သစ်ခွ ချစ်သူတိုင်း စိတ်ကြည်နူး စေဖို ့(၂)

mandalarthuOctober 16, 20112min015

အိမ်ရှေ ့ဥယျာဉ်ထဲမှာ ပွင် ့ဖူးနေသော ရောင်စုံ သစ်ခွပန်းလေး တွေကို ဆန်းသစ်လှပတဲ ့ပုံစံလေးတွေနဲ ့ ရိုက်ကြည် ့ထားတာပါ။

ဒီနေ  ကျန်တဲ ့ပုံလေးတွေကို  မျှဝေ လိုက်တာပါ။

သစ်ခွချစ်တတ်သူများ ပျော်ရွှင်ကြပါစေ။

15 comments

  • MOEPWINTPHYU

    October 17, 2011 at 2:17 pm

    ကဲရွာထဲမှာပန်းတွေတောရောက်လာပြီ
    မင်္ဂလာဆောင်သွားရင် ပန်သွားလို့ရအောင် ခူးသွားပြီနော်
    ဟဲဟဲ
    လှတယ်….

    Reply

    • etone

      October 17, 2011 at 3:51 pm

      ကိုယ်တိုင် မင်္ဂလာဆောင်လျှင်လည်း ခြံပိုင်ရှင်ရွာသူ၊ရွာသားထဲက စပွန်ဆာပေးမယ့်လူတွေလည်း ရှိပါတယ် မိုးပွင့်ဖြူရဲ့ …. 😛

      သစ်ခွစိုက်တာ အရမ်းကို ဂရုစိုက်ရတယ်လို့ ကြားဖူးတယ် အပွင့်လေးတွေ အချိန်မှီပွင့်အောင် အားဆေး ထိုးရတယ်လို့လည်း ကြားဖူးတယ် … သူများပန်းစိုက်လို့ ရှင်လာပြီဆိုလျှင်သာသဘောကျတတ်တာ … 😀 ကိုယ်တိုင်ကတော့ ဘာအပင်မှ ဖြစ်ဖြစ်မြောက်မြောက် မစိုက်ဖူးဘူး …

      Reply

  • we R one

    October 17, 2011 at 6:12 pm

    သီတင်းလည်းကျွတ်ပြီဆိုတော့.. ရွာထဲမှာ သစ်ခွပန်းတွေလည်း ဝေဝေဆာဆာ ပွင့်ပြီပေါ့.. မိတ်ကပ်နဲ ဝတ်စုံး တွေ ပဲကျန်တော့တယ်… ကဲကဲ.. ဒီနှစ်သီတင်းကျွတ်မှာ ရွာထဲမှာ ဘယ်သူအရင် ကျွတ်မလဲဗျို့.. ကျွတ်မယ်ဆိုလည်းခေါင်းလောင်းလေး ထိုးကြပါအုံး.. 😀

    Reply

    • mandalarthu

      October 18, 2011 at 8:55 pm

      မိုးပွင် ့ေ၇….
      ကြိ ိုုက်သလောက်သာယူ၊ အကုန်ပေးတယ်။
      မင်္ဂလာဆောင်သွားရုံတင်သာမကဘူး ကိုယ်တိုင် မင်္ဂလာဆောင်လျှင်လည်း ခြံပိုင်ရှင်က
      အိတုန်ပြောသလိုဘဲ စပွန်ဆာပေးဦးမှာ………
      သစ်ခွချစ်သူတွေမို ့လေ………
      သစ်ခွစိုက်တာအရမ်းကို ဂရုစိုက်ရပါတယ်..မေမေကတော ့မပွင် ့ခင်အရိပ်တကြည် ့ကြည် ့နဲပေါ ့
      တို ့ကတော ့ပွင် ့ပြီး အရိပ်တကြည် ့ကြည် ့နဲ ့ပေါ ့………..အတူတူပါဘဲ…….ဟဲဟဲ။
      We R One ရေ……..သစ်ခွပန်းတွေ တင်မိတာ…သီတင်းကျွတ်ကာလဆိုတော့လည်း….သစ်ခွပန်းတွေ.စပွန်ဆာပေးရမှာပေါ ့…..
      မိတ်ကပ်န ဲ့ ဝတ်စုံ တွေ တော ့We R One က …….စပွန်ဆာပေးမှာတဲ ့။
      ကဲကဲ…..ရွာထဲ ကဘယ်သူအရင် ကျွတ်မလဲဗျို့.. ..ခေါင်းလောင်းလေး တီးကြပါအုံး….

      Reply

  • alinsett

    October 17, 2011 at 6:21 pm

    စိတ်…ကို ကြည်လင် ရွှင်မြူး…သွားစေတဲ့ အထိ ပန်းလေးတွေက ဆွဲဆောင်ပါတယ်။

    ပုံ ရိုက်ချက်.. အလင်း အမှောင် ယူဆချက် နေရာ ယူဆ ချက်တွေ..တော်တော် ကောင်းပါတယ် ။

    အဲဒီလို..ပန်းလေးတွေ.ရောင်စုံ ဖူးပွင့်နေတဲ့ ခြံလေးထဲ..မှာ နေ နေရတဲ့ သူလေး..ဆိုတော့ …သိပ်ကို ပျော်နေမှာပဲ.နော်။

    ကိုယ်လည်း ပန်းတွေ.ကို..အင်း……. သဘာဝ ပတ်ဝန်းကျင်ကို ..ချစ်တ.ယ်။

    ကိုယ်လည်း အဲလို ပန်းလေးတွေ..စိုက်ဦးမယ်။

    ဒီပို ့စ်လေး အတွက် ကျေးဇူးပါပဲ..။

    Reply

  • mandalarthu

    October 18, 2011 at 9:17 pm

    အလင်းဆက်ရေ……
    စိတ်…ကို ကြည်လင် ရွှင်မြူး…သွားစေတယ် ဆိုလို ့ တကယ်ဝမ်းသာရပါတယ်။ကျေးဇူးပါနော်။
    ဓာတ်ပုံပညာက …..အခြေခံ အဆင် ့လောက်သာရှိတာပါ။
    ကဗျာဆရာတဦး ကဗျာတပုဒ်ကို ကိုယ်တိုင်ခံစားရေးဖွဲ ့ထားသလိုမျိုး ………….
    ကိုယ်လဲ….. ပန်းကလေးတွေရဲ ့အလှကို …… ကိုယ်တိုင်ခံစား ပြီး ဓာတ်ပုံရိုက်ထားလို ့ပါ။
    လူသားတဦးအနေနဲ ့……..သဘာဝပန်းကျင်ကို ချစ်မြတ်နိူးတယ်ဆိုတာ…..
    လူသားတိုင်းမှာ……..ရှိကိုရှိသင် ့တဲ ့စိတ်ထားတရပ်ပါဘဲလို ့ထင်ပါတယ်။
    အလင်းဆက်…ကဗျာတွေလဲ အမြဲအားပေးနေပါတယ်။ဆက်သာရေးပါနော်။

    Reply

  • အနှိုင်းမဲ့

    October 22, 2011 at 4:34 pm

    ပန်းတွေတင်ချင်တယ်ဆိုရင် ပန်းများများ ပွင့်နေတဲ့ ပန်းခြံထဲသွားရိုက်ပြီး တင်ရင် ပိုအဆင်ပြေမယ်ထင်တယ် ။ တစ်ပွင့်နှစ်ပွင့်လောက်က ကြည့်ရတာ အားမရပါဘူး။

    Reply

  • padonmar

    October 22, 2011 at 7:18 pm

    ကိုယ်တိုင်စိုက်တဲ့ အပင်ကပွင့်တဲ့ပန်းကလေးတွေက ကိုယ့်သားသမီးလေးတွေလိုပါဘဲ။
    ကိုယ့်အတွက်တော့ အလှဆုံးပေါ့။အလှဆိုတာ ပန်းလေး၁ပွင့်ထဲလည်း လှတာပါဘဲ။
    ဒါကို မျှဝေပေးတဲ့ စေတနာကို လေးစားပါတယ်။

    Reply

  • windtalker

    October 22, 2011 at 9:39 pm

    မန်တလာသူလေး ရဲ ့ပုံတွေကို မြင်ရတော့
    ရေစစ်ကန်နားမှာ နေတာများလား လို ့တွေးမိတယ်
    တစ်ကယ်အမှန်ပဲ ဆိုရင်တော့ ဝင်းစံပါယ် မှာ
    တွေ ့ဆုံပွဲလေး လုပ်လိုက်ရအောင်နော်

    Reply

    • mandalarthu

      October 23, 2011 at 9:09 pm

      ကိုပေရေ
      ဟား…ဟား…ဝင်းစပယ်နဲ ့ မနီးပေါင်ဗျာ….…
      မန္တလေးမှာက …ဝါသနာပါလို ့စိုက်တဲ့ ကိုယ်ပိုင်သစ်ခွခြံလေးတွေ အများကြီးပါဗျာ……
      မှန်းကြည် ့ပေါ ့ဗျာ….

      Reply

  • mandalarthu

    October 22, 2011 at 9:39 pm

    အနှိုင်းမဲ့ ရေ အကြံ ပြ ုတဲ ့အတွက်ကျေးဇူးပါ။ မှတ်ထားလိုက်ပြီနော်။
    Ma padonmar ရေ……
    မိမိရဲ ့ကိုယ်ပိုင်ပန်းခြံကပန်းတွေမို ့အများကို
    မျှဝေပေးချင်တဲ့ စေတနာဖြစ်မိတာကို
    နားလည်ပေးလို ့ကျေးဇူးတင်ပါတယ်။

    Reply

  • အနှိုင်းမဲ့

    October 23, 2011 at 12:30 pm

    ဟုတ်ပါပြီ။ ဒါဆို မင်္ဂလာဆောင်ရင် တော ့စပွန်ဆာပေးဦးနော်။ လာတောင်းမယ်နော်။

    Reply

    • mandalarthu

      October 23, 2011 at 9:07 pm

      OK ပါ အနှိုင်းမဲ့ရေ။

      Reply

  • alinsett

    November 6, 2011 at 6:41 pm

    မန္တလာသူ…ရေ..။ အသက်က ဘယ်လောက်လဲ..မသိလို ့..ဘယ်လိုခေါ်ရမလဲ..မသိ။ ကိုယ်က 24 ပါ ကိုယ် ့ထက်ကြီးမယ်ထင်တယ်နော်။
    ကိုယ့်ရဲ ့…အလင်းဆက်အကြောင်း….ပို ့စ်မှာ ကိုယ့်ကို မေးသွားတာလေး ဖြေပါရစေ။
    ကိုယ်က အွန်လိုင်းပေါ် အရောက်နည်းတော့…တော်တော်နဲ ့မဖြေဖြစ်ခဲ ့ဘူး။

    ကိုယ် လေးစား အားကျရတဲ ့ စာရေးဆရာကြီးတွေ..က ကိုယ့်ထက် ပို ကောင်းတဲ ့ပို မြင့်မြတ်တဲ ့ရည်ရွယ်ချက်တွေ..နဲ ့စာရေးနေကြတယ်..လို ့ထင်ပါတယ် ။
    ဆရာကြီး..ဇော်ဂျီ..ဆိုရင် မြန်မာ စာပေလောကနဲ ့ါမြ်န်မာ ပြည်သူတွေ.ကို အတော်လေး…အကျိုးပြု..ခဲ ့တယ်နော်
    ဆရာဇော်ဇော်အောင်တို ့ သစ္စာနီ..တို့ ့ဆိုလည်း..အနုပညာလောက တိုးတတ်ဖို ့….
    ဆရာတာရာမင်းဝေ ဆိုလည်း..အနုပညာ ကို ချစ်တတ်လိုက်တာ…
    ဆရာမ ဂျူးကိုတော့ ကိုယ် မဝေဖန်တတ်ဘူး.။ မိန်းမတွေ..တော်ဖို ့ တတ်သိလိမ္မာဖို ့..သဘာဝ ပတ်ဝန်းကျင်..သာယာ ဖို ့..အနုပညာ ကောင်းမွန်လာဖို ့..အင်း..သူမ မှာက ရည်ရွယ်ချက်တွေ..တော်တော်များတယ်နော်။
    သေချာတာကတော့…
    ကိုယ်လေးစားအားကျရတဲ့ ဆရာကြီးတွေ..ဟာ ကိုယ့်ထက် အဆများစွာ..သာ တဲ ့ပိုမြင့်မြတ်တဲ ့
    ရည်ရွယ်ချက်တွေ..နဲ ့ ရှိခဲ ့တာပါ။
    ကိုယ် သူတို့ ကို သိပ်လေးစားပါတယ် ။
    ကိုယ့်ရဲ ့ကျေးဇူးရှင်ကြီးတွေ..ပါ ။

    ကိုယ် ့ကို အမြဲ.တမ်း….( သိမ်မွေ့စွာ..) ဝေဖန် အားပေးခဲ ့တဲ ့ မန္တလာသူ ကို အရမ်းကျေးဖူးတင်ပါတယ် ။
    ကိုယ်က စာပေက်ို ချစ်တဲ ့ သာမန် လူငယ် တစ်ယောက်ဆိုတော့ မန္တလာသူတို ့လို…
    တကယ့်စေတနာနဲ ့ဝေဖန် မယ် ့ မိတ်ဆွေတွေ…အရမ်းလိုအပ်ပါတယ်ဗျာ..။
    ကိုယ့်ကို ဝေဖန်ပါ။ အားပေးပါ ။ကိုယ် မှားနေတာ…ပြင်သင့်တာရှိရင် လည်း.(.အားမနာတမ်း).ထောက်ပြ ပါ ။
    ကိုယ် လှိုက်လှဲစွာ..ကြိုဆိုနေပါတယ် ။
    အခု စာလေးကို လည်း…စိတ်မရှိပါနဲ ့နော်။ ကိုယ် က မန္တလာသူ၊ရဲ့ မေးလ် လိပ်စာကိုမသိ လို ့ ဒီလို ပဲ..ရေးပို ့လိုက်ပါတယ် ။
    အစစအရာရာ အတွက် တကယ်..လေးစားစွာ.ကျေးဇူးတင်နေလျက်ပါ…။
    ခင်မင်စွာ..
    အလင်းဆက်

    Reply

  • mandalarthu

    November 6, 2011 at 9:52 pm

    အလင်းဆက်ရေ
    ကိုယ်လဲ စာပေက်ို ချစ်တဲ ့ သာမန် လူတစ်ယောက်ပါဘဲ။ ဒါ ့ကြောင် ့ကိုယ် က အပြု သဘော သက်သက်ဝေဖန်မှု ပြုလေ ့ရှိပါတယ်။ ကောင်းတဲ့ ၊အတွေးအခေါ်ပါတဲ ့စာလေးတွေကို လဲ သဘောကျတာမို ့
    အမြဲ အားပေးပါတယ်။စာတပုဒ် ကို ဖတ်လိုက်ရင် စာရေးသူရဲ ့စေတနာကို သိသာထင်ရှားစွာ တွေ ့နိုင်တာဘဲလေ။ ကဗျာ ၊ဆောင်းပါးတပုဒ် ပုဒ်ကနေ ကောင်းတဲ့ သုတ၊ရသ တခုခုကို စာဖတ်သူကို ပေးစွမ်းနိုင်ရင် ကောင်းတဲ ့စာကောင်းပေမွန်ဘဲပေါ ့။
    အလင်းဆက် မှာလဲ အလင်းဆက်လေးစားအားကျရတဲ့ ဆရာကြီးတွေလို မြင် ့မြတ်တဲ့ ရည်ရွယ်ချက်တွေ.
    ရှိလိမ် ့မယ်လို ့ယုံကြည်ပါတယ်။ အများအတွက် သူတို ့ရဲ ့အနုပညာနဲ့
    အကျိုုးပြုနေကြတာဖြစ်လို ့မျိုုးဆက်သစ်လူငယ်တွေ အတွက် စံပြု ထိုက်တဲ့ သူတွေပါဘဲ။
    ဆက်သာ ကြိုးစားပါ။ အမြဲ အားပေးနေပါတယ်။

    Reply

Leave a Reply

Your email address will not be published.