BIDC ဖိတ်ခေါ် ဖလားဖိုင်နယ်သို့ တက်ရောက်သွားသော မြန်မာလူငယ်အသင်း..

kanjosanOctober 15, 20111min01

 



ကမော္ဘဒီးယား နိုင်ငံတွင် ကျင်းပလျှက် ရှိသည့် BIDC ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွင် မြန်မာ U 21 အသင်းက ဗီယက်နမ် အသင်းကို ခြေအသာဖြင့် အနိုင်ရကာ ဗိုလ်လုပွဲဆီသို့ တတ်ရောက်သွားပါသည်။ ပွဲစဉ်တစ်လျှေက်လုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး တစ်ဘက်နှင့်တစ်ဘက် ၁ – ၁ သရေ ဖြစ်နေရာ ပင်လယ်တီ အဆုံးအဖြစ်ဖြင့် အနိုင်အရှုံး ဆုံးဖြတ်ရာ မြန်မာအသင်းက ၆-၅ ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပင်လယ်တီတွင် မြန်မာဂိုးသမားက အထူးလက်စွမ်းပြကာ နှစ်လုံးကာကွယ် ပုတ်ထုတ်ခဲ့ပါသည်။ မြန်မာအသင်းမှ အသင်းခေါင်းဆောင် ဒေးဗစ်ထန်မှ တစ်လုံးလွဲချော်သွားကာ ၆-၅ ဖြင့် အနိုင်ရခဲ့ပါသည်။ ဗီယက်နမ်အပေါ်တင်သော မြန်မာဘောလုံး အသင်းကြီး၏ ရှုံးကြွေးကို ပြန်ဆပ်လိုက်ပါသည်။ ပွဲစဉ်တစ်လျှောက်လုံး ကမော္ဘဒီးယားရှိ မြန်မာများမှ အထူးအားပေး ကြပါသည်။ မြန်မာသံရုံး၏ စီစဉ်ပေးမှု့လည်း ကောင်းပါသည်။ မြန်မာများ၏ မျိုးချစ်စိတ်ဓါတ်၊ ဇာတိမန်ဖြင့် အသံကုန်ဟစ်ကာ အားပေးကြသည်မှာ ကျက်သီးထစရာ ကောင်လှပါသည်။ ပွဲပြီးသွားသောအခါ မြန်မာဘောလုံး ကစားသမားများနှင့် ပရိတ်သတ်များ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပါသည်။ ဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ အထူးရေကုန်ရေကန်း ကြိုးစားကစားရန် လိုအပ်ပါသည်။ ထိုင်းအသင်းအားလည်း ရှုံးကြွေးဆပ်နိုင်ပြီး ဗိုလ်စွဲလျှင်ပိုကောင်းပါမည်။

(တိုင်းပြည်နဲ့လူမျိုးဂုဏ်ကို မြှင့်တင်ပေးခဲ့ပြီ မြန်မာနိုင်ပြီ ဒို့မြန်မာနိုင်ပြီ.. တိုင်းပြည်ကပေး ပေးအပ်လိုက်တဲ့တာဝန်များ ကျေပွန်ပါပြီ တကယ့်ကိုကျေပွန်ပြီ သောင်းသောင်းဖြဖြ ကြိုဆိုလိုသည် ပြည်သူများဂုဏ်ပြုထိုက်ပေသည်။ )၂

One comment

  • တညင်သား

    October 16, 2011 at 12:21 am

    ကြားရတာ သတင်းကောင်ပါပဲ.. ဗိုလ်စွဲ နိင်ပါစေ……………….

    Reply

Leave a Reply

Your email address will not be published.