အငြီးပြေ ဟာသလေးတွေ

လင်းဝေMarch 30, 20111min07

“အားနွဲ့သူပါရှင်”

ကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။
သူဝယ်ထားတဲ့ပစ္စည်းတွေကို ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့ လေ….
တောင်းတလုံးရယ်၊ အိမ်သုတ်ဆေးတဂါလံပုံးရယ်၊ ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၄ ကောင်ရယ်လေ။
ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်…
“ခြံအမှတ် ဝ၀၇၊ ရေဝတီလမ်းကို သိပါသလားရှင်”
“သိတာပေ့ါ၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ”
“ဒါဆို ဘယ်လိုသွားရမလဲရှင်”
“ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊ ဒါပေမဲ့ ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့”
“လွယ်လွယ်လေး၊ အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊ ကြက်တကောင်စီကို လက်မောင်းမှာ ချိပ်လိုက်၊ ဘဲ၂ ကောင်ဆီကိို လက်တဖက်ဆီမှာဆွဲလိုက်”
သူမပြောသလိုုလုပ်လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။
အဲလိုနဲ့ အတူတူလျှောက်လာကြရင်း လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့ အဲဒီမိန်းမက ကိုထုံကို စွပ်စွဲပါတော့တယ်…
“ရှင်..ရှင်…ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး ဗလက္ကာရကျင့်မလို့ မလား”
“ဗျာ…ကျနော့် ခေါင်းပေါ်မှာ ဆေးပုံးကြီးနဲ့တောင်းကို ရွက်ထားတယ်…လက်မောင်းမှာလဲ ကြက်တွေချိပ်ထားတယ်၊ လက်နှစ်ဖက်မှာလဲ ဘဲတွေ ဆွဲထားရတယ်၊ ဒီလိုလူက ခင်ဗျားလေးကို ဘယ်လိုလုပ် ဗလက္ကာရကျင့်လို့ရမလဲဗျာ…”
ဒီတော့ အားနွဲတဲ့ မိန်းကလေးက ဘာပြန်ပြောတယ်ထင်လဲ… ….
“ဘဲတွေကို အောက်ချ လိုက်ပြီး ထွက်မပြေးနိုင်အောင် တောင်းနဲ့ အုပ်လိုက်၊ ဆေးပုံးကို တောင်းအပေါ်ကဖိထားလိုက်၊ ကြက်နှစ်ကောင်ကိုတော့ ကျမ ကိုင်ထားပေးမယ်”….တဲ့။

(အင်္ဂလိပ်ဟာသကိုမြန်မာလို ပြန်ထားတာပါ)

မမ ( မမ ရေ ဖတ်ပြီး ကြောက်မသွားနဲ့နော် ဆုံးအောင်ဖတ်ပါ )

မမရဲ့အင်္ကျီကိုချွတ်လိုက် …..

မမရဲ့ စကပ်ကိုလဲချွတ် …..

မမရဲ့ ဘရာစီရာကိုလဲချွတ်လိုက် …..

မမရဲ့ အတွင်းခံဘောင်းဘီပါချွတ် …..

နောက်မှတ်ထား မမရဲ့ အဝတ်အစားတွေကိုယူမဆော့နဲ့.နော်..ကြားလား…ကောင်ကလေး

7 comments

  • nozomi

    March 30, 2011 at 10:58 am

    ကောင်းတယ် ကောင်းတယ် မမ ကို ပိုကြိုက်တယ်

    Reply

  • pasi

    March 30, 2011 at 11:23 am

    အမလေး ပေစိရင်တွေခုန်လိုက်တာအရမ်းပဲ

    Reply

  • nature

    March 30, 2011 at 2:23 pm

    ဗုဒ္ဓေါ

    Reply

  • bigcat

    March 31, 2011 at 3:24 am

    ကိုကြောင်ရဲ့ အဝတ်တွေကို ယူဝတ်ချင်တဲ့ ကောင်မလေးတွေ ရွာထဲမှာ ရှိသလားဗျို့။

    Reply

    • kai

      March 31, 2011 at 11:48 pm

      ပြီးခဲ့တဲ့ နှစ်က အသိတယောက် ရန်ကုန်ပြန်တာ.. ပါတဲ့အဝတ်တွေ.. ဝတ်သွားတာပါအကုန်ချွတ်ယူခံလိုက်ရတယ်..။

      အမျိုးညီနောင်တွေယူလိုက်တာပါ..။အော်ရီဂျင်နယ်.. လီဗိုက်စ်တို့.. အေအီးတို့.. တဲ့လေ.။
      ပြီးတော့ .. အတုတွေပြန်ဝယ်ပေးလိုက်လေရဲ့..။
      ကိုရင်ကြောင်ကြီး… ရန်ကုန်ပြန်ရင်သတိတေ့ာထားပေါ့..။
      ရွာသူတွေက ပိုကြောက်ရမယ်..။ ဂီရိဘေးသင့်တဲ့လှူပေးမယ်ဆိုပြီး မ,သွားမှ.. နိုင်ငံတော်သမ္မတသစ်ကြီးဆီက ခေါင်းပေါင်းနဲ့ ချိတ်ထမီငှားပြန်လာနေရမယ်…။ 🙂

      Reply

  • MaMa

    March 31, 2011 at 11:37 pm

    နောက်မှတ်ထား မမရဲ့ အဝတ်အစားတွေကိုယူမဆော့နဲ့.နော်..ကြားလား…လင်းဝေကျော်။

    Reply

  • လင်းဝေကျော်

    April 1, 2011 at 2:41 am

    မမ ကလဲ ကျနော် မှားပြီး ယူမဝတ်မိအောင် ပြန်ဝတ်ထားလေ…. ဟားဟားဟားးးးး

    Reply

Leave a Reply

Your email address will not be published.