သင်္ကြန်

နှစ်သစ်ကူး သင်္ကြန်ကြီးနီးလာပြီ ဘာလုပ်ကြမှာလဲ လောဘဒေါသမောဟတွေနဲ့ သောက်စားပျော်ပါးပြီးနေကြမှာလား စိတ်အမှန်တကယ်အေးချမ်းစေမယ့် တရားဘာဝနာကို ပွါးများကြမှာလားဆိုတာကတော့ လူတိုင်းလူတိုင်းရဲ့ စိတ်သဏ္ဍန်တွေနဲ့ဆိုင်မယ်ထင်ပါတယ် တစ်ဦးနဲ့တစ်ဦး အယူအဆ အတွေးအခေါ်တွေက မတူလေတော့ ဘာကတော့ ကောင်းတယ် မကောင်းဘူးဆိုတာ ကာယကံရှင်တွေရဲ့ဆုံးဖြတ်ချက်တွေပဲပေါ့ အယူအဆအတွေးခေါ်တွေပေါ်မူတည်ပြီး လုပ်ဆောင်ချက်တွေ ရလာဘ်တွေ ကွာခြား သွားမှာ ကတော့ အသေအချာပေါ့ တတ်လို့တော့မဟုတ်ပါဘူး ကြားဖူးတဲ့စကားလေးကို ဝေမျှပေးချင်တဲ့စိတ်တစ်ခုတည်းပါ ကိုယ့်နောက်မပါမယ့် ပျော်ပါးမှု တွေအတွက် ကိုယ့်နောက် ကိုကောက်ကောက်ပါမယ့် အကုသိုလ်တရားတွေနဲ့မလဲမိကြပါစေနဲ့လို့ ဆန္ဒပြုပေးပါတယ်

2 comments

  • ဆူး

    March 30, 2011 at 3:16 pm

    သင်္ကြန်အချိန်အခါမှာ ရိပ်သာဝင်တဲ့ လူတွေလည်း အများကြီးဘဲ လမ်းပေါ်မှာ ကဲနေတဲ့ လူတွေလည်းအားကြီးဘဲ။ အိမ်မှာ အိပ်နေတဲ့ လူတွေလည်း အများကြီး ရှိမယ် ထင်တယ်။

    Reply

  • search123

    March 31, 2011 at 10:29 am

    သင်္ကြန်မှာ မူးနေတဲ့ မိန်းကလေးတွေ ကို မမြင်ချင်တာ အမှန်ပါ။

    Reply

Leave a Reply

Your email address will not be published.