ပုဂ္ဂလိကဘဏ်အချို့ ဘဏ်ခွဲဖွင့်ဖို့ပြင်ဆင်

klnMay 7, 20101min00

အစိုးရဘဏ်တွေနဲ့ အွန်လိုင်းဘဏ်စနစ် ချိတ်ဆက်ဖို့တောင်းဆိုထားကြကြောင်း သိရတယ်။ သက်ဆိုင်ရာက ပုဂ္ဂလိကဘဏ်ခွဲတွေအခါအားလျော်စွာ ဖွင့်ခွင့်ပေးနေတယ်လို့ ဆိုပါတယ်။ ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက “နေပြည်တော်ဘဏ်ခွဲကို ဇွန်လလောက်မှာ စဖွင့်မယ်၊ ရန်ကုန်မှာလဲ ဘဏ်ခွဲဖွင့်ဖို့ စီစဉ်နေပြီး တခြားနယ်မြို့တွေမှာလဲ ခွင့်ပြုချက်ရရင်ဖွင့်ဖို့ စီစဉ်နေတယ်”လို့ ပြောပါတယ်။ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တချို့က online Banking စနစ်ကို အစိုးရဘဏ်တွေနဲ့ ချိတ်ဆက်ဖို့ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တချို့ ခုချိန်မှာ ဘဏ်ခွဲတွေတိုးချဲ့ဖွင့်လှစ်ဖို့နဲ့ အဆင့်မီဖို့ ပြင်ဆင်နေကြပြီး တောင်းဆိုထားကြတယ်လို့ မြန်မာနိုင်ငံဘဏ်များအသင်းက သိရတယ်။ အွန်လိုင်းဘဏ်စနစ်ချိတ်ဆက်ထားရင် သုံးစွဲသူက မူလဘဏ်ကို သွားစရာမလိုဘဲ မိမိမြို့မှာရှိတဲ့ ဘဏ်မှာပဲ အလွယ်တကူ ငွေလွှဲ၊ ငွေထုတ်ယူနိုင်မှာဖြစ်တယ်။ ခေတ်နဲ့စနစ်နဲ့ လျော်ညီအောင် ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ခရက်ဒစ်ကတ်ပြုလုပ်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဘဏ်များအသင်းက ဆိုပါတယ်။ သည်ဘက်နှစ်မှာ ပုဂ္ဂလိကဘဏ်ခွဲတွေ များလာဖို့ရှိတဲ့အတွက် ဝန်ဆောင်မှုကို ခါတိုင်းထက်ပိုကောင်းအောင် ပြန်ပြင်ဖို့ရှိတယ်လို့ သိရတယ်။ တချို့ဘဏ်မှာငွေလာစုသူကို ဖျော်ရည်၊ ကော်ဖီတိုက်ပြီး ဧည့်ခံတာမျိုးပြုလုပ်လာကြတယ်။ ထွန်းဖောင်ဒေးရှင်းက ဦးသိန်းထွန်းက “ပုဂ္ဂလိကဘဏ်ခွဲတွေများလာရင် ဝန်ဆောင်မှုကောင်းဖို့ ပြိုင်ဆိုင်လာရမယ်၊ ကျွန်တော်တို့လဲ ဝန်ဆောင်မှုကောင်းအောင် စီမံခန့်ခွဲမှုပုံစံပြောင်းဖို့ လုပ်နေတယ်”လို့ ပြောပါတယ်။ လက်ရှိပြည်တွင်းမှာ ပုဂ္ဂလိကဘဏ် ၁၅ခုနဲ့ ဘဏ်ခွဲပေါင်းနှစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။ ဘဏ်ခွဲတွေများလာရင် သုံးစွဲသူတွေ ဝန်ဆောင် မှုကောင်းကောင်းလဲရရှိလာနိုင်မှာဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published.