နွေအိပ်မက်ရှည်

naywoon niOctober 25, 20101min00

နွေလယ်နေ့ခင်း
ပူလောင်မှုုခင်းကျင်း
မတ်လရဲ့နေ့ခင်းဟာ
ပြဇာတ်တစ်ပုဒ်ကိုဇာတ်ညွှန်းခွဲနေလေရဲ့။
ဂယောက်ဂယက်
ချောက်အိမ်မက်လို
လေပူတစ်ချက်
အတွေးကိုဖျက်သွား
ကုန်တင်ကားတစ်စီးလိုအဝေးကိုပြေးထွက်
သစ်ရွက်ကြွေတွေကိုနှုတ်ဆက်နေ။
စပ်ခါးပူလောင်
အာခေါင်မှတစ်ဆင့်
ရင်ထဲကမီးစတစ်ချောင်း
(အိုး…..)
လောကပူဟာမပြောင်းလဲသေးပါကလား။
ပလက်ဖောင်းပေါ်က
ပြောင်းလဲသေးတဲ့..အာရုံသိ
မစွဲငြိသေးခင်မှာ
အချစ်မဲ့..လစ်ဟာသွားခဲ့ရင်မှာ
နှလုံးသားထက်ခြမ်းပဲ့ခဲ့။
ရီဝေမူးရစ်အသစ်သစ်ရင်ခုန်သံများကို
မကြားသလိုနေ
ပြောင်းလဲခြင်းတွေ
လျှစ်လျှူရှု…အနာဂါတ်ကိုအံတုဖို့
မတ်လဟာ…………
တစ်ခါပြန်ရောက်
ရင်ခုန်သံတွေလမ်းလျှောက်မြန်နေ
အဲဒါ…………
ဒဂုန်တာရာရဲ့နွေ
သောမတ်ဟာဒီရဲ့နွေ
အားလက်မြို့ကလေးရဲ့နွေ
နေဝန်းနီရဲ့နွေ
ငါလေ……….
ဆေးလိပ်ပြာတွေကိုချွေချမပစ်ရက်ပါဘူး
အတွေးစတွေကိုလည်း…….
ခြေမွမပြစ်ရက်ခဲ့ပါဘူးလေ။ ။

နေဝန်းနီ

Leave a Reply

Your email address will not be published.