ဟတ်ထိသောဟာသများ(၂)

goldstarDecember 26, 20111min02

မိဘတို့ရဲ့ထုံးစံအတိုင်း ကိုယ့်သားသမီးတွေရဲ့ အနာဂတ်ကို အကောင်းဆုံး ဖြစ်စေချင်ကြတာပေါ့။
အခုလဲလင်မယားနှစ်ယောက် တိုင်ပင်ပြီးအောက်ပါအတိုင်း စီစဉ်ကြသတဲ့။

သားလေးကျောင်းကပြန်မလာခင် စားပွဲပေါ် မှာ

ဓမ္မကျမ်းစာအုပ်ရယ်၊ ပိုက်ဆံရယ်၊ အရက်ပုလင်းရယ် တင်ထားသတဲ့။

တကယ်လို့ ဓမ္မကျမ်းစာအုပ်ကိုယူရင် ဖာသာကြီးဖြစ်မယ်ပေါ့။

ပိုက်ဆံယူရင်တော့ စီးပွားရေးသမားကြီးဖြစ်နိူင်ပြီး၊

တကယ်လို့အရက်ပုလင်းဆွဲရင်တော့ သိတဲ့အတိုင်း အရက်သမားဖြစ်မဲ့လူလို့

မှန်းကြည့်နိူင်တယ်ပေါ့လေ။

ဒီလိုနဲ့သားကျောင်းကပြန်လာတော့ လင်မယားနှစ်ယောက် အိပ်ခန်းတံခါးကြားက

ရင်တထိတ်ထိတ်နဲ့ချောင်းကြည့်နေကြတယ်။

ပထမဦးဆုံး သားက ဓမ္မကျမ်း စာအုပ်ကိုယူ လှန်လှောကြည့်ပြီး ဂျိုင်းကြားညှပ်လိုက်တယ်။

နောက် ပိုက်ဆံကို ယူပြီးအိပ်ထဲထည့်လိုက်ပါတယ်။

နောက်ဆုံးမှာ အရက်ပုလင်းကိုလဲ မပြီး သူ့အခန်းထဲဝင်သွားပါလေရော။

အဲတော့မှ အဖေလုပ်တဲ့သူက နဖူးရိုက်ပြီးထအော်ပါတော့တယ်။ အား..ဒီကောင်ကြီးလာရင်တော့ နိူင်ငံရေးသမား ဖြစ်မှာဘဲ ……တဲ့။….။

 

 

အမတ်မင်းလုပ်မယ့်သူတွေ

နိူင်ငံရေးတွေ ခေတ်စားလာတဲ့ ခုလိုအချိန်မှာ ဒီဟာသလေးကိုသတိရပြီးတင်ဆက်လိုက်ပါတယ်။ ဘော်ဒါတို့လဲ ………….ကြိုးစားထားကြအုံးဟေ့ ။။ဒီလို အရည်အချင်းစုံအောင်ပေါ့။။။။။။။။

2 comments

  • ငပေါက်ဖော်

    December 26, 2011 at 8:49 pm

    လွှတ်တော်အမတ် ဥပေ ဆို စားပွဲခုံ ပါ မ.တယ် ခင်ဗျ
    မယုံထားကြည့်လိုက်

    Reply

  • winkyawaung

    December 27, 2011 at 11:05 am

    အင်း ဆရာပြောတာ နိုင်ငံရေးသမားဆိုတာ လောဘကြီးတယ်ပေါ့..။ လောဘလဲ ကြီး ဒေါသလဲကြီး ရင်တော့ ကျွန်တော်တို့ ပြည်သူတွေ ခါးစည်းပြီး ခံကြရပေအုံးမယ်..။

    Reply

Leave a Reply

Your email address will not be published.