နိုင်ငံရေး ဆိုတာ ဒီလိုလား ရဲ့ အဆက်ပါ

လင်းဝေDecember 9, 20111min02

တစ်ယောက်က တင်လာတဲ့ အကြောင်းလေးပါ။ ဖြိုးမင်းသိန်းနဲ့ ကိုသိန်းတင်အောင်ကို တွယ်ထားတဲ့စာပါ။ အဲဒီစာကို သားဆွေ ဆိုတဲ့ သူရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။
အဲဒီ ဖေ့စ်ဘွတ်မှာပဲ ဗိုလ်မှုးစိုင်းသိန်းဝင်း က ဝင်ပြီး ကွန်မန့်ပေးထားတာကို တင်သူ သားဆွေ နဲ့ စိုင်းသိန်းဝင်း တို့ အပြန်အလှန် မေးဖြေ နေကြတာကို ဖတ်ကြည့်ရင် ပိုပြည့်စုံလို့ အတင်းအဖျင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖတ်ကြရအောင်ပါ။

Sai Thein Win ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လာသော ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းဆိုသူမှာလည်း သိန်းတင်အောင်၏ ဇနီးဖြစ်သူ ဒေါက်တာနန်းညိုညိုဝင်း၏ မောင်အရင်းဖြစ်ပြီး ပြည်ပမှ နိုင်ငံရေးလှုပ်ရှားသူများအကြား သပ်လျှိုသွေးခွဲရန် ဗိုလ်ချုပ်သိန်းဌေးမှ အကွက်ဆင် စေလွှတ်လိုက်သူဖြစ်သည်။ (ဖြည့်ရေးပေးတာ..)

Thar Swe တကယ်ပြောတာလား ဗိုလ်မှူး း) မနောက်နဲ့လေ

Sai Thein Win ဟုတ်တယ်လေ.. မသိဖူးလား.. း)
Sai Thein Win ကျနော်ထွက်ပြေးလာလို့ ဗိုလ်ချုပ်သိန်းဌေးက သူတို့ လင်မယားနှစ်ယောက်လုံးကို အိမ်ပေါ်က နှင်ချလိုက်တာ.. ပုံစံ တစ်ဆယ်ထဲ ပါနေလို့တဲ့..

Thar Swe မျက်လုံးတော့ နည်းနည်းလည်ပြီး နည်းနည်းကျယ်သွားပြီ ဗိုလ်မှူး

Sai Thein Win ကိုသိန်းတင်အောင်ကို ဗိုလ်ချုပ်သိန်းဌေးက အင်းစိန်ထောင်ထဲကနေ ထုတ်လာတာ မှန်တယ်။ သွားတွေတော့ ပြန်ပါမလာဘူး။ လက်ချောင်းလေးနှစ်ချောင်းလဲ လိမ်ချိုးခံထားရတယ်ဗျ။ ဗိုလ်ချုပ်သိန်းဌေး က ဗိုလ်ကြီး အဆင့်ပဲရှိသေးတယ်။ မပြုတ်တာ၊ ရာထူးဆက်တိုးတာ သူက အဲဒီတုန်း…က က.ပ.စ ညွှန်မှူး/Colonel GS ဗိုလ်မှူးချုပ်ခင်မောင်ဝင်းရဲ့ မရှိမဖြစ်လူ ဖြစ်နေလို့ပါ။ ဗခ ခင်မောင်ဝင်းကနေ ပစားပေးရင်းပေးရင်းနဲ့ နဂိုရ်ကလည်း smart ဖြစ်တော့ ဦးသန်းရွှေကိုယ်တိုင်က သဘောကျပြီး ရာထူးဆက်တိုးပေးလိုက်တာပါ။ ဗခ ခင်မောင်ဝင်းက ဦးသန်းရွှေရဲ့ တပ်ရေးဗိုလ်ကြီး လူယုံ ဖြစ်ခဲ့ဖူးတယ်။ ဗခသိန်းဌေး ရာထူးတိုးတာ ကိုသိန်းတင်အောင်နဲ့ မဆိုင်ပါဘူးဗျာ။

Thar Swe ကိုသိန်းတင်အောင်က ဒေါ်စုကို ပေါ်တင်ကြီး စာထုတ်ပြီးတိုက်ခိုက်ခဲ့ဖူးတယ်လို့ ကျနော် မှတ်သားထားဖူးတယ် ဗိုလ်မှူး
Thar Swe ဗိုလ်မှူးနဲ့ ကိုသိန်းတင်အောင် တော်စပ်မှုကို ကျနော် တကယ်မသိတာ
Thar Swe ခင်ညွန့်နဲ့ဒေါက်တာသန်းငြိမ်း ပဲသိတယ် း)

Sai Thein Win အဲဒါလဲမှန်တယ်။ သူတို့က နိုင်ငံရေး တအားလုပ်ချင်နေတာကိုး။ အဲဒီတုန်းက ရွေးကောက်ပွဲ ထောက်ခံပါတယ်ဆိုတဲ့ လူတွေ(သူတို့တွေ)တောင် လှုပ်ရရှားရခက်နေတာဗျ။ နောက်မှ ဦးအောင်သောင်းနဲ့တွေ့တယ်။ ဦးအောင်သောင်းကလည်း အခွင့်အရေးကို အရအမိယူပြီး မင်းတို့ လုပ်မယ်ဆိုရင် ဒေါ်စုကို ဆန့်ကျင်ကြောင်းအတိအလင်း စာထုတ်ဆိုပြီး တစ်ချက်ခုတ်နှစ်ချက်ပြတ် လုပ်ခိုင်းတယ်လို့ သုံးသပ်ရပါတယ်။

Sai Thein Win ရွေးကောက်ပွဲကို ထောက်ခံတယ်။ လွှတ်တော်ထဲ ဝင်လုပ်မယ်ဆိုတဲ့ လူတွေထဲမှာ ကိုအေးလွင်၊ ကိုနေမျိုးဝေ၊ ကိုသိန်းတင်အောင်တို့ အရမ်းကို တက်ကြွခဲ့ကြတယ်။ အတက်ကြွလွန်လွန်းလို့ အမြင်ကပ်လဲ ခံရတယ်။ အဲလို တက်ကြွလွန်လွန်းလို့ပဲ ဦးသန်းရွှေက မယုံတော့တာနဲ့ လွှတ်တော်ထဲ အဝင်မခံတာလို့ထင်ပါတယ်။ နောက်ဆုံးတော့ မိအေး နှစ်ခါနာ ဖြစ်သွားတာပေါ့။ အမတ်လဲမဖြစ်၊ ဒေါ်စုနဲ့ ထောက်ခံသူတွေ မုန်းတာပဲ အဖတ်တင်နဲ့။ ဦးအောင်သောင်းကိုက အခွင့်အရေးကို အရအမိယူတတ်တာပါ။

Thar Swe း) နောက်ဆုံး ကိုနေမျိုးဝေ ရေဒီယိုမှာ ပြောသွားခဲ့တာ သဘောကျတယ်။ ၅ သိန်း ကုန်သွားတဲ့ကိစ္စ း)

Thar Swe ဒါနဲ့ ဗိုလ်မှူးနဲ့ဗိုလ်ချုပ်သိန်းဌေးကျတော့ ဘယ်လိုဆွေမျိုးတော်စပ်မလဲ း) ကျနော် ခုနက ပြောတဲ့ မျက်လုံးလည်ပြီ ဆိုတာ အဲဒါ

Sai Thein Win ကိုသိန်းတင်အောင် နိုင်ငံရေးလုပ်တာ ဘယ်က ငွေနဲ့လုပ်မှန်းတော့ မသိဖူးဗျ။ လေနဲ့ လုပ်တာပဲ ဖြစ်ဖို့များတယ်။ တမိသားစုလုံးမှာ ကျနော့် အစ်မ တစ်ယောက်တည်း ဝင်ငွေရှိတာ။ အဲန်ဂျီအိုမှာ လုပ်နေလို့ တစ်လ ၅ သိန်းရတယ်။ အဲဒါပဲ။ ကျနော့် ကိစ္စဖြစ်တော့ အစ်မက သူ့ကို…ပါ ပြဿနာရှာပြီး ထောင်ချမှာ သိပ်ကြောက်နေတယ်။ သူထောင်ကျရင် တအိမ်လုံးငတ်ပြီ။ နေတော့ ကျနော့် အမေ တိုက်ခန်းလေးမှာ အတူတူနေကြတယ်။ ကိုသိန်းတင်အောင်လည်း သိပ်ကြာကြာနေရတော့မှာ မဟုတ်ပါဘူးဗျာ။ ကင်ဆာရောဂါသည်ပါ။

Thar Swe သားသမီးတွေ ရှိလား ဗိုလ်မှူး

Sai Thein Win ဗိုလ်ချုပ်သိန်းဌေးရဲ့ ဇနီး ဒေါ်မြင့်မြင့်ခိုင်က ကိုသိန်းတင်အောင်ရဲ့ အစ်မအရင်း။ ကိုသိန်းတင်အောင်ရဲ့ ဇနီး မနန်းညိုညိုဝင်းက ကျနော့် အစ်မအရင်း။ ယောက်ဖရဲ့ ယောက်ဖကြီးပေါ့ဗျာ။ ကျနော်ကတော့ ဗိုလ်ချုပ်ပဲ ခေါ်ပါတယ်။

Thar Swe သူတို့ဘဝအကြောင်းကြားရတာလည်း စိတ်မကောင်းစရာပဲ။ ၂၀၁ဝ မှာ သူတို့က အလံရှူးနီးပါးဖြစ်ကုန်ကြတာပဲ။ နောက်တော့ စစ်အစိုးရ ချောင်ထိုးတာ ခံသွားရတယ်။ တကယ့် ဘုရားပြီးငြမ်းဖျက်ခံလိုက်ရတဲ့သဘောပဲ။ သံဝေဂ ယူစရာပဲဗျာ။

Sai Thein Win ကျနော့်ကို ပြောတာလား .. သားသမီးလား.. အဆင်ပြေရင် ကိုးလ ပေါ့ဗျာ.. း)

Thar Swe ကိုသိန်းတင်အောင် မှာ သားသမီးရှိလားလို့မေးတာပါ

Sai Thein Win ရှိပါတယ်ဗျာ.. ကျနော့် တူမ အငယ်ဆုံးလေးပေါ့.. အင်ကြင်းဖြူဖြူတဲ့.. လေးတန်းရောက်ပီနဲ့ တူပါတယ်။

Thar Swe နာမည် လှလိုက်တာ လူလည်းချစ်ဖု့ိကောင်းမယ့်ကလေးပဲဖြစ်ရမယ်

Sai Thein Win စကားသိပ်တတ်တာ.. အဖေကို ရှမ်းလို ပေါ့ပေါ့လို့ခေါ်ပြီး အမေကိုကျတော့ ဗမာလို မေမေလို့ ခေါ်တယ်..

Thar Swe ဝင်ရောက် ဆွေးနွေးပြီးမှတ်ချက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗိုလ်မှူး

ဒီမို ဖက်တီး ဗိုလ်မှုးတို့ ကိုသားဆွေ တို့သာ ပြန်လာလှုပ်ရှားရင် ဒီလူတွေ ဘယ်မှာ နေရာရမလဲ …. ဟုတ်ဖူးလားးးး

Sai Thein Win ‎@ဒီမိုဖက်တီး: မစော်ကားနဲ့.. နေရာဆိုတာကို မက်ရင် စကတည်းက ထွက်မလာဘူး.. ကိုယ့်တပ်မှာ ကိုယ်နေပြီး လက်မှတ်အထိုးကျင့်နေလို့ရတယ်.. ဒီသတင်းထဲမှာ ကိုသိန်းတင်အောင်အကြောင်းတွေ ပြောထားတာ ကျနော်သိထားတာနဲ့ လွဲနေလို့ ဝင်ပြောထားတာပဲရှိတယ်.. ကျနော်ဘယ်သူ့ကိုမှ မစော်ကားဘူး..

Thar Swe ဗိုလ်မှူး စိတ်ထဲမထားပါနဲ့။ ဒါမျိုးတွေက နောက်လည်း ကြုံရဦးမှာပဲ။ Defeat the game by ignoring it. ဥပက္ခာတရားနဲ့ပဲ အနိုင်ယူလိုက်ပါ ဗိုလ်မှူး။

2 comments

  • thit min

    December 9, 2011 at 12:52 pm

    ပေါ် တင်ဘဲ ပြောလိုက်တော့မယ် မိတ်ဆွေကြီး ကိုလင်းဝေကျော် ရေ ။
    အဲဒီ “ဒါလားဟဲ့ နိုင်ငံရေး ဆိုတာ ဟင်” ဆိုတာကိုတင်လာသူ ဆရာ က အဲဒီလို အလား တူ”ဖွ”ပို့စ်
    တွေ ကို “””””ကိုယ်တိုင်ရေး””””” မဟုတ်၊ “””ကိုယ့် အာဘော် လဲ မပါ “”
    “” မူရင်းသမားကိုလည်း “””ခရက်ဒစ်မပေးဘဲ”””” လာတင်နေတာ ကြာပြီဗျ။
    သူ “အစ” လာဆွဲထုတ်နေတာလို့ ကျနော် မြင်တယ်။
    စိတ်ထဲ မသိုးမသန့် ကြီး မို့ ဖတ်ကိုမဖတ် ဘူး ဗျာ။ရှင်းရဲ့လား။
    အွန်လိုင်းပေါ်မှာ ကိုယ်ထင်ရာ ကိုယ်ရေးထားတဲ့ နေရာကဟာတွေ ကို ခင်ဗျား လိုက်ရှင်းနေရင်
    စိတ်နဲ့ပင် ပန်း မှာ စိုးလို့ လေးစားစွာ ပြောပြတာပါ။

    Reply

  • လင်းဝေ

    December 9, 2011 at 12:58 pm

    သိပါပြီ ကိုသစ်ရေ။ ကျေးဇူး။
    တကယ်တမ်းတော့ ဂေဇက်ကုန်းရွာထဲမယ် ကျနော်တစ်ယောက်ကတော့ ဘယ်သူဘာမှန်းလဲမသိပါဘူးဗျာ။
    ကိုယ်က အလုပ်ထဲမှာ ဆိုတော့ အားလုံးလည်း မဖတ်ဖြစ်တော့ မသိဘူးဖြစ်နေတာပေါ့။
    အင်းး… ရှင်းမိတာတော့ မဟုတ်ပါဘူး… ကိုယ်သိသလောက်လေး ပြန်တင်ပေးတာပါပဲ။ ကိုယ်လဲ ဘာကောင်မှတော့ မဟုတ်ပါဘူးလေ။

    Reply

Leave a Reply

Your email address will not be published.