BIDC ဖိတ်ခေါ်ဖလား Champion မြန်မာလူငယ်အသင်းအား ဂုဏ်ပြုလျှက်

kanjosanOctober 16, 20111min06

ယနေ့ ကမော္ဘဒီးယား နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော BIDC ဖိတ်ခေါ် ဖလားပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် မြန်မာလူငယ်အသင်းက ထိုင်းလူငယ်အသင်းကို ၂ – ၁ ဖြင့် အနိုင်ရရှိက ချန်ပယံ ဆုဖုလားနှင့် ငွေသား 20000 US$ ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါသည်။ နောက်ဆုံးဗိုလ်လုပွဲ ဖြစ်သည့်အလျောက် ပွဲကျင်းပရာ Olympic Stadium ကွင်းအတွင်းသို့ မြန်မာ ပရိတ်သတ်များ နေ့လည် ၂ နာရီ ထိုးမှ စတင် ဝင်ရောက်လာရာ ပွဲစခါနီး အချိန်တွင် ယောက်၂၀ဝ နီးပါးရောက်ရှိပြီး၊ နိုင်ငံတော်သီချင်း၊ မြန်မာ့အားကစား ကမာကိုလွှမ်းစေရမည်၊ ရဲရဲတောက် သီချင်းများ သံပြိုင်သီဆို အားပေးကြပါသည်။ ပရိတ်သတ်များထဲတွင် ထူးထူးခြားခြား အလောင်းမင်းတရား ဦးအောင်ဇေယျပုံစံဖြင့် လာရောက်အားပေးသော ပရိတ်သတ်ကိုလည်းတွေ့ရပါသည်။ ပွဲစသည်နှင့် တစ်ပြိုင်နက် တစ်ဖက်နှင့် တစ်ဖက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး ပွဲမှာ အလွန်ကြည့်ကောင်းပါသည်။ အထူးသဖြင့် ပထမပိုင်တစ်ပိုင်လုံးနီးပါ မြန်မာအသင်းမှ တစ်ကွင်းလုံးဖိပြီး အချိတ်အဆက်မိမိဖြင့် ကစားသည်မှာ အလွန်ကောင်းလှပါသည်။ ထိုင်းအသင်း၏ တန်ပြန်တိုက်စစ်မှ ပထမဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် မြန်မာအသင်း အထူးတိုက်စစ်ဖွင့် ကစားသွားရာ ၂ မိနစ်အတွင်း ခြေပဂိုးကို သွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် ပထမပိုင်းအပြီးတွင် ၁ – ၁ သရေဖြင့်သာ အဆုံးသတ်သွားပါသည်။ ဒုတိယပိုင်း တစ်ပိုင်းလုံးနီးပါး ထိုင်းအသင်းက ခြေအသာ၊ ကစားကွက်သာဖြင့် ကစားသွာရာ မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်ပေးမှု့ကြောင့် သရေရလဒ်ကို ထိန်းထားနိုင်ခဲ့ပါသည်။ ဒုတိယပိုင်း ပြီးသည်အထိ တစ်ဖက်နှင့် တစ်ဘက် သရေဖြစ်နေသောကြောင့် အချိန်ပို ၁၅ မိနစ်ဆီ ထပ်ကစားစေပါသည်။ အချိန်ပိုတွင်လည်း မြန်မာတို့ ခံစစ်ဖြင့်သာ ကစားပြီး ရံဖန်ရံခါ တန်ပြန်တိုင်စစ်ဖွင့်ကာ ဂိုးမပေးရရေး ကစားသွားပါသည်။ အချိန်ပို ဒုတိယပိုင်း ၅ မိနစ်တွင် မြန်မာတို့ အနိုင်ဂိုးကို တန်ပြန်တိုက်စစ်မှတဆင့် သွင်းယူနိုင်ခဲ့သဖြင့် ဗိုလ်စွဲသွားခဲ့ခြင်းဖြစ်ပါသည်။ အချိန်ပိုအတွင်း တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် ကစားရင်း ရံဖန်ရံခါ ပြစ်ဒဏ်ဘောများ ပေးခံရခြင်းများ ရှိခဲ့ပါသည်။ ပွဲအပြီးတွင် ဆုပေးပွဲကို ဆက်တိုက်ကျင်းပရာ အသန့်ရှင်းဆုံးအသင်းဆုကို ကမော္ဘဒီးယားအသင်းကို လည်းကောင်း၊ (Runner Up ) ဒုတိယဆုကို ထိုင်းအသင်းကိုလည်းကောင်း ပေးအပ်ပြီး နောက်ဆုံး Champion ဆုဖလားနှင့် ငွေသားကို မြန်မာအသင်းအား ပေးအပ်ပါသည်။ ထိုအချိန်တွင် မြန်မာပရိတ်သတ်မှ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို အားပေးကြပြန်သည်။ ဆုများပေးပြီးနောက် မြန်မာ့ပရိတ်သတ်များ ကွင်းအတွင်း ဝင်လာကျပြီး သေဆုဖလားနှင့် ငွေသားကို မြန်မာအသင်းအား ပေးအပ်ပါသည်။ ထိုအချိန်တွင် မြန်မာပရိတ်သတ်မှ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို အားပေးကြပြန်သည်။ ဆုများပေးပြီးနောက် မြန်မာ့ပရိတ်သတ်များ ကွင်းအတွင်း ဝင်လာကျပြီး သေဆုဖလားနှင့် ငွေသားကို မြန်မာအသင်းအား ပေးအပ်ပါသည်။ ထိုအချိန်တွင် မြန်မာပရိတ်သတ်မှ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို အားပေးကြပြန်သည်။ ဆုများပေးပြီးနောက် မြန်မာ့ပရိတ်သတ်များ ကွင်းအတွင်း ဝင်လာကျပြီး ဘောလုံးသမားများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကြပါသည်။ မြန်မာဘောလုံးလောကအတွက် အားထားရသော နိုင်ငံဂုဏ်ဆောင် အားကစားသမားများကို ဂုဏ်ပြုလျှက်….

6 comments

  • shweyone

    October 17, 2011 at 12:34 am

    လေးစားပါတယ်ဗျာ…ဒီလိုဆိုတော့လည်း… 🙂

    Reply

  • kocho

    October 17, 2011 at 5:14 am

    မြင်ချင်တာကြားချင်တာ ဒါမျိုးတွေ (ကျေးဇူးတင်ပါ၏)

    Reply

  • တညင်သား

    October 17, 2011 at 5:47 am

    ကျေးဇူးပါ ဗျာ အခုလို တင်ပေးတဲ့အတွက် ပုံတွေကြည့်ရတာ မိုက်တယ်… မြန်မာအားကစား ရွှေရောင်နေ့သစ်တွေကို ဆက်လက်လျှောက်လှမ်း နိင်ပါစေ…….

    Reply

  • ba gyi

    October 17, 2011 at 10:08 am

    အဲဒါ ဓါတ်ပုံထဲက လက်ပိုက်ပြီး ဆေးမှင်ကြာင်အတုထိုးလာတဲ့ အကောင်လေ ဟိုပုဆိုးအကွက် နဲ့ဟာ
    မြင်ကလား၊ အဲ အဲသည်အကောင်လေး လက်မောင်းမှာ ( စဓဗဝ ) ထိုးလာလို့ နိုင်တာနေမှာ—–၊
    ဘယ်လို နိုင်နိုင် နိုင်တယ်လို့မှတ်ပါ၏၊ ဝမ်းသာပီတိဖြစ်ပါ၏။

    Reply

  • ပေါက်ဖော်

    October 17, 2011 at 10:11 am

    ကန်ဂျိုဆံ ရေ..ရှဲရှဲ..

    အားကစား ဝါသနာပါလို့လားမသိဘူး..
    အဲဒီပွဲရှိတာ သိတောင်မသိဘူး..

    ကိုကံ ဂျိုဆန် တင်ပေးမှပဲ သိတာ….
    ဖလားယူလာတဲ့မြန်မာလူငယ်တွေကို.ဂုဏ်ပြုပါတယ်….
    ဖလားကြီးတွေလဲ….နောက်ထပ်..သိမ်းပိုက်နိုင်ကြပါစေဦး..
    ရှဲ..ရှဲ..

    Reply

  • MOEPWINTPHYU

    October 17, 2011 at 1:08 pm

    နိုင်တယ်ဆိုတောဝမ်းသာစရာပေါ ဒီလိုသတင်းလေးတွေများများကြားချင်းပါတယ်
    ကန်တာတောင်မသိဘူ
    နိုင်းတယ်ဆိုတောကောင်းတာပေါ နော် သတင်းပေးတဲအတွက်ကျေးဇူး

    Reply

Leave a Reply

Your email address will not be published.