ကမော္ဘဒီးယား-BIDC ဖိတ်ခေါ်ဖလား ပွဲတွင် မြန်မာ U 21 အသင်းက ဗီယက်နမ် ကိုနိုင်ကာ ဗိုလ်လုပွဲတက်..

kanjosanOctober 15, 20111min02

ကမော္ဘဒီးယား နိုင်ငံတွင် ကျင်းပလျှက် ရှိသည့် BIDC ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွင် မြန်မာ U 21 အသင်းက ဗီယက်နမ် အသင်းကို ခြေအသာဖြင့် အနိုင်ရကာ ဗိုလ်လုပွဲဆီသို့ တတ်ရောက်သွားပါသည်။ ပွဲစဉ်တစ်လျှေက်လုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး တစ်ဘက်နှင့်တစ်ဘက် ၁ – ၁ သရေ ဖြစ်နေရာ ပင်လယ်တီ အဆုံးအဖြစ်ဖြင့် အနိုင်အရှုံး ဆုံးဖြတ်ရာ မြန်မာအသင်းက ၆-၅ ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပင်လယ်တီတွင် မြန်မာဂိုးသမားက အထူးလက်စွမ်းပြကာ နှစ်လုံးကာကွယ် ပုတ်ထုတ်ခဲ့ပါသည်။ မြန်မာအသင်းမှ အသင်းခေါင်းဆောင် ဒေးဗစ်ထန်မှ တစ်လုံးလွဲချော်သွားကာ ၆-၅ ဖြင့် အနိုင်ရခဲ့ပါသည်။ ဗီယက်နမ်အပေါ်တင်သော မြန်မာဘောလုံး အသင်းကြီး၏ ရှုံးကြွေးကို ပြန်ဆပ်လိုက်ပါသည်။ ပွဲစဉ်တစ်လျှောက်လုံး ကမော္ဘဒီးယားရှိ မြန်မာများမှ အထူးအားပေး ကြပါသည်။ မြန်မာသံရုံး၏ စီစဉ်ပေးမှု့လည်း ကောင်းပါသည်။ မြန်မာများ၏ မျိုးချစ်စိတ်ဓါတ်၊ ဇာတိမန်ဖြင့် အသံကုန်ဟစ်ကာ အားပေးကြသည်မှာ ကျက်သီးထစရာ ကောင်လှပါသည်။ ပွဲပြီးသွားသောအခါ မြန်မာဘောလုံး ကစားသမားများနှင့် ပရိတ်သတ်များ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပါသည်။ ဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ အထူးရေကုန်ရေကန်း ကြိုးစားကစားရန် လိုအပ်ပါသည်။ ထိုင်းအသင်းအားလည်း ရှုံးကြွေးဆပ်နိုင်ပြီး ဗိုလ်စွဲလျှင်ပိုကောင်းပါမည်။

 

2 comments

  • water-melon

    October 15, 2011 at 2:38 pm

    လုပ်စမ်းပါ။ နိုင်အောင်ကန်ကြစမ်းပါ။ ဒို့ဗမာတွေကို အထင်သေးနေတဲ့ မျက်လုံးတွေကို ပြူးသွားအောင်လုပ်ပြလိုက်စမ်းပါ။ အရှေ့တောင်အာရှရဲ့ အင်အားကြီး အားကစားနိုင်ငံ တွေဖြစ်တဲ့ ထိုင်း ကိုလည်း ဗိုလ်လုပွဲမှာ အပြတ်အသတ်ကန်ပြီး အနိုင်ယူပြလိုက်စမ်းပါ။
    ့” မြန်မနိုင်ပြီ ဒို့မြန်မာနိုင်ပြီ “ဆိုတဲ့ သီချင်းကိုမကြားရတာ အတော်ကြာပြီ။
    နိုိုင်ပါစေလို့ ဆုတောင်းပေးပါတယ် U 21 ရယ်။

    Reply

Leave a Reply

Your email address will not be published.