အဲဒါ ကျနော့်မိန်းမ

Moe ZDecember 9, 20111min024

ကျင့်သားရနေပြီဖြစ်တဲ့ မျက်လုံးတွေက ၆ နာရီဆိုရင် ဘယ်လိုမှဆက်အိပ်လို့မရတော့ပါ။ ဒီနေ့ရုံးပိတ်ရက်ဆိုတော့ အအိပ်မက်တဲ့မိန်းမက သူ့အတွက်ထမင်းချိုင့်ပြင်စရာမလိုတာကြောင့် နံဘေးမှာ တုတ်တုတ်တောင်မလှုပ်။ သူကသာ ဆက်အိပ်လို့လည်းမရတော့ အိပ်ယာမှထကာ မနက်စာပြင်ဖို့လုပ်ရပါသည်။ မိန်းမကိုစောင့်ရင်တော့ မနက်စာနဲ့နေ့လည်စာ ပေါင်းစားရမှာက သေချာပါသည်။ သူအိမ်ထောင်ပြုတော့ အသက် ၂ရနှစ် မိန်းမကသူ့ထက် ၁နှစ်ကြီးပါသည်။ အိမ်မှာအငယ်ဆုံးသမီးဖြစ်သည့်အပြင် အစွမ်းကုန်အလိုလိုက်ခံရပြီး ကြီးပြင်းခဲ့ရသောကြောင့် အိမ်မှာတော့ တော်တော်လေးဆိုးပါသည်။ သူ့ကိုတော့ သိပ်ချစ်ရှာပါသည်။ ချစ်သူသက်တမ်း ၂နှစ်အတွင်းမှာ သူဘာလုပ်လုပ် သူ့ဘက်ကအမြဲထောက်ခံအားပေးခဲ့သည်။ အလုပ်မှာ အဆင်မပြေသမျှ သူမရှေ့မှာ ဖွင့်ဟတိုင်ပင်ရင်း သူမရဲ့နှစ်သိမ့်မှုတွေခံယူရင်း ကျေနပ်ခဲ့ရပါသည်။

သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ဦးကာလများသည် ပျော်စရာအတိ၊ ထမင်း ဟင်းမချက်တတ်သည့် မိန်းမကိုချက်ကျွေးရင်း ချက်နည်းပြုတ်နည်းသင်တန်းပေးသည်။ လအနည်းငယ်ကြာတော့ သူ့ဟာသူကြိုးစားချက်ရင်း နည်းနည်းတော့ အဆင်ပြေလာသည်  (သူကြိုက်တဲ့ အမဲကလီစာဟင်းချက်ကျွေးမယ်ဆိုပြီး မျက်နှာသုတ်ပုဝါလိုဖြစ်နေတဲ့ အမဲရောင်အူကြမ်းကို ဆပ်ပြာမှုန့်ဖြူးပြီး ဘရက်ရှ်နဲ့တိုက်တာကလွဲ၍) ဪ မေ့လို့ ထမင်းချက်ရင်း ဆန်ပြုတ်ဖြစ်သွားတဲ့ ရက်ကလေးတွေကလည်း အများသားပေါ့။ သူကအိမ်စရိတ်ကိုလောက်ငှအောင် ရှာပေးနိုင်တော့လည်း မိန်းမကိုအပြင်အလုပ်ခိုင်းစရာမလိုပဲ အိမ်မှုကိစ္စတွေပဲလုပ်စေခဲ့သည်။ အိမ်မှုကိစ္စလုပ်တယ်ဆိုတာလည်း မလွယ်ဘူးထင်ပါရဲ့။ မိန်းမက အဲဒီဘက်မှာ အင်မတန်ပါရမီနည်းရှာသည်။ အိပ်စက်ခြင်းကိုလည်း အကြီးမားဆုံးစည်းစိမ်လို့ ခံယူထားလေတော့ မနက်ဆိုရင် သူမနှိုးမခြင်း အိပ်ယာမှမထပါ။ ထပြီး ထမင်းအိုးတည်၊ ကြက်ဥ(သို့)ဝက်အူချောင်း (သူ့ထမင်းချိုင့်ရဲ့ပင်တိုင်ဟင်းလျာ) ကြော်ပြီးသည်အထိ မျက်နှာက မသစ်ရသေး။ သူ့ထမင်းချိုင့်မမှီမှာ စိုးရိမ်ရှာသည်လေ။ သူ့မှာတော့ မိန်းမကမျက်နှာမသစ်ပဲဖျော်ပေးတဲ့ကော်ဖီသောက်ပြီး နေ့တိုင်းရုံးသွားရသည်။ အကယ်၍ သူသာမနှိုးရင် နေ့လည်စာစားချိန်အထိဆက်အိပ်နေမှာ ဗေဒင်မေးစရာမလို။ ရုံးပိတ်ရက်တစ်ရက်မှာ သူမနှိုးပဲထားကြည့်သည်။ မယုံမရှိနဲ့ တကယ်ကို ၁၁နာရီကျော်သွားပါသည်။ အမေကပြောပါသည် မင်းမိန်းမက နဂါးသေလို့ဝင်စားတာတဲ့၊ ဒါတောင်တစ်အိမ်ထဲ အတူမနေကြလို့။ မဟုတ်ရင် မစဉ်းစားရဲဘူး။

ကလေးရလာရင်တော့ ပြင်မှာပါဟု ယူဆထားသော်လည်း ယခုသားလေးပင် ၂နှစ်ကျော်ပြီ။ ညဘက် ကလေးငိုတိုင်း ထချော့ရတာက သူ၊ မိန်းမကတော့ လုံးဝမလှုပ်ပါ။ နို့မထွက်လို့ နို့ဗူးတိုက်ရတော့ ပိုဆိုးသည်။ ကလေးအတွက် ညဘက်နို့ဗူးဖျော်တာ၊ သေးဝတ်တွေလဲပေးရတာက အလိုလို သူ့တာဝန်ဖြစ်ခဲ့ရသည်။ အခုလိုဖြစ်တာ သူ့ကြောင့် သူကလိုက်လုပ်ပေးနေလို့ဟုထင်ကြမည်။ သူမထပဲနေကြည့်ဖူးပါသည် ကလေးကငိုရင်းအသံတောင်ပြာလာလို့ မနေနိုင်တဲ့သူပဲထလိုက်ရပါသည်။ အဲဒီလောက် အအိပ်မက်သည်ဟုဆိုရင် ယုံနိုင်ကြပါ့မလား။ တကယ်တော့ သူ့မိန်းမကို သူအရမ်းချစ်ပါသည်။ အိမ်မှုကိစ္စမနိုင်တာ၊ အအိပ်မက်တာ၊ လူကြားထဲ မထင်လျှင်မထင်သလိုထအော်တတ်တာကလွဲရင် မိန်းမကလည်း သူ့ကိုချစ်တာသိပါသည်။ ပတ်ဝန်းကျင်ကမှတ်ချက်ပေးကြတာကတော့ နတ်ဖက်သောစုံတွဲပါတဲ့။

……………………………………………………………………………………………………………………….

(ညကအကိုရဲ့ သူငယ်ချင်းတစ်ယောက် အိမ်လာပြီးရင်ဖွင့်သွားတာကို စာဖတ်ချင်ယောင်ဆောင်ပြီး စပ်စုရင်းကြားရသမျှ ဖောက်သည်ချလိုက်ပါသည်။) 😀

24 comments

  • E.T

    December 9, 2011 at 12:47 pm

    မိန်းမယူခါနီးရင် .. စဉ်းစားဖို ့လိုမယ် ..
    အရေးကြီးတာတွေ တပုံကြီး ..
    ဂေဇက်သားအပေါင်းတို ့ရယ်

    တော်သေး၏။ အောက်ဆုံးက စာနှစ်ကြောင်းကယ်လို ့:D

    Reply

    • inz@ghi

      December 9, 2011 at 1:10 pm

      အီးတီရေ့ …
      ဘော်ဒါတို့များ မိန်းမများယူခါနီးရင်လေ …သူ့ကို ပြောလိုက် စမ်းပါကွာ
      အအိပ်မက်မမက်သိရအောင်..မယူခင်လေ ….ဟီဟိ … 😀

      (ပိုစ့်ပိုင်ရှင်အမျက်တော်ရှပြီး … ဟိုစာရေးဆြာရီး လိုက်ရိုက်နေမှာလည်း ကြောက်သဖြင့်…)
      ဝုန်းဒိုင်းခရီးကို ဒုန်းစိုင်းစီးပြီး …..ထွက်ပြေးသွားဘာဒလယ်….
      ဒက်ဂလောက်…. ဒက်ဂလောက် ……

      Reply

  • inz@ghi

    December 9, 2011 at 12:49 pm

    တစ်ဂိုးသွင်းပဟ…..

    Reply

  • koyinmaung

    December 9, 2011 at 12:51 pm

    အော်…ဒီတော့လဲမစပ်စုမိုးဇက်လေးတယောက်ဇာတ်လမ်းတပုဒ်
    ရသွားတာပေါ့………
    (အိမ်မှုကိစ္စမနိုင်တာ၊ အအိပ်မက်တာ၊ လူကြားထဲ မထင်လျှင်မထင်သလိုထအော်တတ်တာကလွဲရင် မိန်းမကလည်း သူ့ကိုချစ်တာသိပါသည်)ဆိုတော့
    ကာလနဂါးမရဲ့ကောင်းကွက်လေးလဲရေးအုံးလေမစပ်စုလေးရဲ့…….

    Reply

    • Moe Z

      December 9, 2011 at 1:32 pm

      အတင်းပြောပါတယ်ဆိုမှ အဲဒါကြားရသမျှအကုန်ပဲ 😀

      မနောက်ပါနဲ့ လေးလေးပေါက်ရယ် 😀 😀

      Reply

  • blackchaw

    December 9, 2011 at 1:05 pm

    အင်း ဒီနေ့ မနက်ခင်းကတော့ ထော်လော်ကန့်လန့်တွေ ချည်းပဲ
    တွေ့နေရပါတယ်ဗျာ။
    ဂီဂီ က ကျွန်မ ဘဝ ဇာတ်ကြောင်း တဲ့။
    မိုးစက် က အဲဒါ ကျွန်နော့်မိန်းမ တဲ့။
    ဘဘ ဘလက်က ဘယ်လိုနားလည်ရမှာလဲဗျာ။

    Reply

    • မောင်မောင်ဇက်က သူ့မိန်းမအကြောင်းပြောသလို မမဂီကလည်း သူ့ယောကျာ်းအကြောင်းတွေပြောလို့.. နတ်ဖက်တဲ့စုံတွဲလို့ပဲဆိုမလား၊ သူကြီးစပ်တဲ့ စုံတွဲလားပဲ.. တစ်ခုခုတော့ တစ်ခုခုပါပဲလေ 😀

      Reply

  • ဆူး

    December 9, 2011 at 1:05 pm

    နတ်ဖွက်တဲ့ စုံတွဲ ဖြစ်မှာပါ.. မယူခင်တုန်းက အအိပ်မက်ပြီး အပျင်းကြီးတတ်တာ နတ် ဖွက် ထားလို့ မသိလိုက်တာ ဖြစ်မယ်။

    Reply

  • weiwei

    December 9, 2011 at 1:13 pm

    အဲဒီမိန်းမထက်ဆိုးတဲ့ မိန်းမတွေ့ဖူးတယ် …. သူများအတင်းပြောသလိုဖြစ်မှာမို့ ပြောတော့ပါဘူး .. 🙂

    Reply

  • chitlay

    December 9, 2011 at 1:29 pm

    ဪ … ဒီလိုမိန်းမမျိုးလဲ ရှိသေးသကိုး။

    Reply

  • မပြောနဲ့မဝေ တော်ကြာ မိန်းမယူချင်တဲ့လူတွေများလာရင် မကောင်းဘူး။
    လူဦးရေနည်းသွားလိမ့်မယ်။

    Reply

  • ပေါက်ဖော်

    December 9, 2011 at 1:55 pm

    မီးတို ့ကတော့ မယားဝတ္တယား အပါးငါးရာနဲ ့အညီ
    ပြုစု၊စောင့်ရှောက်၊လုပ်ကိုင်၊ကျွေးမွေး၊ခလေးမွေး၊၊နို ့တိုက်၊အိုးတိုက်၊ရဲတိုက်၊စောကြီးထ
    စောကြီးအိပ်၊ထမင်းကျွေး၊ရေတိုက်၊အသေရိုက် အသေနှိပ် မှာပါနော်..
    ညှင်း..ညှင်း…
    🙄

    Reply

    • inz@ghi

      December 9, 2011 at 1:59 pm

      ကျောဇမ်းကျောဇမ်း..

      နီတို့ယောက်ျားတွေဘာကောင်းလဲ….

      အရက်သောက်-ကြက်တိုက်-ဖဲရိုက်-မိန်းမလိုက်-အပ်စိုက်…
      အဲ့လာကြောင့် နီတို့ ယောက်ျားတွေကိုကြည့်မရတာ…

      ဂီတို့ကတော့ မိန်းမ ပဲယူမှာ ..(မှာ မှ ” -ှ” ကို high-pitch ဖြင့်ဖတ်ပါ)

      Reply

    • Moe Z

      December 9, 2011 at 2:02 pm

      အဲဒီလို ဝတ္တရားကျေတဲ့သူမျိုးလိုချင်တာတဲ့ ဟိုဒါ့ပုံဆြာလေးက
      မယူခင်တော့ အရင်စမ်းသပ်ကြည့်မယ်တဲ့ 😀

      Reply

      • ဒဿကိုရင်

        December 9, 2011 at 4:32 pm

        ကိုရင်ကတော့ အကင်လေးဟယ်…
        အဆင်လေးတွေဆို.. တုတ်ထိုးပြီး မီးကင်ချင်တယ်… ခစ်ခစ်… 😛 😛
        စပ်စုတတ်တဲ့ ကလေးမတွေဆို အဘက
        စမ်းသပ်တတ်တယ်….. မိုးကို ဒီလိုနာမည်ပေးရင်
        စိတ်ဆိုးမှာလား… စုစပ်စမ်း… 😳 😳
        ချစ်လို့ (528) စတာ စိတ်မဆိုးနဲ့နော်… 😉 😉

        Reply

  • Diamond Key

    December 9, 2011 at 2:24 pm

    ကြားဖူးတာလေး တစ်ခုရှိဖူးတယ်။
    မင်္ဂလာမဆောင်ခင် စေ့စပ်တော့ သတို့သားလောင်းလေးကို သူဖက်လူကြီးတွေက
    – အရက် လုံးဝ မသောက်တတ်သူလေး
    – ဖဲလည်း လုံးဝမရိုက်တတ် သူလေးလို့ ညွန်းခဲ့တယ်လို့ ဆိုတယ်။ 😀
    မင်္ဂလာလဲဆောင်ပြီးရော အိမ်ကို ညတိုင်း မူးပြန် လေးဖက်ထောက်တက်၊ ဖဲလည်းရှုံးနဲ့ ဆိုတော့ သတို့သားညွန်းခဲ့သူကို ပြန်ပြောတော့ သူပြန်ပြောတာက “ဟုတ်တယ်လေ သောက်တတ်ရင် ဒီလိုဘယ်မူးလာမှာလဲ။ ဖဲလည်းရိုက်တတ်ရင် နိုင်လာမှာပေါ့” တဲ့လေ။ 😆
    ဒီကာလနဂါးမလေးကလည်း အိမ်မှုကိစ္စ လုံးဝအရှင်း၊ မနက်ဆို ယောကျင်္ားကို မဆူမပူ၊ ဒါမျိုးလေးနေမှာ :mrgreen:

    Reply

    • ပေါက်ဖော်

      December 9, 2011 at 3:13 pm

      အနော်တို ့လို ့..အစင်လေးတွေပေါ့..
      မသောက်တတ်..မစားတတ်..မရိုက်တတ်…လို ့..
      အရှုံးတွေနဲ ့.ပုဆိုးဂွင်းသိုင်းပြီး ပြန်ပြန်လာရတာ
      😳

      Reply

      • Moe Z

        December 9, 2011 at 3:22 pm

        အစင်လေးတွေကို မာမီဖြိုးက ကြိုဆိုပါတယ်တဲ့ 😛

        Reply

  • eveningstar

    December 9, 2011 at 2:32 pm

    အဲ့ဒါတွေကြောင့်ပေါ့ မိန်းမကို(ထပ်)မယူချင်တာ

    Reply

  • kokoover

    December 9, 2011 at 2:37 pm

    Good

    Reply

  • windtalker

    December 9, 2011 at 7:21 pm

    အဲဒီလို မိန်းမမျိုး ရထားတဲ့ ယောက်ျားသားများအတွက်
    ကျွန်ုပ်မောင်ပေ ထံတွင် “ မိန်းမနိုင်နည်း ” ပညာရပ်ကျမ်းစာအုပ် များ ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်ပါကြောင်း ။ လုံးဝငြိမ်ဝပ်ပိပြားသွားစေရမည် ။ မိန်းမရေ ဟု ဆိုလိုက်သည်နှင့် သောက်ရေတစ်ခွက်နှင့် ပြေးလာစေရမည် ။ အိမ်မှုကိစ္စများအားလုံး လှည့်ကြည့်စရာ စဉ်းစားစရာမလိုလောက်အောင် စိတ်ကျေနပ်မှု ရရှိစေရမည် ။
    “မိန်းမနိုင်နည်း” ပညာရပ်ကျမ်းစာအုပ် ဝယ်ယူလိုသည်များအနေဖြင့် ကျွန်ုပ် မောင်ပေ ထံတွင် တစ်အုပ်လျှင် ၃၆၀၀ဝ ကျပ် ဖြင့် မှာယူနိုင်ပြီ ဖြစ်ပါကြောင်း ။
    (မှတ်ချက် ။ ။ စာအုပ်မှာလိုလျှင် ၊ ငွေအရင်ပို ့ရမည် ဖြစ်ပါသည် ။ စိတ်ဝင်စားသူများ ဂေဇက်ဖိုရမ်ရှိ ပရိတ်ဗိတ် မက်ဆေ့ ဖြင့် ဆက်သွယ်ကြဘာ )

    Reply

    • Moe Z

      December 10, 2011 at 12:07 pm

      လူကြားကောင်းအောင်အော်မနေပါနဲ့ ကိုပေရယ်..
      ကိုပေမိန်းမကိုနိုင်တာလား မိန်းမကကိုပေကိုနိုင်တာလားဆိုတာ
      ခန့်မှန်းကြည့်လို့ရပါတယ် ဟဲ ဟဲ 😛
      (ချင့်ယုံကြပါနော)

      Reply

  • ဒီနေ့တော့ပြောင်းပြန်တွေဖြစ်ကုန်ပြီ။
    ပြောင်းပြန်တွေထပ်တူညီလိုက်ရင်
    အတည့်တော့သေချာပေါက်ဖြစ်ပြီထင်တာဘဲ။
    ဟုတ်လား ဂီမမ နဲ့ ကိုဇက်တို့ရေ

    Reply

Leave a Reply

Your email address will not be published.