မလေးရှား-ဩစတြေးလျ ဆက်ဆံရေးကို ပိုမိုတိုးတက်စေမည့် ဂီလာ့(ဒ်)၏ ခရီးစဉ်

zinmyotunNovember 11, 20101min00

မလေးရှား-ဩစတြေးလျ ဆက်ဆံရေးကို ပိုမိုတိုးတက်စေမည့် ဂီလာ့(ဒ်)၏ ခရီးစဉ်

မလေးရှား ဒုတိယဝန်ကြီးချုပ် တန်ဆရီ မူယစ်ဒင် ယက်ဆင်က မလေးရှား – ဩစတြေးလျ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူ စာချုပ် (FTA) ကို လာမည့်နှစ်တွင် အပြီးသတ်ချုပ်ဆိုနိုင် မည်ဟု ပြောကြားခဲ့ကြောင်း နိုဝင်ဘာ (၂) ရက်နေ့ က ပူထရာဂျာယာမှ လာသည့် သတင်းတစ်ရပ် တွင် ဖော်ပြခဲ့သည်။
“အက်(ဖ်)တီအေကိစ္စနဲ့ ပတ်သက်လို့ အစည်းအဝေး အတော်များများ ကျင်းပခဲ့ပြီး နောက် လာမယ့်နှစ်မှာ သဘောတူညီမှု ရမယ်လို့ မျှော်လင့်ပါတယ်။ သဘောတူ စာချုပ်ကို ဖြစ်နိုင် သမျှ အမြန်ဆုံး ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ကုန်သွယ်ရေး တိုးတက်ဖို့ အတွက် ဒါဟာ အရေးပါပြီး ပိုမိုမြင့်မားတဲ့ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုဆီကို သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မူယစ်ဒင်က ပြောကြားလိုက် သည်။

ဝန်ကြီးချုပ်ရုံးတွင် ဩစတြေးလျဝန်ကြီး ချုပ် ဂျူလီယာဂီလာ့(ဒ်)နှင့်အတူ ပူးတွဲပြုလုပ် သော သတင်းစာရှင်းလင်းပွဲ၌ မူယစ်ဒင်က ပြော ကြားသည်မှာ “နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအတွက် နှစ်ဖက်ခေါင်းဆောင် များ အသေးစိတ်ဆွေးနွေးညှိနှိုင်းကြသည်” ဟု ဆိုသည်။

ဩစတြေးလျနိုင်ငံ၏ ပထမဆုံး အမျိုး သမီး ဝန်ကြီးချုပ်ဖြစ်သူ ဂီလာ့(ဒ်)သည် ဇွန်လ အတွင်းက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် သူမ၏ ပထမဆုံး ခရီးစဉ်အဖြစ် မလေးရှားနို်င်ငံတွင် နှစ် ရက်ကြာ အလည်အပတ် ခရီးရောက်ရှိနေသည်။

မလေးရှားအနေဖြင့် ဩစတြေးလျနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ခိုင်မာအားကောင်းလာ သည့်အပေါ် ကျေနပ်ဝမ်းမြောက်ကြောင်း မူယစ် ဒင်က ဆက်လက်ပြောကြားခဲ့သည်။

ဩစတြေးလျ-မလေးရှား ကုန်သွယ်ရေး မှာ မနှစ်က ပထမရှစ်လအတွင်း အမေရိကန်ဒေါ် လာ (၅.၄) ဘီလျံ ရှိခဲ့ရာမှ ယခုနှစ် ပထမရှစ်လအ တွင်း အမေရိကန်ဒေါ်လာ (၇) ဘီလျံသို့ ရောက် ရှိခဲ့ရာ (၂၀.၅%) တိုးတက်ခဲ့ကြောင်း ဝန်ကြီးချုပ် က ထပ်လောင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် အရှေ့ တီမောတွင် ဩစတြေးလျက တည်ဆောက်ရန် အဆိုပြုထားသည့် ဒုက္ခသည်ကူညီစောင့်ရှောက် ရေးဌာနဆိုင်ရာကိစ္စ၊ ပညာရေး၊ နို်င်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မင်းသက်စံ

Ref: the Sun, Nov 2, 2010

Leave a Reply

Your email address will not be published.