အရေးကြီးသတင်းပါ

cobraOctober 22, 20101min02
ရဲရွာဆည် ကို မနေ့က spillway ကနေ ရေ လွှတ်တာ အခု အိ လိုက် လာပြီ။ မီတာ ၂၈ဝ ရှိတဲ့ ရေထုဖိအားနဲ့ ကြိုးသွားနိုင်တဲ့အခြေအနေရှိတယ်။
သူ့အောက်မှာ ကြွက်နဖား။ စဉ့်ကိုင်၊ အမရပူရ၊ အင်းဝ၊ မန္တလေးပါ။
ဟိုကလူတွေသိရင်လဲ အချိန်မှီ ရှောင်လို့ရနိုင်အောင်
ဟိုကောင်တွေက တော့သတင်းထုတ်ပြန်မှာမဟုတ်ဘူး
နီးစပ်ရာ အသိပေးလို့ရအောင်ပါ……
online ပေါ်ကသူငယ်ချင်းတယောက်ပြောတာပါ..။

2 comments

  • tunaung

    October 22, 2010 at 9:47 am

    [click to see large image]

    04B GIRI တစ်နာရီမိုင်(၈၀)ကျော်တိုက်ခတ်နိုင်သည့် Category II ရှိ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ်ဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းကို စတင်ဖြတ်ကျော်နေပြီဖြစ်။

    ဒီကနေ့မနက်ကဖြစ်နေခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး ဒီနေ့ည(၉)နာရီခွဲအချိန်မှာ မုန်တိုင်းမျက်စိပေါ်တဲ့အဆင့်ရှိတဲ့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်နေပါတယ်။ လေတိုက်နှုန်းတစ်နာရီ (၇၅)မိုင် အထိရှိနိုင်ပါတယ်။ အန္တရာယ်ကြီးတဲ့ အဆင့်ရောက်နေပါပြီ။ လေသာမက အထူးသဖြင့် ရေတက်ပါတော့မယ်။ အခုမုန်တိုင်းကို မနက်ဖန် (၂၂-၁၀-၂၀၁၀)ရက်နေ့ နေ့ခင်းပိုင်းကစပြီး သတိထားရပါ့မယ်။ ညနေ(၃)နာရီလောက်စပြီး ဆိုးလာနိုင်ပါတယ်။ ဖြတ်မယ်လို့ခန့်မှန်းးတဲ့နေရာက ကောျက်ဖြူမြို့အနီးက ဖြစ်ပါ့မယ်။(အမြဲ Update လုပ်ပါ့မယ်။)

    ရေက မုန်တိုင်းဖြတ်မယ့်နေရာ(ဆိုပါစို့ လောလောဆယ် ကျောက်ဖြူပေါ့ဗျာ)ရဲ့ အောက်ဖက် (မုန်တို်င်းလမ်းကြောင်းကို မျက်နှာမူရင် ညာဖက်ခြမ်း)မှာ ရေတွေတက်ပါ့မယ်။ မုန်တို်င်းဖြတ်တဲံ နေရာရဲ့အောက် မိုင်(၂၀-၃၀)အတွင်း အဆိုးဆုံးဖြစ်ပါ့မယ်။ လက်ရှိလေတိုက်နှုန်း တစ်နာရီ(၇၅)မိုင် နဲဆိုရင် (၅)ပေမှ (၆)ပေ လောက်အများဆုံးပါဘဲ။ ရေက လေတိုက်နှုန်း မိုင်(၁၀၀)ကျော်မှ အလွန်ဆိုးတာ ဖြစ်ပါတယ်။ နောက်ပြီး ရခိုင်ကကမ်းရိုးတန်း ရေနက်တော့ မြစ်ဝကျွန်းပေါ် လောက်ရေအတက် မကြမ်းပါဘူး။ သတိရှိပါ။ ကြိုတင်ပြင်ဆင်ပါ။ ကမ်းပေါ်တွင်နေထိုင်ပါ။ ခိုင်ခံသောအဆောက်အဦတွင်ခိုလှုံပါ။ ၂၂-၁၀-၂၀၁ဝ နံနပ်ပိုင်းကစပြီး မုန်တိုင်စက်ကွက်းထဲရောက်ပါလိမ့်မယ်။ လေစတိုက်မယ်။ အပြင်းဆုံးလေက ဗစိုချက်နားရှိတာမို့ ဒီလေကိုတော့ နေ့ခင်းပိုင်းလောက်မှ ကြုံနိုင်ပါလိမ့်မယ်။ လှိုင်းကြီးနို်င်တာကြောင့် ရေထဲကိုတော့ ရှောင်စေချင်ပါတယ်။ မုန်တို်င်းဒီရေတက်တာ နည်းနိုင်ပါတယ်။

    တစ်နာရီ(၇၅)မိုင်နှုန်းတိုက်တဲ့လေဟာ ရေပြင်၊မြေပြင်တွေအပေါ်မှာ ဘယ်လောက်အထိ ပျက်စီးစေနိုင်တယ် ဆိုတာကို မှန်းဆနို်င်ဖို့ Web Page တစ်ခုတင်ထားပေါးပါတယ်။

    တစ်နာရီလေတိုက်နှုန်း(၇၅)မိုင်ဆိုတာ လှိုင်းကြီးနိုင်တယ်၊ အဆောက်အဦတွေပျက်စီးနိုင်တယ်၊ သစ်ပင်တွေဓါတ်တိုင်တွေ ပြိုလဲနိုင်ပါတယ်။ အကောင်းဆုံး အကြံဉာဏ်အနေနဲ့ (၁) ပင်လယ်ထဲကိုရှောင်ပါ။ (၂) မုန်တိုုင်းဒီရေဆိုးဆိုးဝါးဝါးမရှိနိုင်လို့ ကမ်းပေါ်မှာနေရင် လုံခြုံနိုင်ပါတယ်။ (၃) ခိုင်ခံ့တဲ့ အဆောက်အဦ တွေမှာ ခိုလှုံနေထိုင်ပါ။
    ၂၂-၁၀-၂၀၁ဝ မနက်ကတည်းက မုန်တို်င်းရဲ့ စက်ကွင်းဖြတ်နေပြီမို့ လေတွေမိုးတွေစပါလိမ့်မယ်။ ဒါပေမယ့် ဗဟိုချက်က ပင်လယ်ထဲမှာဘဲရှိပါလိမ့်မယ်။ တစ်နာရီ (၇၅-၈၀)မိုင်လေတိုက်နှုန်းကလည်း အဲဒီဗဟိုချက်ဖြတ်မှာတိုက်မှာပါ။ နေ့လည်လောက်ဆိုရင် စမယ်လို့မှန်းပါတယ်။ ညနေ(၆)နာရီခွဲလောက် ဆိုရင် ကုန်းထဲရောက်သွားပါပြီ။ အဲ.. ကုန်းထဲရောက်ပြီးနောက်ထပ်တစ်ရက်လောက် (၂၃-၁၀-၂၀၁၀)ညနေအထိ ရှိနေဦးမှာမို့ ကုန်းတွင်းပိုင်းဒေသတွေ (မကွေးတိုင်း၊ စစ်ကို်င်းတိုင်း၊ မန္တလေးတိုင်း)မှာ မိုးတော့ရွာဦးမယ်လို့ ခန့်မှန်းကြောင်းပါဗျာ။

    MCCW
    Updated on 22-10-2010 at 06:00 MST)

    Reply

  • naywoonni

    October 22, 2010 at 4:57 pm

    ကျေးဇူးပါပဲဗျို့
    ကျွန်တော်ဖော်ဝှတ်ယူသွားတယ်နော်

    Reply

Leave a Reply

Your email address will not be published.