ကမာ္ဘဖလားဘောလုံးပြိုင်ပွဲ တွင်ပန်နယ်တီကန်သွင်းမှု စည်းမျဉ်းသစ် ဖီဖာထုပ်ပြန်

kyawgyiMay 26, 20101min01

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နှင့် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ (IFAB) တို့သည် တောင်အာဖရိကနိုင်ငံတွင် ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင် လ ၁၁ ရက်နေ့အထိ ကျင်းပမည့် ၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပယ်နယ်တီကန်သွင်းမှုနှင့် ပတ်သက်၍ စည်း မျဉ်းသစ်တစ်ခုကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ စည်းမျဉ်းသစ်အရ ပြိုင်ပွဲဝင်အသင်းများမှ ပယ်နယ်တီကန်သွင်းမည့် ဘောလုံးသမားများသည် ပယ်နယ်တီမကန်မီအချိန်တွင် ပြိုင်ဘက်အသင်းမှ ဂိုးသမားကို အနှောင့်အယှက်ဖြစ်စေသည့် အပြုအမူမျိုးး ပြုလုပ်ခြင်း၊ ဘောလုံးကို ကန်ရန်ပြေးလာရာမှ ရုတ်တရက် ရပ်တန့်၍ ပြိုင်ဘက်ဂိုးသမား ဟန်ချက်ပျက်သည့်အချိန်မှ ကန်သွင်းခြင်း စသည်အပြုအမူတို့ကို ပြုလုပ်ခွင့်ရှိတော့မည်မဟုတ်ကြောင်း သိရသည်။

အကယ်၍ ယင်းကဲ့သို့ အပြုအမူမျိုး ပြုလုပ်မည်ဆိုပါက အားကစားသမား မပီသသည့်အပြုအမူဟု သတ်မှတ်ကာ ပင်နယ်တီကန်သွင်းသည့် အားကစားသမားကို အဝါကတ်ပြ၍ သတိပေးခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

ယင်းစည်းမျဉ်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များကို အရန်ဒိုင်လူကြီးမှစောင့်ကြည့်၍ ဆုံးဖြတ်ချက်များ ချမှတ်သွားရမည်ဖြစ်ပြီး အဆိုပါ ပင်နယ်တီကန်သွင်းခြင်းဆိုင်ရာ စည်းမျဉ်းသစ်မှာ လာမည့် ဇွန်လ ၁ ရက်နေ့တွင် စတင်အကျုံးဝင်မည် ဖြစ်ကြောင်းသိရပြီး ၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပွဲစဉ်များတွင်လည်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။

One comment

  • myominkhine

    May 26, 2010 at 5:36 am

    ဒါဆိုရင် C Ronaldo ကတော့အဝါကဒ်ကတော့သေချာသွားပြီ

    Reply

Leave a Reply

Your email address will not be published.