စာအိတ်များ နှင့် တံဆိပ်ခေါင်းများ….

introApril 22, 20101min01

ကယ်လီဖိုးနီးယား ပြည်နယ် ရှိ စာအိတ်လုပ် စက်ရုံတစ်ရုံတွင် အမျိုးသမီး တစ်ဦးသည်အလုပ်လုပ်ခဲ့ဖူးလေသည်။တစ်နေ ့တွင် စာအိတ်တစ်အိတ်ကို လျာ ဖြင့်လျက်ပြီး တံဆိပ်ခေါင်းကပ်ပေးလိုက်မိသည်၊ ရေမြုပ် က်ိုမသုံးလိုက်မိ။၎င်းနေ ့ချင်းတွင်း ပင် သူမ၏လျှာတွင် ကွဲကြောင်း လေးကို သတိပြုမိ၏။

တစ်ပါတ်လောက်ကြာသော အခါ လျှာမှာ အတော်လေး ရောင်ရမ်းနေလေပြီ။

ု ဆရာဝန်ဆီ သွားပြကြည့်သော်လည်း ဆရာဝန်ကဘာမျှမဖြစ်ဟုဆိုကာ ပြန်လွှတ်လိုက်လေ၏။
သူမ၏လျှာမှာ လျှာနာလည်းမဟုတ် မည်သည့်ရောဂါ အမျိုးအစားထဲတွင်မှ မပါဘဲဖြစ်နေလေသည်။

နှစ်ရက်လောက်ကြာသည်တွင် လျှာမှာထပ်ပြီး ရောင်ရမ်းလာလေ ရာ အလွန်နာကျင်သည့်အလျောက်
ထမင်းပင်မစားနိုင်အောင်ဖြစ်လာလေ၏။ ဆေးရုံကို နောက် တစ်ခေါက်သွားပြီး
“တစ်ခုခုတော့လုပ်ပေးပါအုံး ဆရာရယ်….ဒီမှာနာလို ့သေတော့မယ်” ဆိုပြီး တော့အတင်းအကျပ်တောင်းဆိုရတော့သည်။

သူ ့လျှာကို ဆရာဝန်က X-ray ရိုက်ကြည့်သော အခါ လျှာအသားထဲတွင် အလုံးကြီး တစ်လုံး ရှိနေသည်ကိုတွေ ့ရသည်။

Minor Surgery( ဘယ်လို ပြန်ရမည်ကို မသိပါ….အသေးစား ခွဲ စိတ်မှ ု ဟုအနီးစပ်ဆုံး ပြန်နိုင်ပါသည်….
ဆေးပညာတွင် Major Surgery နှင့် Minor Surgery ဆို ကာ နှစ်မျိူးနှစ်စား ရှိသည်…….
အသက်အန္တရာယ်နှင့် မနီးသော ခွဲစိတ်မှ ု အသေးစားများကို Minor Surgery ဟုခေါ်ပါသည်.)

Minor Surgery လုပ်ပေးရန် သူမကို ပေးသင့်သည့်ထုံဆေး၊ မေ့ဆေးတို ့ကို ပေးပြီး
အဆင် သင့် ရှိနေစေပါသည်။ ထို ့နောက် ဆရာဝန်က စပြီးခွဲ စိတ်တော့သည်….
ဆရာဝန်က လျှာကို အလျားလိုက် အပေါက်ဖြစ်သွားအောင် ခွဲစိတ်လိုက်တော့….
ပိုးဟပ် အရှင် တစ်ကောင် တွားလျက်ထွက်လာလေ၏။..

ပိုးဟပ်ဥများသည် စာအိပ် ချိပ်ပေါ်တွင် ရှိနေကြလေ၏။ တံတွေး ၏ အနွေးဓါတ် နှင့် စိုစွတ်ထိုင်းမှိ ုင်းမှ ု တို ့ကြောင့်
သူမ၏ လျှာပေါ်တွင် ပိုးဟပ်ဥ သည်ကောင်းစွာပေါက်ဖွါးနိုင်ခဲ့လေသည်။
ဒီ အကြောင်းအရာ သည် CNN သတင်းဌာနက ပင်လျှင် ကြေငြာ ခဲ့ဖူးသော အစစ်အမှန်သတင်းဖြစ်ပါသည်။

” ကျွန်မ စာအိတ်လုပ်စက်ရုံတစ်ရုံ မှာအလုပ်လုပ်ဖူးပါတယ်….
စာအိတ်မှာသုတ်ဖို ့ ကော်စေးတွေထဲ့ထားတဲ့ လင်ပန်းတွေထဲမှာ ပေါလောမျောနေတဲ့ ဟာတွေကို သာ
ရှင်တို ့မြင်မိသွားရင် ဟုတ်မှဟုတ်ပါလေစ လို ့ကိုယ့်မျက်စိကို တောင် မယုံနိုင်ဘဲ ဖြစ်သွားပါလိမ် ့မယ်…..
ကျွန်မတော့ စာအိတ်တွေဆို ရင် လျှာနဲ ့မလျက်တာ နှစ်ပေါင်း များစွာ ကြာပါပြီကော…” ဟု အဲန်ဒီဟျူမ်း ကရေးသားဖော်ပြဖူးလေ၏။

လွန်ခဲ့တဲ့ ၃၂ နှစ်လောက်ခန် ့က စာစီစာရိုက်တိုက်တစ်တိုက်မှာ ကျွန်မ အလုပ်လုပ်ဖူးတယ်…
ကျွန်မတို ့ကို စာစီစာရိုက်တိုက်ပိုင်ရှင် က “ဘယ်တော့မှ စာအိတ်တွေ ကို လျှာနဲ ့မလျက်ဖို ့ ”   သတိ ပေးပြော ပေမယ့်
အစတုန်းကတော့  ဘာကိုဆို လို မှန်းနားမလည် ခဲ့ပါဘူး……တစ်နေ ့တော့ စာအိတ် အလုံး ၂၅၀၀  ယူဖို ့ဂိုဒေါင် ထဲကို
ကျွန်မသွားရပါတယ်…….အဲဒီမှာ စာရိုက်ပြီးသား( စာအိတ်ပေါ်မှာ company ၏ နာမည်ကို ဖော်ပြခြင်း၊ ပို ့သူ …လက်ခံသူ
တို ့၏ နာမည်များရေး ရန်နေရာများ ရိုက်ပေးထားခြင်း စသည်ကို ဆိုလိုပါသည်…) စာအိတ်တွေထည့်တဲ့ ပုံးနှစ်ပုံးထဲမှာ
ပိုးဟပ်တွေအုပ်စုလိုက်ဟိုပြေးဒီပြေး ပြေးနေတာ အများကြီးပဲ………ဥတွေကလည်း နေရာတိုင်းပြန် ့ကျဲနေတာ….
ပိုးဟပ်တွေက စာအိတ်က ကော် တွေကို လိုက်ပြီးစားနေတာလေ…

Source:  internet

One comment

  • susunosuki

    April 22, 2010 at 12:24 pm

    ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်
    တစ်ခုတော့ပြောချင်ပါတယ်
    ဒီသတင်းကဟောင်းနေပါပြီ
    update ဖြစ်တဲ့ သတင်းဆိုရင်ပိုကောင်းပါတယ်
    ဒါမှ mandalay gazatte ရဲ့တန်းဖိုးတတ်မှာမို့လား

    Reply

Leave a Reply

Your email address will not be published.