ရန်ကုန်အပူချိန် ၂၂နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်

klnMay 18, 20101min02

ရန်ကုန်မြို့တွင် ယခုလအပူချိန်သည် နှစ်ပေါင်း(၂၂)နှစ်တာကာလအတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်တင်လိုက်ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။ ယခင်အပူစံချိန်ဟောင်းမှာ ၁၉၈၈ခုနှစ် မေက ၄၂ဒသမ ဝဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ယခု ၂၀၁ဝမေ ၁၂ရက် အပူချိန်မှာ ၄၂ဒသမ၅ဒီဂရီစင်တီဂရိတ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ အပူချိန်မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံ၌ ရန်ကုန်မြို့အပါအဝင် မြို့ ၁ဝမြို့တွင် အပူစံချိန်သစ်များတင်ခဲ့ကြောင်း သိရသည်။ အဆိုပါအပူချိန်မြင့်တက်နေမှုများသည် အယ်လ်နီညိုဖြစ်စဉ်ကြောင့်ဖြစ်ပြီး မုတ်သုံဝင်ရောက်မှုမှာလည်း ဩဂုတ်လကုန်ပိုင်းလောက်မှသာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အပူချိန်မြင့်တက်နေသောအချိန်တွင် အောက်ဘက်ရှိ ရေငွေ့ပါသော လေငြိမ်နေသောကြောင့် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်တစ်ခုမဖြစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

2 comments

  • susunosuki

    May 18, 2010 at 8:22 am

    စံချိန်တွေထဲမှာ မချိုးသင့်တဲ့စံချိန်ပါ
    ကျွန်တော်တို့က ဖွံဖြိုးမှုစံချိန်ကို ပဲ မျှော်လင့်တာ
    ချိုးတာက အပူချိန်ဖြစ်နေတယ်

    Reply

  • cum min

    June 25, 2012 at 1:34 pm

    ဟုတ်တယ်ဗျာ…
    အတော်ပူလာတယ်…ရန်ကုန်မှာ…..
    စက်ရုံး..တွေ..ကားတွေ..ကများတော…
    အပူချိန်ကအတော်ကိုမြင့်တက်လာပြီး

    Reply

Leave a Reply

Your email address will not be published.