ကမ္ဘာ့အကျင့်ပျက်လာဘ်အစားဆုံး နိုင်ငံများစာရင်း

ဂ်စ္စူOctober 27, 20101min01

http://www.naytthit.net/wp-content/uploads/2010/10/corrupt-countries-in-the-world.jpg

ကမ္ဘာ့အဆိုးရွားဆုံး အကျင့်ပျက်အစိုးရနှင့် ဝန်ထမ်း တွေ လာဘ်အစားဆုံးနိုင်ငံမှာ ဆိုမား လီးယားနိုင်ငံဖြစ် ပြီး အဲဒီနောက်က အာဖဂန်နစ္စတန်နိုုင်ငံ၊ မြန်မာနိုင်ငံနဲ့ အီရတ်နိုင်ငံတို့ ဖြစ်တယ်ဆိုတာကို နိုင်ငံတကာ အကျင့် ပျက်မှု ဖေါ်ထုတ်စောင့်ကြည့်လေ့လာရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာအကျင့်ပျက်မှု ဖေါ်ထုတ်ရေးအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ဒိန်းမတ်နိုင် ငံ၊ နယူးဇီလန်နိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာ အကျင့်ပျက်မှုဟာ အနည်းဆုံး နိုင်ငံတွေစာရင်း ထဲ ထိပ်ဆုံးမှာရှိတယ်ဆိုတာ နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

မနှစ်က ကမ္ဘာ့စီးပွားပျက်ကပ်အတွင်း နိုင်ငံအချို့မှာ အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့လို့ အဆင့်လျော့ကျမှု ရှိခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဂရိ၊ အီတလီတို့မှာ အဆင့်လျော့ကျခဲ့ ပြီး၊ အမေရိကန်နိုင်ငံတောင် အဆင့် ၂၂ ကနေ အဆင့် ၁၉ ထိ လျော့ကျခဲ့တယ်။

လေ့လာစောင့်ကြည့်ရေးအဖွဲ့မှာ အကျင့်ပျက်အဆိုးဝါးဆုံးနိုင်ငံများမှ အနည်းဆုံးနိုင်ငံ များသို့ အမှတ်ပေးရာမှာ သုံညမှ ၁ဝ ပေးသောစနစ်ဖြင့် အမှတ်ပေးခြင်း ဖြစ်ပါတယ်။

အေပီ ( ၂၇၊အောက်တိုဘာ၊၂၀၁ဝ )

ref:http://www.independent.co.uk/news/world/africa/somalia-the-most-corrupt-nation-in-the-world-2117228.html

&

http://www.naytthit.net/?p=3021


One comment

  • thidakywewa1

    October 28, 2010 at 12:33 am

    ကောင်းတယ် …အဲဒါလည်းရှက်မှာ မဟုတ်ပါဘ ူး။ တို့နိုင်ငံ က တတိယတဲ့ ….တော်လိုက်တာနော်..

    Reply

Leave a Reply

Your email address will not be published.