သပိတ်မှောက် ပူဖောင်းများ လွှတ်တင်

blackloverOctober 22, 20101min02

ရွေးကောက်ပွဲ သပိတ်မှောက်ရေး စာရွက်ပါ မိုးပျံပူဖောင်းများ ယနေ့နံနက်တွင် ရန်ကုန်တိုင်း ၅ မြို့နယ်၌ ၎င်းတို့ လွှတ်တင်ခဲ့ကြောင်း တက်ကြွလှုပ်ရှားသူ လူငယ်တစုက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် “သံဃာကို သတ်၊ တိုင်းပြည်ဖျက်မယ့် စစ်အာဏာရှင်စနစ် ရွေးကောက်ပွဲကို သပိတ်မှောက်ကြ၊ ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမပေးကြနဲ့” ဟု စာတမ်းပါ စာရွက်များကို လေပူဖောင်းများနှင့်အတူ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာပ၊ ရွှေပြည်သာနှင့် လှိုင်မြို့နယ်၌ နံနက် ၆ နာရီတွင် လွှတ်တင်ခဲ့ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“ကျနော်တို့က စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို လက်မခံလို့ သပိတ်မှောက်ပါတယ်။ ပြည်သူတွေ ဘာ့လို့ မဲမပေးသင့်လဲဆိုတာ သိစေချင်လို့ပါ” ဟု လှိုင်မြို့နယ်မှ တက်ကြွသူ လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

မိုးပျံပူပေါင်း ကို  ကြိုးနှင့်ချည်ကာ လွှတ်တင်စေပြီးမှ စာရွက်များ အောက်သို့ ကျဲဖြန့်ရန် စီစဉ်ခဲ့ကြသည်။

“စာရွက်တွေကို ၁ဝ မိနစ် ကြာရင် အလိုလို ပြုတ်ကျသွားအောင် လုပ်ထားပါတယ်။ ဆီးမီးတိုင်ကို မီးညှိပြီး ကြိုးနဲ့ ချည်ပြီး တင်လိုက်တာ။ အဲဒီကြိုး မီးကုန်တာနဲ့ စာရွက်တွေက ပြုတ်ကျသွားအောင်ပါ” ဟု တက်ကြွလူငယ်က ပြောသည်။

credit@မဇ္ဈိမ

2 comments

  • timothy

    October 22, 2010 at 4:46 pm

    သိပ်ကောင်းတဲ့လုပ်ဆောင်ချက်ဖြစ်လို့လက်ခုပ်တီးပြီးအားပေးကြပါ။ ဒီလိုနိုင်ငံအတွက်ကိုယ်ကျိုးစွံ့လုပ်ေ်ပးတဲ့သူရဲကောင်းတွေများမှ ပြီးတော့အချောင်ခိုအ်ခွင့်အရေးသမားများနည်းမှ တိုင်းပြည်အမြန်လွတ်လပ်ရေးရမယ်။

    Reply

  • narziparty2009

    October 22, 2010 at 5:02 pm

    ကောင်းလိုက်တဲ.သတင်းပါဗျာ။ အားပေးပါတယ်ဆက်လုပ်ပါ။

    Reply

Leave a Reply

Your email address will not be published.