း ထိုငါးလေးနှစ်ကောင်းကို
ထိုင်ကြည့်နေရင်းဖြင့် ဖိအားတွေလျော့ခဲ့သည်…။
ညတွေကိုလည်း နှစ်ခြိုက်စွာအိပ်တတ်လာသည်….။
မနက်ခင်းတိုင်းတွင်လည်း… ကြည်လင်စွာနိုးထလာတတ်သည်..။
အပေါင်းအဖော်များနှင့်လည်း.. ပြေလည်စွာဆက်ဆံတတ်လာသည်..။

သူပေးခဲ့သော လက်ဆောင်သည်….
နေရောင်ပင် မမြင်ရသော ကျွန်မဘဝအတွက် အလင်းတန်းတစ်ခုကို ပေးခဲ့ခြင်းဖြစ်သည်..။
တန်ဖိုးဆိုသောအရာကို လူသားတွေ ဘယ်လိုဆုံးဖြတ်သည် မသိနိုင်သော်လည်း
ကျွန်မအတွက်တော့ ငွေကြေးထက်စာလျှင် အများကြီး တန်ဖိုးရှိခဲ့လေသည်……။
နှစ်လိုဖွယ် ဘဝသစ်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့လေသည်…….။

ရွာသူားတွေလည်း ဘယ်လိုခရစ်စမက်လက်ဆောင်လေးတွေ ရခဲ့တယ်ဆိုတာ
ပြန် share ပါဦးနော်…။

29 comments

  • ငပေါက်ဖော်

    December 26, 2011 at 11:40 am

    အဖိုး ကစည်သွပ် ဖြတ်မရတဲ့ လက်ဆောင်ဆိုလို ့..ဝင်ကြည့်မိတာပါ
    အင်းလေ..အပြန်အလှန် အုန်းပင်စိုက် ယတြာတွေ စီမံထားမှတော့…
    အဲ..ဟုတ်ပါဘူး..ဘွာတေး..ဘွာတေး..

    ရွာပျော်ငဖော်ရီးကတော့..
    ကီသည်၊သေးသည်၊
    တန်ဘိုးကြီးသည်၊တန်ဘိုးနည်းသည်၊
    လှသည်၊မလှသည်၊
    ရွသည်၊မရွသည်၊
    မိုက်သည်၊မမိုက်သည် အဓိကမဟုတ်ပါဘူး..လို ့ထင်ပါ၏..
    ပေးတဲ့ လက်ဆောင်ထဲမှာ မေတ္တာ ပါလျင် ဘာမဆို လှ၍ အဖိုးမဖြတ်နိုင်ဟု ပြောပါရစေခင်ဗျ

    ကိုပေရေ..
    ကျုပ်ကို သန်းကျော်တန်တဲ့ ကျောက်စိမ်းတစ်တုံးလောက် ခဒစ်စမတ်လက်ဆောင် ပို ့ပေးပါဗျာ..
    မေတ္တာက အဓိကပဲ..မေတ္တာရှိရင် ပို ့ပေးလိုက်နော့..
    😆

    Reply

    • နီကီတာ

      December 26, 2011 at 11:50 am

      ကိုပေ ပို့မပို့တော့မသိဘူး…

      ပေးတဲ့ လက်ဆောင်ထဲမှာ မေတ္တာ ပါလျင် ဘာမဆို လှ၍ အဖိုးမဖြတ်နိုင်ဟု
      >>>>
      ဆိုတဲ့ အတွက် သကာလ……
      အိမ်နောက်ဖက်အပင်မှ ပျားအုံအား
      ပျားများအလစ်တွင် အဝတ်အိတ်နှင်အလုံပိတ်၍
      ၅မိနစ် အမြန်ချောပို့နှင့်
      ကိုပေါက်ဖော်အား ပို့ပေးလိုက်လေသည်… 😆
      (ရ၊ မရဆိုသည်ကို ၅ မိနစ်အတွင်း အကြောင်းပြန်ပါ…)

      Reply

      • ငပေါက်ဖော်

        December 26, 2011 at 11:56 am

        ပြေးပြီဟေ့..
        ဝှစ်စ်..ဝှစ်စ်…ဝှစ်စ်..
        😆

        Reply

  • windtalker

    December 26, 2011 at 12:21 pm

    ကျောက်စိမ်းတုံး ကြီးတဲ့……
    ကျုပ်ကတော့ ညီမငယ် နီကီလေး ရေးတဲ့
    စာကိုဘဲ ဖတ်ဖြစ်တယ် ဗျို ့
    ခရစ်စမတ်အလွန် ဘောက်ဆင်ဒေးမှာပေါ့လေ..
    နောက်လည်း
    ပျော်ရွှင်စရာ အချိန်လေးတွေ ပိုင်ဆိုင်ပါစေ

    Reply

    • နီကီတာ

      December 26, 2011 at 1:07 pm

      ပေးတဲ့ဆုနဲ့ပြည့်ပါစေ….။ 😀

      Reply

  • comegyi

    December 26, 2011 at 12:29 pm

    အော်…..
    နီကီတာကို
    ခစ်…စမတ်လက်ဆောင်
    ငါးမောင်နှံပေးတယ်ဆိုတော့…….
    အောင်အတိတ် ……အောင်နမိတ်လည်း
    ဖြစ်လောက်တယ်နော့…..အလုံးစုံတော့ ကိုရင်ပဲ
    သိလိမ့်မယ်…..
    ခရစ္စလက်ဆောင်အတွက် အားလုံး ပျော်ရွှင်
    နိုင်ကြပါစေ…….
    ခင်တဲ့…..
    ကမ်းကြီး

    Reply

    • ကိုရင်စည်သူ

      December 26, 2011 at 1:37 pm

      ကိုကမ်းကြီးရေ… ရွှေငါးမောင်နှံ့ပေးလိုက်တဲ့
      ငါးမှာ အထီးက ပိန်တယ် အမက ဝတုတ်ကြီး… 😆 😆
      တကယ်တော့ ကိုရင့်ဘဝကလည်း ငါးလိုပါပဲ… 😥 😥

      Reply

      • comegyi

        December 27, 2011 at 6:20 am

        ဟဲ့ ….
        ကိုရင်ရဲ့ …….ငထီးပိန်နဲ့ ငမဝတုတ်ဆိုတော့
        မဟုတ်မှလွဲရော ……
        ဂေါ်ဇီလာခြင်ဆေးကြော်ငြာများ
        အားကျသလားဟေ…………
        ဟွန်း……ကိုရင့်ဘဝများ တွေးရဲစရာ သဲကိုးဖြာ…….

        Reply

      • inz@ghi

        December 27, 2011 at 1:09 pm

        ဝဋ်တော့ လိုက်ကုန်တော့မှာဘဲ …..
        ကရင်စီသွပ်ရေ….

        ခစ်ခစ်…

        Reply

  • hmee

    December 26, 2011 at 1:47 pm

    သိပ်တော့ မယုံနဲ့ ကိုရင်တယောက် ယတြာချေတာ ဖြစ်နေမယ် ညီမရေ။ 🙂 ဒါမှ မဟုတ် ရွှေငါးမောင်နှံလို တူတူနေချင်လှပြီး ခွဲတော့ဘူးလို့ နိမိတ်များ ပေးတာလား။ 🙂

    Reply

  • etone

    December 26, 2011 at 1:57 pm

    … အဲ … နီကီတာရေ .. … ကိုရင်က ပြန်မပြောနဲ့လို့ မှာထားပေမယ့် … မနေနိုင်လို့ .. အရင်းအတိုင်း ပြန်ပြောပြဦးမယ် သိလား … ။ 🙂
    အဲ့ဒီငါးကလေ ….. သူဝယ်လာတာမှတ်သလား … ။ သူ့ကို လေဒီကြီးတစ်ယောက်က မျက်နှာလို မျက်နှာရ လက်ဆောင်လာပေးတာကို သူ့အိမ်မှာ မွေးစရာနေရာမရှိလို့ ဆိုပြီး …ပေးလိုက်တာတဲ့လေ … ဟီးဟီး … ။
    တကယ်တမ်း … သူဝယ်ပေးဖို့စဉ်းစားထားတာက … တက်တူးစာလုံးထွင်းထားတဲ့ ငါးမျိုးပါတဲ့ … 😀 😀 😀

    Reply

    • နီကီတာ

      December 26, 2011 at 2:16 pm

      မအိတုန်..
      တက်တူးစာလုံးထွင်းထားတဲ့ ငါးမျိုး ဆိုတာ ဘာကိုပြောတာလဲ ဟင်

      Reply

  • နီကီတာ

    December 26, 2011 at 2:04 pm

    ကိုကမ်းဂျီးရေ….
    ငါးမောင်နှံပေးတာ အောင်အတိတ် ၊ အောင်နမိတ်တော့မဟုတ်လောက်ဘူး
    သူတောင်တရုတ်ပင်လယ်သွားရင်
    အဖော်မဲ့နေမှာစိုးလို့တဲ့..

    ““““““““““““““““““““
    မမှီရေ….
    သူယတြာချေတာ ဟုတ်မဟုတ်ကတော့….
    သူပဲသိမယ်… 😀

    Reply

    • comegyi

      December 27, 2011 at 6:29 am

      နီကီရေ့…..
      တောင်တရုတ်သမုဒ္ဒမှာ ….
      မောင်မဟုတ်တရုတ်မလုပ်ပါ(ဘူး)လို့ ….
      စီကရင် ကြိုခုတ်ခဲ့တဲ့ စာချုပ်ပါကွဲ့….

      Reply

  • KoNyeinChan

    December 26, 2011 at 2:39 pm

    ကြက်တစ်စုံဆိုဟုတ်သေး.. ဥ(ကြက်ဥ)လည်း စားရ၊ အသားလည်း စားရ.. နောက်တစ်နှစ်ဆို အကောင်ရေ ထပ်တောင်တိုးလာဦးမှာ.. 😀 😀 😀
    ကျွန်တော့်(တစ်ယောက်တည်းရဲ ့)အမြင် ခံယူချက်ကတော့ တချို ့အိမ်တွေ တချို ့ဆိုင်တွေမှာ အလှမွေး လှောင်အိမ်ထဲက ငှက်တွေ၊ ငါးတွေကို မြင်ရင်သနားမိတယ်.. ပြောကြစတမ်းဆို လူတွေရဲ ့စိတ်ကျေနပ်မှု တစ်ခုအတွက်သူတို ့တစ်သက်တကျွန်း(အကျဉ်းချုပ်) ကျနေသလိုဘဲ.. ငှက်ဆို လွတ်လပ်စွာ ပျံသန်းနေရမှ၊ ငါးဆို ရေပြင်ကျယ်ကျယ်မှာ ကူးခတ်နေရမှ.. အစရှိသဖြင့် သက်ရှိသတ္တဝါအားလုံး သူတို ့ရဲ ့သဘာဝတရားအတိုင်း လွတ်လပ်စွာ နေပေးစေချင်ပါတယ်..
    (နီကီတာရေ… အတိုက်အခံပြောတာတော့ မဟုတ်ပါဘူးနော.. ကျုပ်တစ်ယောက်တည်းရဲ ့ခံစားချက်အမြင်ကိုပြောပြခြင်းပါ)

    Reply

  • ရွှေဘိုသား

    December 26, 2011 at 3:03 pm

    ဘောက်ဆင်ဒေးမှာ ကျနော်မျိုး အကြွေးတွေနဲ့ နပန်းလုံးနေရပါတယ်ခဗျာ့ ကူညီကြပါ

    Reply

    • ဦးဦးပါလေရာ

      December 27, 2011 at 12:35 am

      ရွှေဘိုသားပျောက်နေတာကြာပြီ

      ပြန်မလာသေးဘူးလား…။

      Reply

    • နီကီတာ

      December 27, 2011 at 2:18 pm

      ဟုတ်လား
      နှစ်သစ်မှာ ကြွေးပတ်လည်ဝိုင်းနေသူတွေကို
      သဂျီးကူညီမယ် ကြားတယ်…. 😀

      Reply

  • inz@ghi

    December 26, 2011 at 3:06 pm

    ရဒယ်ဟေ့ ….မနေ့ကအကွဲတွေသဲခဲ့သပေါ့ နီကီလေးရယ်. ..

    ကအင်ဂျီး ..အကြောင်း …သိဒယ်မလား …
    ချစ်ရသူကလေးက ကအင်ဂျီးကို မျက်ကွယ်ပြုတဲ့အခါ…
    ကအင်ဂျီးမှာ ယောက်ျားပီပီသသ နှုတ်သီးကောင်းလျှာပါး
    ရန်တွေ့ပစ်သပေါ့…..

    အဲ့လာ ရန်ဖြစ်ပီးပြန်လာဒေါ့ …ဘယ်ရမလဲ …..
    ပုလင်းဆွဲဖုန်းပတ်ဆက်ပြီးတော့ကို ..
    အိမ်မှာ ပါတီပေးပစ်တာ….
    ဘီယာဘူးချည်းပဲ အလုံး၈ဝကျော်တယ်ကွယ်….
    ကအင်ဂျီး လျှော်ထားတဲ့ အဝတ်လျှော်စက်ထဲကို မမ လှလှ တယောက် အုတ်အောဆွဲသွားတယ်…
    ကတောက် ……

    ခွီး ….
    ဂါး ….ဂါး …… လက်စားချေမကွနော်…..

    Reply

    • နီကီတာ

      December 26, 2011 at 3:23 pm

      ကအင်ဂျီးပါတီလုပ်တာ MG ကလူတွေကိုလည်း
      မဖိတ်ဘူး
      မကျေနပ်ဘူး
      သဂျီးနဲ့ တိုင်ပြောမယ်….

      Reply

      • inz@ghi

        December 26, 2011 at 3:54 pm

        နာ့ဟာနာ ရင်ကွဲပက်လက် ပြန်လာပြီး ည၉နာရီကျော်မှ အရေးပေါ်ပါတီ ကျင်းပရတာ …..ခွီး ….

        Reply

        • နီကီတာ

          December 26, 2011 at 4:48 pm

          ရင်ကွဲပြီး ပက်လက်ကြီး ပြန်လာတယ်ဆိုတော့
          အင်း………….
          အရေးပေါ်ဖြစ်လောက်ပါတယ်လေ…. 😛

  • Shwe Tike Soe

    December 26, 2011 at 4:36 pm

    အဖိုးမဖြတ်နိုင်သော ခရစ်စမတ်လက်ဆောင် အော်ချစ်သူကပေးတော့လဲ အဖိုးတောင်ဖြတ်လို.မရတော့ပါလား…
    ကျွန်တော်သာဆို ကျွန်တော် ကောင်မလေးကို ငါးနှစ်ကောင်တော့မပေးဘူး.. ကမ်းခြေသွားပြီး ငါးကင်နှစ်ကောင်ဝယ်ကျွေးမှာဗျ..
    အခုသာ ကြည်နူးသီတကူးနေတာ.. နောက် မနီကီတာ အလုပ်တွေ အရင်လိုရှုပ်နေတော့လဲ အဲဒီငါးတွေ တောင ်ရေလဲနိုင်ပါအုံးမလားမသိဘူး…… အော်ရငေါက်ရမဲ့သူ ထပ်တိုးလာတာပေါ့ဗျာ…
    ဒါပေမယ့်ချစ်သူက ပေးတယ်ဆိုတော့လဲ. ………. အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး 😀

    Reply

    • နီကီတာ

      December 26, 2011 at 4:51 pm

      ကမ်းခြေသွားပြီး ငါးကင်နှစ်ကောင်ဝယ်ကျွေးမယ်ဆိုတော့…
      ငါးကင်နှစ်ကောင် = ၃၀၀ဝ x ၂ = ၆၀၀၀
      ကမ်းခြေသွားစရိတ် = ?
      တွက်ခြေကိုက်ပါ့မလားဟင်
      ဒီမှာ ဝယ်ကျွေးလဲ ရပါတယ်….ကမ်းခြေထိလိုပါဘူးနော့..

      Reply

  • manawphyulay

    December 26, 2011 at 5:17 pm

    ဟင် နှစ်ကောင်ထဲလား နည်းတာပေါ့။ တစ်ကန်လုံးပေးမှ ပိုကောင်းတာပေါ့။ နှစ်ကောင်ထဲဆို ငါးတွေလည်း အဖော်မရှိတော့ ပျင်းနေမှာပေါ့။ နှစ်ကောင်စလုံးက ရန်ဖြစ်ထားရင် ဘယ်သူ့သွားစကားပြောမလဲ… မနောမှာတော့ ပေးမှာသူမရှိပေါင်။ ရှိတဲ့ငါးတွေတောင် စာတမ်းငါးတွေ အစာကျွေးတာများပြီး အစာနင်ပြီး တစ်ကန်လုံးသေတာ အကုန် ကုန်ပါရောလား…

    Reply

  • ကိုရင်စည်သူ

    December 27, 2011 at 1:40 am

    (((တစ်ခါတစ်လေ အပြန်နောက်ကျသော ၊ အလုပ်များသော ရက်များတွင် မိသားစုနှင့် ချစ်သူကိုပင်
    စိတ်မရှည်စွာ ပြသနာရှာတတ်သည်။
    ကျွန်မရဲ့ ဖိအားတွေအတွက် ထွက်ပေါက်ကို သူတို့အပေါ်မာန်မဲခြင်းဖြစ်သာ ပြုလုပ်ခဲ့လေသည်..။)))
    ယခုပို့စ်တွင် ထိုစာကြောင်းများသည် စာရေးသူ နီကီနီတာရဲ့ ရေးခဲ့သမျှထဲက အမှန်တရားအချို့ပါနေတာ
    တွေ့ရပါတယ်… အဟီးး… စည့်ခမျာ မာန်မဲခံလေး ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပါဒယ်…
    တော်ပီ… ချစ်သူမထားတော့ဘူး … မိန်းမပဲ တန်းယူမယ်… 😆 😆

    Reply

  • kai

    December 27, 2011 at 7:01 am

    ဆန်တာကလော့စ်နဲ့.. ခရစ်ယန်နဲ့.. သိပ်ပြီးပတ်သက်တာတော့မဟုတ်ဖူး..။
    ဝီကီမှာတော့.. လွန်ခဲ့တဲ့ အနှစ်၂၀ဝလောက်ကမှ စပေါ်တဲ့သဘော ရေးထားတယ်..။
    ခရစ်ယန်ရဲ့.. ယေရှုခရစ်တော်က.. လွန်ခဲ့တဲ့..အနှစ်၂၀၀ဝကျော်ကလေ..

    ဆိုတော့…
    လူ့လောကနဲ့ကလေးတွေအတွက်အကျိုးပြုပျော်ရွှင်ခြင်းကို ဆောင်ယူပေးလာတဲ့.. ဆန်တာလို့ ခေါ်ရမှာပဲ..။
    ဒီအဖြစ်တွေသမိုင်းသေသေချာချာလေ့လာပြီး.. မြန်မာတွေရဲ့သိကြားမင်းကို.. ကလေးတွေအတွက်အကျိုးပေးနိုင်သူဖြစ်အောင်ဖန်တီးသင့်တယ်..။
    လက်ဆောင်တွေ အပြန်အလှန်ပေးရင်း.. နှစ်ကူးမှာ လူတွေပျော်ကြစေနိုင်သူဖြစ်အောင် လုပ်သင့်တယ်..
    မြန်မာနှစ်ကူးသင်္ကြန်မှာဆင်းလာတဲ့.. သိကြားမင်းဟာ.. ခွေးသားရေရွှေပေကြီးနဲ့.. လူတွေစိတ်ညစ်အောင်လုပ်ဖို့ လာတာမျိုးဖြစ်နေတာထက်စာရင်..လူ့ပြည်ကို ကောင်းသောလာခြင်းဖြစ်အောင် ပြုပြင်ခိုင်းသင့်တယ်..။
    =
    အဲဒီလို.. သိကြားမင်းက ဆန်တာကလော့စ်ကတဆင့်.. ကျုပ်ကို.. သတင်းပို့ထားပါကြောင်း.. 🙂

    Reply

  • htoosan

    December 27, 2011 at 12:52 pm

    နီကီရေ… ဘာလို့ပေးတာလည်း သေသေချာချာ ပြန်မေးနော် ..
    စာစောင်တစ်ခုမှာ ဖတ်လု်ိက်မိဘူးတယ်။။ သွေးတိုးသမားတွေ သွေးတိုးရင် ရွှေငါးလေးတွေ ကူးခတ်တာ ကြည့်ရင် သွေးတိုးကျတယ် တဲံ့ ။
    နီကီသွေးတိုးအောင် ဘာတွေ လုပ် မလို့ကြံစည်ထား သလဲမသိဘူး မယုံရဘူးနော်..သဘောင်္သီးတွေဆိုတာ
    ကြိုကန်ထားတာ ဖြစ်နေဦးမယ်နော်.. သေသေချာချာမေးကြည့်ဦး .. ချင့်ယုံနော် ချင့်ယုံ 😀 😀

    Reply

    • နီကီတာ

      December 27, 2011 at 2:23 pm

      ချင့်ယုံဆိုတာ ဘူလဲဟင်

      ဒါပေမယ့် လောလောဆယ်တော့
      ကိုရင်နဲ့အလောင်းအစားလုပ်တာ နိုင်သွားပြီ
      ကွန်မန်းအခု ၂ဝ ကျော်သွားတဲ့အတွက် နိုင်သွားပြီ 😀 😀
      ကျေးဇူးကမ္ဘာပါပဲ ရွာသူားတို့ရေ…….

      Reply

Leave a Reply

Your email address will not be published.