အများပြည်သူအတွက် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေပေးနိုင်ရန် စီးပွားရေးလုပ်ငန်းသုံးဓာတ်အားလိုင်းများ ဖြတ်တောက်ထားရ

klnMay 18, 20101min04

အများပြည်သူအတွက် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေပေးနိုင်ရန် ပုံမှန်လျှပ်စစ်ဓာတ်အားပို့လွှတ်နေသော စီးပွားရေးလုပ်ငန်းသုံးဓာတ်အားလိုင်းများကို မေ ၁၄ရက်မှ စတင်ကာ ဖြတ်တောက်ထားကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကအတည်ပြုပြောကြားသည်။ ရေလမိုင်းမှာ ဂက်စ်လိုင်းပေါက်တာရယ်၊ ရေအားလျှပ်စစ်မရတာရယ်ကြောင့် စက်ရုံ၊ အလုပ်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပေးနေတဲ့ ဓာတ်အားလိုင်းတွေကို ယာယီရပ်ထားတာဖြစ်ပါတယ်။ အများပြည်သူကိုပိုပေးနိုင်အောင်လဲဖြစ်ပါတယ်။ လေးငါးခြောက်ရက် တစ်ပတ်လောက်တော့ ဖြတ်ထားမှာဖြစ်ပါတယ်” ဟုအဆိုပါပုဂ္ဂိုလ်က ဆိုသည်။ ယင်းသို့ဓာတ်အားလိုင်းဖြတ်တောက်လိုက်ခြင်းနှင့်ပတ်သက်၍ လင်းဇာနည်အအေးခန်းစက်ရုံမှ တာဝန်ရှိသူတစ်ဦးက “အရင် ၁၈နာရီပုံမှန်မီးရနေတာ၊ မေ ၁၄ရက်မှာ EPC က လူတွေစက်ရုံရောက်လာပြီး 11KV ထရန်စဖော်မာကို DS လှန်သွားတယ်။ Shut Down လုပ်တာပေါ့။ အခု မီးစက်မောင်းသုံးတာ စရိတ်က သုံးလေးဆပိုကုန်သွားတယ်” ဟုပြောသည်။ အလားတူ ဂမုန်းပွင့်ရှော့ပင်စင်တာမှ တာဝန်ရှိသူတစ်ဦးကလည်း “ မေ ၁၄ရက်မှာ EPC ကပန်ကြားစာ သဘောမျိုး စာရောက်တယ်။ ရေမရှိလို့ ၊ ဂက်စ်မရလို့မီးဖြတ်မယ်ပေါ့။ အရင်နေ့ တွေက ညနေ ၅နာရိကနေ ည၁၁နာရီပဲဖြတ်တာ။ ၁၈နာရီမီးရတာလေ။ အခုရပ်ကွက်မီးပေးတဲ့ အတိုင်းပဲရတော့ တယ်။ အာရှတော်ဝင်လို ပုဂ္ဂလိက ဆေးခန်းတွေလဲ အခုလိုပဲရတယ်လို့ကြားတယ်”ဟု ပြောသည်။ ဒဂုံတောင်စက်မှုဇုန်( ၃) မှ ကိုမောင်မောင်က “ မီးလုံးဝမလာတာလေးငါးရက်ရှိပြီ။ ခါတိုင်း ငါးနာရီတစ်ဆိုင်းရနေတာလေ။ သိပ်ပြီးတော့ မထူးတော့ပါဘူး” ဟုဆိုသည်။ ထို့အတူ ပါဝါ မီတာသုံးပုံနှိပ်လုပ်ငန်းများကို လည်းသက်ဆိုင်ရာမြို့နယ်လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ လိုက်လံ၍ ဓာတ်အားလိုင်းဖြတ်တောက်လျှက်ရှိကြောင်းနှင့် ရပ်ကွက်များအတွင်းရှိ အသေးစားစက်မှုလုပ်ငန်းများတွင်ပင် ယင်းကဲ့သို့ လုပ်ဆောင်လျှက်ရှိကြောင်းစုံစမ်းသိရသည်။ “လုပ်ငန်းသုံးပါဝါမီတာလိုင်းတွေကို လိုက်ဖြုတ်နေတယ်။ မေ ၁၅ရက်မှာ ၅၄လမ်းနဲပ ၅၅လမ်းက ပုံနှိပ်စက်တွေအကုန်လုံးပဲ၊ တစ်ရက်လုံးမီးစက်ပဲမောင်းရမယ်ဆိုရင် ဂါလံ ၇ဝ ကျော်ကုန်တယ်၊ တစ်ပီပါဂါလန် ၅ဝ ကိုတစ်သိန်းနှစ်သောင်းလောက်ရှိတော့ စရိတ်အများကြီးကုန်ကျတာပေါ့။ ရိုးရိုးအိမ်မီးလိုင်းတွေကို မီးမပေးနိုင်တော့ လုပ်ငန်းသုံးတွေကို လျှော့ချလိုက်တာထင်တယ်” ဟုပုံနှိပ်လုပ်ငန်းရှင်တစ်ဦးကပြောသည်။ ယင်းသို့ဖြစ်ရာ အများပြည်သူကိုပေးဝေလျက်ရှိသော လျှပ်စစ်ဓာတ်အားအတွက် အုပ်စုသုံးစုခွဲကာ အုပ်စုတစ်စုလျှင် ၆နာရီအလှည့်ကျပေးမည်ဖြစ်ကြောင်း၊ ယခင် အလှည့်ကျပုံစံအရ နေ့ပိုင်း၌ အုပ်စုနှစ်စုလျှင် ၁၂နာရီစီနှင့် ညပိုင်းတွင် အုပ်စုသုံးစုလုံးအတွက် ဓာတ်အားဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

4 comments

  • banban

    May 18, 2010 at 7:39 am

    မန်းလေးကရပ်ကွက်တွေမှာတော့ ပုံမှန် ၆နာရီမီးရပါတယ်။ ခုတစ်လော တစ်နေ့ ၁နာရီခွဲပဲ ရတော့တာ ၁ဝရက်လောက်ရှိနေပါပီ။

    Reply

  • snow

    May 18, 2010 at 11:16 am

    bar ma htoo woooooooooo

    Reply

  • htethtet

    June 5, 2010 at 6:48 pm

    အများပြည်သူ လဲ ဘာထူးလဲ
    မီးဖြတ်ထားလို့ ယပ်ခပ်နေရတာ
    အခု ၂၄ လက်မ ပိုက်လိုင်းကြီးပီးတော့လဲ
    ပိုဆိုးတာဘဲလေ

    Reply

  • azure

    June 23, 2010 at 7:32 am

    လျှပ်စစ်မီး အကြောင်းကို မပြောကြရင်ကောင်းမယ်နဲ့တူတယ် ဘာလို့လည်းဆိုတော့ သူများရပ်ကွက်တွေမှာ မီးက မှန်သလားကိုမမေးနဲ့ သောက်မြင်ကပ်အောင်ကိုပေးတယ် နေ့ပေးလိုက်ညပေးလိုက်နဲ့ ပျက်ရင်လည်း 10 မိနစ် 15 မိနစ်လောက်ကိုပျက်တယ် ကျွန်တော်တို့ ရက်ကွက် ဆိုရင်ပေးကိုမပေးဘူး မပေးဘူးလို့ပြောရအောင်လည်း ပေးတယ်နော် ပြောရဦးမယ် ဆိုပါဆို့ဗျာ ညနေမီးလာရက်ပေါ့နော် 5 နာရီလောက်လာတယ် 5 န့ာရီ 10 မိနစ်လောက်ဆိုရင် ပျက်ပြီ ည 11 နာရီထိုးခါနီးမှ မီးပြန်ရတယ် EPC ကို ပြောပြန်တော့လည်း မီးအားမနိုင်လို့တဲ့ ပြောပေါင်းလည်းများလှပြီ ဖုန်းခလည်းကုန်ပေါင်းများလှပြီ မီးမပေးရင်လည်းမပေးနဲ့ဗျာ စိတ်မဆိုးဘူး ပေးချင်ရင်လည်းကောင်းကောင်းဘူး အိမ်က မီးချောင်းတွေလည်း ခဏခဏအသစ် ဝယ်နေရတယ် မီးအားများလွန်းအားကြီးတော့ စိတ်ပျက်တယ် မီးကိုကောင်းကောင်းပေးကြပါလို့ ပြောချင်တယ်ဗျာ

    Reply

Leave a Reply

Your email address will not be published.