b600 လေးတွေကိုသနားပါ။

ospreyOctober 15, 20101min03

ရန်ကုန်ကအကြောင်းလေးတွေ ပြောပရစေ။ အထူးသဖြင့် b600 လေးတွေပါ။ သူတို့လေးတွေဟာ ကားလမ်းလေးတွေပေါ်မှာ မျက်နာငယ်ရပါတယ်။ တွေ့သမျှကားတွေက အည ာအတာမရှိ ကျှော် တက်လို့ပေါ့။ ကားချင်းတူရင်တောင် နိမ်ခံရတဲ့ ကားလေး တမျိုးပါပဲ။ ကားပိုင်ရှင်တွေလဲ / ကားမောင်းသမားတွေလဲ ကားချင်းလဲမဟုတ်ဘူး။ လူချင်းလဲ အနိမ် ခံနေရပါတယ်။ ရန်ကုန်မှာ အဲဒီကားလေးတွေဟာ ပြောင်းလဲလိုက်တဲ့ ဆီထုတ် ဝေမူ့ ပုံစံ မှာ နယ်ဘက်တွေ ရဲ့ ဆီ လိုအပ်မူ့ အပေါ် ဖြည့်ဆည်းပေးနေထယ်ဆိုရင်မမှားပါဘူး။ ကားပိုင်ပေမဲ့ ငွေ တစ်သိန်း မပိုင်ပါဘူး။ ကား ၂ စီးပေါင်းမှ တစ်သိန်းကျော် ငွေ ရှိတဲ့ သူတွေပါ။သူတို့တွေဟာရန်ကုန် တစ်မြို့လုံး ဆီ ပတ်ထုတ် ပြီး မိသားစု ဝမ်းရေးကို ဖြေရှင်းနေကြတဲ့သူတွေ ဆိုရင် မမှားပါဘူး။ မန်နေဂျာ/ပန့်ကိုင် တွေရဲ့ မျက်နာတွေကို ကြည့်ပြီး ကိုယ့်ပိုက်ဆံနဲ့ကို ဆီတုတ်နေရတဲ့ ဘဝ လေးတွေပါ။ သူများကားတွေ တစ်စီးကို ၆ ဂါလံ ၇ရင် ၂ဂါလံ ပဲရတဲ့ ကားလေးတွေပါ။ ရတဲ့ ဆီကိုတာကို ရောင်းပြီး အချိန်မတန် အိမ်ပြန် မျက်နာလှဖို့ လူပ်ရှားရုန်ကန်နျေတဲ့ ကားလေးတွေပါ။ပျက်ရင်လဲ ပြင်ဆင်စရိတ် ဈေးကြီးပါတယ်။ ကားလေးတွေရဲ့ သက်တမ်းက မနည်းတော့ဘူးလေ။ကားတန်ဖိုးကလဲ ၁ဝသိ်န်း လောက်ပဲရှိပါတယ်။ ဆိုက်ကား မှ ဈေးကြီးပါသေးတယ်။ ဒါကြောင့် လမ်းတွေပေါ်မှာ လေးဘီး(b600) ကိူ တွေ့ရင် ဆီဆိုင် တွေမှာ လေးဘီးလေးတွေ ဆီလာထူတ်ရင်(ဂျာကြီး/ဂျာလေးါ်ါ်/ပန့်ကိုင် တို့ကိုပြောတာနော်) စာနာပါလို့။
ရန်ကုန်ကတကယ့် ပုံပြင် ပါပဲ။ချစ်စရာ လေးဘီး

3 comments

  • ဆူး

    October 15, 2010 at 12:47 pm

    ငယ်ငယ် တုန်းကတော့ လေးဘီး ဆိုတာ တော်တော် ခေတ်စားတာ.. အဲဒီ ကားလောက် စီးနိုင်ရင် ဆရာကြီးဘဲ.. သူက ကီလို ၄ဝ ထက် သိပ်ပိုမမောင်းနိုင်တော့ အမြန်မောင်းတဲ့ ကားတွေ က ကျော်တာပေါ့.. သူက အရှေ့ပိတ်နေလို့ပါ.. အခုတော့ လေးဘီးတွေကို ဈေးတွေမှာ ကုန်ပို့ လုပ်ငန်း လုပ်နေတာ တွေ့ပါတယ်။

    Reply

  • alien on the planet earth

    October 15, 2010 at 3:34 pm

    ရန်ကုန်မှာတော့သီရိမင်္ဂံလာဈေးမှာကုန်တင်ကုန်ချအလုပ်ဖြစ်တာတွေ့ပါတယ်။ မန္တလေးမှတော့ လေးဘီးဌားပြီးလျောက်လည်ဘူးပါတယ်။ အထူးသဖြင့်နိုင်ငံခြားသားတွေအကြိုက်ဌါးစီးကြတာပေါ့။ ေဩာ်…လောကဓမတာအသစ်အသစ်တွေပေါ်လာတော့လဲအဟောင်းကောင်းခဲ့တာကိုမေ့ကြပြီပေါ့လေ

    Reply

  • kai

    October 15, 2010 at 11:33 pm

    600 ဆိုတာက အင်ဂျင်ထဲက ပစ်စတင်အရွယ်ပေါ့။ 600cc။
    ရှေးက အစိုးရအရာရှိကြိးတွေပဲ စီးရတဲ့ မြန်မာပြည်ဖြစ်ကားတွေပါ။
    Mazda 929, 929L, 323, E2000. T2000 တွေကျန်သေးတယ်..။ ဘယ်များရောက်နေကြသလဲ..။

    ဂျပန်မာဇဒါကုမ်မဏီလည်း.. အမေရိကန် ဖို့ဒ်အောက်ရောက်ပြီး…မျိုးကန်းခဲ့တာ ကြာပေါ့..။

    Reply

Leave a Reply

Your email address will not be published.