ကောက်စိုက်သမလေးများရဲ. တစ်နေ.တာ

ေရႊဘိုသားSeptember 5, 20111min015

လင်းကြက်တွန် အာရုံဦးမှာလ

ဝါးခမောက် ကိုယ်စီနှင်.

တောအလှ ပျိုမေတို.

ရွာထိပ်မှာ စုကာဝေး

လူစုံရင် လုပ်ငန်းခွင်သို.

ဒုံးစိုင်းတော. သလေး။

ဆိပ်ခွန်ထည် ထဘီကြမ်းကိုမှ

ဒူးအထက်တိုတိုချည်လို.

ဗွက်နွံမှာ အပြုံးကိုယ်စီနှင်.

ကောက်ခွင်.မှာ အလုပ်တွင်စေဖို.

သူ.ထက်ငါ စိုက်ကာရယ်

ပါးပြင်မှာ ရွှံ့နွံစင်ကာလှ

သနပ်ခါးတစ်ကွက် ရွှံ့တစက်ကယ်နှင်.

ပြုံးရယ်ကာ စိုက်ကြသည်မှာ

ချစ်စဖွယ် ဒို.တောဓလေ.ရယ်မို.

မွန်းတည်.ချိန် အချက်ပေးကာမှ

ကန်သင်းရိုးပေါ် အပြိုင်တက်ကာရယ်

ကြင်သူနှင်. စုံညီလွေးဖို့

ကန်စွန်းညွန်.ခူးလို.ရယ်

ရွာအပြန် မြေနီလမ်းမှာလည်း

ကြင်သူကို မျှော်မှန်းလို.

သီဆိုတော. တေးသီချင်းမှာ

လွမ်းဆွတ်ဖွယ်လေး။။။။။။။

 

ဘာရယ်တော.မဟုတ်ပါဘူး ကျနော်တို.ရွာတွေက ကောက်စိုက်သမတွေရဲ. တစ်နေ.တာ လုပ်ငန်းခွင် အကြောင်း

သတိရလို. တတ်သလောက် စပ်ပြီး ရေးလိုက်တာ ရွာထဲမှာလည်း တောရွာတွေက တက်လာတဲ.သူတွေ ရှိမှာပါ

အလွမ်းပြေပေါ.ဗျာ

ဘာမှတော. မတတ်ဘူး ရေးချင်စိတ်ပေါ်လာလို. ရေးလို်က်တာ

တင်လို.သာတင်လိုက်တာ ကဗျာ ဆရာကြီးတွေ ရှိနေတော. ခပ်လန်.လန်.ပဲ

သူတို.ကဗျာ ဆရာတွေက ိုနံမည်ဖျက်တယ်လို.လည်း ထင်မှာကြောက်ရသေးသဗျ

နောက်ကနေ ဝေဖန်တာလိုလို ဆရာလိုလို ဝင်လုပ်တဲ.သူတွေကလည်းရှိသေး

ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ.တစ်ယောက်လေးလေးစားစားရှိပေါ.ဗျာ

 

15 comments

  • etone

    September 5, 2011 at 10:37 am

    အံမယ် ရွှေဘိုသား .. ရွာပြန်ပြီး ကြည့်လိုက်ပါဦး … ။ :mrgreen:

    ကောက်စိုက်သမတွေ သနပ်ခါးအစား … လိုးရှင်းလိမ်းတယ် … sun block တွေလိမ်းတယ် … ။
    လက်နဲ့ မစိုက်တော့ဘူး .. စက်နဲ့ စိုက်တယ်… ။
    ထမိန်တိုတို မဝတ်တော့ဘူး … ရှော့ပန်တွေ ဝတ်တယ် .. ဟဲဟဲ … 😛

    Reply

    • nayminn

      September 5, 2011 at 1:25 pm

      ဟုတ်တယ်…ငါးသိန်းဖုန်းတွေနဲ့…

      Reply

  • ရွှေဘိုသား

    September 5, 2011 at 11:04 am

    မမ etone ကတော.လုပ်ပြီ
    ဟုတ်ချင်လည်း ဟုတ်မှာဗျ ကျနော်ရွာမပြန်တာကလည်း သုံး နှစ်လောက်ရှိနေပြီ
    အဲဒီထဲမှာ ငယ်ကျွမ်းဆွေ စာဥ မပါဖို.ပဲ ဆုတောင်းရတော.မှာပေါ.

    Reply

  • manawphyulay

    September 5, 2011 at 12:05 pm

    ရွှေဘိုသားက ရွာမပြန်တာ ကြာပြီလေ… ရွာက လူတွေက မြို့ထဲ လန်းနေတာ သူ မသိတာ ဖြစ်မယ်။ ရွာထဲမှာလည်း တောက သူတွေရှိတယ်ဆိုတာ မနောကို မြင်လို့ ပြောတာဖြစ်မယ်ထင်တယ်…. 🙁

    Reply

  • ရွှေဘိုသား

    September 5, 2011 at 12:24 pm

    မနောက အညာသူလား ဒါဆိုကောက်စိုက်ဖူးမှာပေါ.
    ကိုယ်တိုင်စိုက်ခဲ.တဲ.အကြောင်းရေးလေ

    Reply

  • “ဘီလူးကြီး”ogre

    September 5, 2011 at 12:43 pm

    ကဗျာတော့ ငယ်ငယ်က ဘုတ်အုပ် တစ်အုပ်စာလောက်ရေးဖူးတယ်
    အဲဒီဘုတ်အုပ်ကြီး သူငယ်ချင်းတွေပြပြပြီး ကောမက်ရေးခိုင်းရတာအမောပဲ
    အဲဒီဘုတ်အုပ်ကြီး ပျောက်သွားတာနာတာပဲ..ဗျာ။။
    အခုတော့ တစ်ကြောင်းလောက်ရေးဘို့တောင် ရေးမရဘူး..။။။

    Reply

  • ရွှေဘိုသား

    September 5, 2011 at 12:51 pm

    ကိုဘီလူးကြီးရယ် ဘဝမောတွေထဲက ဝန်ထမ်းကောင်မလေး ကိစ္စဖြေရှင်းနည်းက မိုက်တယ်နော်
    ကျနော်လည်း မရေးတတ်ပါဘူး လျှောက်ဖြီးကြည်.တာ

    တစ်အုပ်စာတောင်ရေးဖူးတယ်ဆိုတော. အစ်ကိုလည်း အနည်းအကျင်းတော.ရမှာပါဗျာ

    Reply

  • windtalker

    September 5, 2011 at 1:58 pm

    ရွှေရွှေ ရေ
    ခင်ဗျား ရေးတဲ့ ကဗျာ ကို လည်း ခံစားမိတယ်
    ကဗျာ ထက်
    အောက်က ခင်ဗျား ကိုယ်တိုင် မန်းထားတာ ကို ပိုကြိုက်တယ် ဗျာ
    ဂွတ် ၊ ဂရိတ် ပါ ဘရာသား
    ဆရာလိုလို ရန်မှ ကင်းဝေးပါစေ

    Reply

  • weRone

    September 5, 2011 at 2:16 pm

    ကျွန်မ တို့ရွာက ကောက်စိုက်သမ တွေ က တော့ အရင်းတုန်းက အတိုင်းပဲ ..။ သိပ်တော့ မပြောင်မလဲ မရှိသေးဘူး..။
    ရွှေဘိုသား က ဓါတ်ပုံ ပါ တင်ပေး ရင် ပိုလိုက်ဖက် မယ်ထင်တယ်…. 🙂

    Reply

  • MaMa

    September 5, 2011 at 3:14 pm

    အိန္ဒြာကျော်ဇင် ကြော်ငြာသလို ကျုပ်တို့ ရွာမှာ မြင်းမစီးပါဘူး။ ဆိုင်ကယ်ပဲ စီးတယ် ဆိုသလို ရွှေဘိုသားရေ ရွာကို တစ်ချက်လောက် ပြန်ကြည့်လိုက်ပါဦး။
    တခါတုန်းက တူတွေ၊ တူမတွေနဲ့ ကိုယ့်ဇာတိမြို့ကို ပြန်တယ်။ တောမြို့လေးကို မရောက်ဖူးတဲ့ ကလေးတွေက ဒါ တောလား မြို့လားလို့ မေးကြတယ်။
    ကိုယ့်ဇာတိကို အထင်သေးတာ မခံနိုင်တော့ တိုက်အိမ်တွေနဲ့ ကတ္တရာလမ်း တွေ့တယ်မဟုတ်လား။ အဲဒါမြို့ လို့ ပြောလိုက်တယ်။

    Reply

  • naywoonni

    September 5, 2011 at 4:00 pm

    ရွှေဘိုသားရေ…. ဘယ်သူ့မှလည်း ကိုယ့်မှာ ဆရာမလုပ်ရပါလားကွယ်…။ ကိုယ်က ကိုယ်တိုင်ကောက်စိုက်ဖူးတယ် …။ ပျိုးနှုတ်ခဲ့ရဖူးတယ်..။ လယ်ထွန်တဲ့ နောက်က လိုက်ပြီး ဂျစ်ကား (အဲ … ပုဇွန်လုံး)လိုက်ကောက်ခဲ့ရဖူးတယ်..။ ကိုယ်ငယ်ငယ်က နေခဲ့ရတဲ့ကျောင်းက အသက်မွေးပညာနဲ့ တွဲထားတဲ့ ကျောင်းလေ…။ အဲဒိတော့ စိုက်ပျိုးရေး နဲ့ မွေးမြူရေးကို လက်တွေ့ သင်ခဲ့ရဖူးပါတယ်..။ အဲဒိကျောင်းက ခုတော့ သင်သေးလားမသိဘူး နီးစပ်တဲ့သူတွေ ပြန်ပြောကြပါဦး ..။ ကျောင်းက လယ်ဝေး အခြေခံ ပညာအထက်တန်းကျောင်းပါ..။ ငါးတန်းကနေ ရှစ်တန်းအထိ အကြိုသက်မွေး ပညာသင်ပေးပါတယ်..။ ကျောင်းသူတွေက အချုပ်အလုပ် အချက်အပြုတ်ပေါ့..။ အားလုံးလက်တွေ့ သင်ပေးခဲ့တာ…။ ဒါကြောင့် ဟိုစပ်စပ် ဒီစပ်စပ် အကုန်သိနေပြိး ပါလေရာ ငပိချက်ဖြစ်နေသလားတော့ မသိဘူး…။ ဒါနဲ့ …။ မင့်ဆရာမလည်း ရွာထဲ မတွေ့တော့ပါဘူး..။ ဆက်ရေးပါ…။နော်

    Reply

  • ရွှေဘိုသား

    September 5, 2011 at 4:17 pm

    ဟုတ်တယ်ကိုပေရေ အဲလိုတွေလည်း ရှိလို့ ကြိုမန်းထားတာဗျ
    ဝေဖန်ရေးဓာသွားတွေက ထက်လွန်းလို.

    Reply

  • မီးမီး သော်

    September 5, 2011 at 4:35 pm

    ရွှေဘိုသား ရေ ကျွန်မတို ့ဆယ်တန်းနှစ်ကဖတ်ရတဲ့ အကျွန်တို ့လယ်ကောက်စိုက်တုန်းက ကဗျာလေးသွားသတိရမိပါတယ်။ရွှေဘိုသားကဗျာလေး ကောင်းလိုက်တာ။ရွာကိုသတိရလိုက်တာ။

    Reply

  • ရွှေဘိုသား

    September 5, 2011 at 4:41 pm

    ဘယ်ရွာကမို.လည်းဗျ
    ကျေးဇူးပါ မမီးမီးရယ်
    ကျနော်လည်း မိုးတွေကရွာနဲ.
    ရွာက ကောက်စိုက်သမတွေကို သတိရတာနဲ. စပ်လိုက်တာ

    Reply

    • zawmyothu

      September 9, 2011 at 11:41 am

      ကိုရွှေဘိုသားပြောမှာပဲ တန်.ဆည်က တောရွာကလေး တောင်လွမ်းလာပြီဗျာ 😛

      Reply

Leave a Reply

Your email address will not be published.