ကျနော် ဘာလို့ နိုင်ငံ အလံကို အလေးပြုသလဲ။ နိုင်ငံသား ဖြစ်ရတာ ဘာလို့ ဂုဏ်ယူမိသလဲ။ (အပိုင်း ၃)

BayoteApril 22, 20101min03

ဒီလိုနဲ့ ၁လ ပြည့်တော့ စင်ကာပူ နဲ့ မြန်မာ မတည့်ချိန် ဖြစ်ပါလေရော။ ၁လသွားတိုးတော့ မရခဲ့ဘူး။ ဒါနဲ့ မလေးကို အများနည်းတူ စတေးရှောင်တာပေါ့။ ပြန်ထွက်တော့ ဝိုက်ကဒ် မြန်အပ်ခဲ့တယ်။ ကျောပိုးအိတ်လေးကိုလွယ်ယင်းပေါ.။ မလေးနယ်စပ်နားထိ MRT စီးခဲ့တယ်။ ပြီးတော့တံတားနားအထိ ဘတ်စ်ကားစီးခဲ့တယ်။ တံတားကျော်တော့ မလေးရှား ဂိတ်ရောက်ပါလေရော။ ဟဲဟဲ..မလေးရှားက တခြား အာရှနိုင်ငံလိုဘဲ။ လူဝင်မှူက ရစ်တာ ခံရတာများပါတယ်။ Passport ထဲ ရင်းဂစ်၂ဝ လောက်ဆိုယင်တော့ အဆင်ပြေတာပေါ.။

ကျနော်တော့ ပေးစရာလိုဘဲ အဆင်ပြေလိုက်တယ်။ ဒီလိုနဲ့ မလေးရောက်ခဲ့တယ်။ အဲဒီမ စ တာဘဲ။ နိုင်ငံသား . .အရမ်းတန်ဘိုးရှိပါလားဆိုတာ။ ဘာလို့လဲဆိုတော့ နိုင်ငံမဲ့သွားတဲ့ Passport မရှိ Overstay တွေပေါ.။ မြန်မာလည်းမပြန်နိုင် ပိုက်ဆံလည်းမရှိ။Passport လည်းမရှိ။ English လည်းမတတ်။ Agent အလိမ်ခံရ။ အများကြီးဗျာ။ ကောင်မလေးတွေလည်းပါပေါ.။ ထိုင်း နယ်စပ်မှာ ဟူစိန်ဆိုလား။ မွတ်ဆလင်လို့ပြောတယ်။ လူရောင်းစားနေတယ်။ ကျနော် နေတဲ့အိမ်က အစ်ကို တစ်ယောက်ရဲ. ညီတစ်ယောက် အရောင်း စားခံရလို. ရင်းဂစ် ၁၉၀ဝနဲ့ ပြန်ဝယ်လိုက်ရတယ်။ နောက်တော့ ဘုန်းကြီးဝတ်နဲ့ မြန်မာကို ပွဲစားတွေနဲ့ အဆင်ပြေသွားတယ်။

ကျနော်မလေးနေတုံး ကြားလိုက်ရတယ်။ မြန်မာကောင်မလေး မလေးရဲနယ်စပ်ဆီကတဲ့။ ရင်းဂစ် ၁၈၀ဝ တဲ့ဗျာ။ Overstay ဖမ်းထားတာတဲ့။ ကောင်မလေးပျော်သလောက်ရတယ်တဲ့။ တရုတ် အဖိုးကြီးတွေ ဝယ်တယ်လို့ကြားတယ်။ မလေးရှားရဲတွေကဖမ်း။ ပြီးယင် ကွန်တိန်နာနဲ့ စုတင်ပြီး ထိုင်းရဲဆီ $100 နဲ့ ရောင်းတယ်တဲ့။ ထိုင်းရဲက ပွဲစားဆီ ပြန်ရောင်းတယ်တဲ့။ ပွဲစားက လူတွေကို မြန်မာပြန်ပို့ဖို့ အမျိုးတွေဆီဖုန်းဆက်ခိုင်းတယ်တဲ့။ ဖုန်းဆက်တုန်း ရိုက်၊ အော်ခိုင်း မြန်မာကငွေ ရင်းဂစ်1800ရအောင်လွဲခိုင်းတယ်။ KL ကားဂိတ်နားကဇေ** ဆိုင်ကိုဆိုလား။ မြန်မာက အဆက်အသွယ်မရှိတဲ့ ကောင်လေးတွေကိုတော့ ထိုင်း ငါးဖမ်း လှေတွေကိုရောင်းလိုက်ပါလေရော။ ခိုင်းမရယင် ပင်လယ်ထဲ ကန်ချလိုက်ရောတဲ့ဗျာ။ အော် နိုင်ငံသားကနေ နိုင်ငံမဲ့သွားသူတွေရဲ. ဘဝတွေ။

ဆက်လက်ဖော်ပြပါမယ်။

3 comments

  • zamte

    June 11, 2010 at 1:04 pm

    ဆက်လက်ဖော်ပြပေးပါဦးလို့ တောင်းဆိုချင်ပါတယ်။ သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျုပ်တို့ နိုင်ငံသားတွေ နိုင်ငံတကာမှာ အမိမဲ့သား ရေနည်းငါး ဖြစ်နေတာတွေ အများကြီးပါ။ စစ်အစိုးရကတော့ ဒါတွေ ဂရုစိုက်မှာ မဟုတ်ပါဘူး။ မင်းတို့ကို ဘယ်သူက အတင်းရိုက်ပြီး သွားခိုင်းနေလို့လဲဆိုပြီး အပြစ်တောင် တင်လိုက်ပါဦးမယ်။ ကျုပ်တို့ မြန်မာပြည်သူတွေ ဒီစစ်အုပ်စုရဲ့ ဝဋ်ကြွေးရှိရင်လည်း အမြန်ဆုံး ကျေပါစေတော့လို့ပဲ ဆုတောင်းပါတယ်ဗျာ။

    Reply

  • Ba Gyi Taw

    June 21, 2010 at 5:46 am

    ကိုယ့် နိူင်ငံမှာဝင်ငွေမှန်နေရင် ကုတ်နဲ ့ကော်ထုတ်တောင် မသွားဘူး ။ အဲဒါ ဘယ်သူ ့ကြောင့်လဲ ။

    Reply

  • မန်း ရိပ်

    October 1, 2010 at 5:46 am

    ကိုယ့်နိူင်ငံမှာနေရင်တော့ ဒီလိုမဖြစ်ဘူးပေါ့
    ဒါပင်မယ့် လူတွေမှ စိတ်ဓာတ်ချင်းမတူတာ သူအတွေးနဲ့သူပေါ့

    Reply

Leave a Reply

Your email address will not be published.