ရန်ကုန်မြို့တော်တွင် နောက်ထပ် နှစ်လအထိ ရေအတွက် စိုးရိမ်ရန်မလိုဟုဆို

klnMay 26, 20101min01

ရန်ကုန်မြို့တော်နေပြည်သူများအတွက် မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နောက်ထပ် နှစ်လအထိ ရေအတွက် စိုးရိမ်စရာမလိုကြောင်း၊ အဆိုပါကော်မတီ၏ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။ “မိုးမကျခင်အချိန်အတွက် ရန်ကုန်မြို့မှာ ရေလုံလောက်မှုရှိပါတယ်။ နောက်ထပ်နှစ်လစာရှိတယ်” ဟု ၎င်းကဆိုသည်။ လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ၃၃မြို့နယ်ရှိ လူဦးရေ ငါးသန်းအတွက် တစ်ဦးလျှင် တစ်နေ့အတွက် ဂါလန် ၃ဝနှင့်ဆိုပါက လိုအပ်သော ရေဂါလန်မှာ သန်း ၁၅ဝဖြစ်ကြောင်း၊ နေ့စဉ်ပေးဝေနေမှုမှာ ဂါလန် သန်း ၁၆ဝဖြစ်ကြောင်း သိရသည်။ ပေးဝေနေသော ရေများမှာ ဂျိုးဖြူကန်မှ ဂါလန် ၂ရသန်း၊ ဖူးကြီးကန်မှ ဂါလန် ၅၄သန်း၊ လှော်ကားကန်မှ ဂါလန် ၁၄သန်း၊ အဝီစိတွင်းမှ ဂါလန် ၁၆သန်း၊ ငမိုးရိပ်အထယုမှ ဂါလန် ၄၅သန်း၊ ဒဂုံတောင် ၁၀ရရေပေးဝေရေးမှ ရေဂါလန် တစ်သန်း၊ ဒဂုံတောင် ၅ရရပ်ကွက် ရေပေးဝေရေးစခန်း ဂါလန် တစ်သန်း၊ ထန်းတစ်ပင် သဲဖြူရေသုံးကန်မှ ဂါလန်တစ်သန်း၊ စမ်းချောင်း နာနတ်တောစိမ့်ပြာရေစုတွင်းကျယ်မှ ဂါလန် တစ်သန်း စုစုပေါင်း ရေဂါလန်သန်း ၁၆ဝဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်သော ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များတွင် မီးစက် ၅၁လုံဖြင့် ဒီဇယ်၊ အင်ဂျင်မောင်း၍ ပိုက်လိုင်းများအား ရေအားဖြည့်စနစ်ဖြင့် ရေပေးဝေမှုများလည်း ပြုလုပ်နေကာ ယခုဘဏ္ဍာနှစ်အပါအဝင် အဝီစီတွင်းပေါင်း ၄၉၆တွင်း တူးပေးပြီးဖြစ်ကြောင်း ၊ ၎င်းအပြင် ရေဂလန် ၃၂၀ဝဆံ့ ရေဘောက်ဆာကား အစီး ၂၀၊ ရေလှောင်သံကန် လေးစီး၊ မီးသတ်ယာဉ်နှစ်စီးတို့ဖြင့် ရေးပေးဝေမှုများ ပြုလုပ်နေပြီး ယခုရက်ပိုင်းအတွင်း ရေတွင်းတူးစက် ၁ဝခု ထပ်မံတပ်ဆင်နေကြောင်း၊ ရန်ကုန်တွင် ရေလုံလောက်မှုရှိကြောင်း ၎င်းကသတင်းပေးပြောကြားခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • MandalayThar

    May 26, 2010 at 8:09 am

    အသာလုပ်ပါ မောင်ကာလုရာ…. ရန်ကုန် ရေကြီးနေပါအုံးမယ်။

    Reply

Leave a Reply

Your email address will not be published.